အိုဇေးလ်လိုပဲ တူရကီမှာ ဘဝသစ်ပြန်လည်စတင်တော့မယ့် ဒရင့်ဝါးတား

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းကွင်းလယ်လူ ဒရင့်ဝါးတားဟာ တူရကီကလပ် ကာဆင်ပါဆာအသင်းကို ယခုရာသီကုန်အထိရှိမယ့် ၆လအငှားစာချုပ်နဲ့ ရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။


အင်္ဂလန်လက်ရွေးစင်ဟောင်း ဒရင့်ဝါးတားဟာ ၂၀၁၇ နွေရာသီက လက်စတာအသင်းကနေ ချဲလ်ဆီးကို ပေါင် ၃၅ သန်းနဲ့ ရောက်ရှိလာခဲ့ပေမယ့် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရပြီး ယခုချိန်အထိ ချဲလ်ဆီးအတွက် စုစုပေါင်း ၂၃ပွဲပဲ ကစားခွင့်ရခဲ့ပါတယ်။


လက်စတာအသင်းနဲ့အတူ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ ဒရင့်ဝါးတားဟာ ၂၀၁၈ ကွန်မြူနတီဒိုင်းပွဲအဖြစ် စီးတီးနဲ့ကစားခဲ့ပြီးနောက်ပိုင်း ချဲလ်ဆီးအသင်းအတွက် ပွဲကစားခွင့်မရခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ဘက်တွေဖြစ်တဲ့ ဘန်လေနဲ့ အက်စတွန်ဗီလာအသင်းတွေမှာ အငှားကစားခဲ့ပါတယ်။


အသက် ၃၀ အရွယ်ရှိ ဒရင့်ဝါးတားဟာ ချဲလ်ဆီးအသင်းရဲ့ ယူ-၂၃ အသင်းနဲ့အတူ လေ့ကျင့်ခန်းဆင်းခဲ့ပြီး ဒီဇင်ဘာလအတွင်း စပါးနဲ့ကစားခဲ့တဲ့ အရန်အသင်းပွဲမှာလည်း အနီကတ်ပြသခံခဲ့ရပါတယ်။

တခြားသတင်းတစ်ရပ်အရ အေစီမီလန်အသင်းဟာ ချဲလ်ဆီးနောက်ခံလူ တိုမိုရီကို အငှားနဲ့ ခေါ်ယူဖို့ နီးစပ်နေပြီး အငှားသက်တမ်းကုန်ဆုံးချိန်မှာ ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့်ရမယ့်အချက်လည်း ထည့်သွင်းချုပ်ဆိုဖွယ်ရှိနေကြောင်း သိရပါတယ်။


အေစီမီလန်ဟာ ခံစစ်ပိုင်းအတွက် အသက် ၂၃ နှစ်အရွယ်ရှိ တိုမိုရီနဲ့အတူ စထရာဘော့နောက်ခံလူ မိုဟာမက်ဆီမာကန်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားခဲ့ပေမယ့် ဆီမာကန်က ဒဏ်ရာပြဿနာကြောင့် ၂လလောက် အနားယူရမှာဖြစ်လို့ တိုမိုရီကိုပဲ ခေါ်ယူဖို့ ကြိုးစားနေတာပါ။


တိုရီမိုဟာ ချဲလ်ဆီးလူငယ်စီမံကိန်းကနေ ထွက်ပေါ်လာသူဖြစ်ပေမယ့် ၂၀၁၆ မေလက အသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရပြီးချိန်ကတည်းက အသင်းအတွက် စုစုပေါင်း ၂၇ပွဲပဲ ကစားခွင့်ရထားပါတယ်။
သူဟာ အရင်တုန်းက ဘရိုက်တန်၊ ဟားလ်စီးတီးနဲ့ ဒါဘီအသင်းတွေမှာ အငှားကစားခဲ့ဖူးပြီး ယခုအခါ စီးရီးအေချန်ပီယံမျှော်လင့်ချက်ရှိနေတဲ့ အေစီမီလန်ကို ရောက်တော့မှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi
အိုေဇးလ္လုိပဲ တူရကီမွာ ဘ၀သစ္ျပန္လည္စတင္ေတာ့မယ့္ ဒရင့္၀ါးတား

ခ်ဲလ္ဆီးအသင္းကြင္းလယ္လူ ဒရင့္၀ါးတားဟာ တူရကီကလပ္ ကာဆင္ပါဆာအသင္းကို ယခုရာသီကုန္အထိရွိမယ့္ ၆လအငွားစာခ်ဳပ္နဲ႔ ေရာက္ရွိသြားခဲ့ၿပီျဖစ္ပါတယ္။
အဂၤလန္လက္ေရြးစင္ေဟာင္း ဒရင့္၀ါးတားဟာ ၂၀၁၇ ေႏြရာသီက လက္စတာအသင္းကေန ခ်ဲလ္ဆီးကို ေပါင္ ၃၅ သန္းနဲ႔ ေရာက္ရွိလာခဲ့ေပမယ့္ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရၿပီး ယခုခ်ိန္အထိ ခ်ဲလ္ဆီးအတြက္ စုစုေပါင္း ၂၃ပြဲပဲ ကစားခြင့္ရခဲ့ပါတယ္။
လက္စတာအသင္းနဲ႔အတူ ပရီးမီးယားလိဂ္ခ်န္ပီယံျဖစ္ခဲ့တဲ့ ဒရင့္၀ါးတားဟာ ၂၀၁၈ ကြန္ျမဴနတီဒိုင္းပဲြအျဖစ္ စီးတီးနဲ႔ကစားခဲ့ၿပီးေနာက္ပိုင္း ခ်ဲလ္ဆီးအသင္းအတြက္ ပြဲကစားခြင့္မရခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြျဖစ္တဲ့ ဘန္ေလနဲ႔ အက္စတြန္ဗီလာအသင္းေတြမွာ အငွားကစားခဲ့ပါတယ္။
အသက္ ၃၀ အရြယ္ရွိ ဒရင့္၀ါးတားဟာ ခ်ဲလ္ဆီးအသင္းရဲ႕ ယူ-၂၃ အသင္းနဲ႔အတူ ေလ့က်င့္ခန္းဆင္းခဲ့ၿပီး ဒီဇင္ဘာလအတြင္း စပါးနဲ႔ကစားခဲ့တဲ့ အရန္အသင္းပြဲမွာလည္း အနီကတ္ျပသခံခဲ့ရပါတယ္။
တျခားသတင္းတစ္ရပ္အရ ေအစီမီလန္အသင္းဟာ ခ်ဲလ္ဆီးေနာက္ခံလူ တိုမုိရီကို အငွားနဲ႔ ေခၚယူဖုိ႔ နီးစပ္ေနၿပီး အငွားသက္တမ္းကုန္ဆုံးခ်ိန္မွာ ေပါင္ ၂၅ သန္းနဲ႔ အၿပီးသတ္ေခၚယူခြင့္ရမယ့္အခ်က္လည္း ထည့္သြင္းခ်ဳပ္ဆိုဖြယ္ရွိေနေၾကာင္း သိရပါတယ္။

ေအစီမီလန္ဟာ ခံစစ္ပုိင္းအတြက္ အသက္ ၂၃ ႏွစ္အရြယ္ရွိ တုိမိုရီနဲ႔အတူ စထရာေဘာ့ေနာက္ခံလူ မုိဟာမက္ဆီမာကန္ကုိလည္း ေခၚယူဖုိ႔ ပစ္မွတ္ထားခဲ့ေပမယ့္ ဆီမာကန္က ဒဏ္ရာျပႆနာေၾကာင့္ ၂လေလာက္ အနားယူရမွာျဖစ္လုိ႔ တိုမိုရီကုိပဲ ေခၚယူဖုိ႔ ႀကိဳးစားေနတာပါ။
တိုရီမုိဟာ ခ်ဲလ္ဆီးလူငယ္စီမံကိန္းကေန ထြက္ေပၚလာသူျဖစ္ေပမယ့္ ၂၀၁၆ ေမလက အသင္းႀကီးအတြက္ စတင္ပြဲထြက္ခြင့္ရၿပီးခ်ိန္ကတည္းက အသင္းအတြက္ စုစုေပါင္း ၂၇ပြဲပဲ ကစားခြင့္ရထားပါတယ္။
သူဟာ အရင္တုန္းက ဘ႐ိုက္တန္၊ ဟားလ္စီးတီးနဲ႔ ဒါဘီအသင္းေတြမွာ အငွားကစားခဲ့ဖူးၿပီး ယခုအခါ စီးရီးေအခ်န္ပီယံေမွ်ာ္လင့္ခ်က္ရွိေနတဲ့ ေအစီမီလန္ကို ေရာက္ေတာ့မွာျဖစ္ပါတယ္။