အိုဇေးလ် နှင့် အာဆင်နယ်တို့ရဲ့ နောက်ဆုံးအခြေအနေ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မီဆု အိုဇေးဟာ ယခုလအတွင်း အာဆင်နယ်အသင်းကနေ ပြောင်းရွေ့ဖို့ အလားအလာကောင်းနေပါတယ်။ အာဆင်နယ် ကွင်းလယ် ကစားသမားဟာ ပြီးခဲ့တဲ့ မတ်လကတည်းက အာတီတာ လက်အောက်မှာ ပွဲကစားခွင့် ရရှိထားခြင်းမရှိပဲ သူ့ရဲ့ တစ်ပတ်လုပ်ခ လစာပေါင် ( ၃၅၀, ၀၀၀ ) တန် စာချုပ်က ဇွန်လမှာ ကုန်ဆုံးဖို့ ရှိနေတဲ့အတွက် ယခုနှစ်အတွင်း အီမရိတ်ကွင်းကို စွန့်ခွာရဖို့ ရှိနေပါတယ်။

သတင်းတွေအရ အသက် ( ၃၂ ) နှစ် အရွယ် ကစားသမားကို တူရကီကလပ် ဖီနာဘာချီ နှင့် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

The Sun သတင်းစာရဲ့ အဆိုအရ အိုဇေးအနေနဲ့ အာဆင်နယ်အသင်းက ( ၂၀၂၃ ) နွေရာသီထိ တစ်ပတ်လုပ်ခ ပေါင် ( ၆၈ ၀၀၀ ) ပေးချေမှသာလျှင် စာချုပ်ဖျက်သိမ်းမယ်လို့ သိရပါတယ်။ တူရကီနိုင်ငံမှ သတင်းတွေအရတော့ ဖီနာဘာချီအသင်း နှင့် အိုဇေးတို့ဟာ သူ့ရဲ့ ကျန်ရှိနေတဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အိုဇေးလ်ဟာ လက်ရှိအနေအထားအရ အာဆင်နယ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးချိန်ထိ လုပ်ခလစာ ပေါင် ( ၇.၂ ) ထိ ထပ်မံရရှိဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။ အာဆင်နယ် နည်းပြ အာတီတာကတော့ မကြာခင် အဖြေရှာနိုင်ဖို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

” လာမယ့် ရက်တွေအတွင်းမှာ ဆုံးဖြတ်ချက် ချရပါမယ်။ ဘာတွေ ဆက်ဖြစ်မလဲဆိုတာ မသိသေးပါဘူး။ လက်ရှိမှာတော့ သူဟာ အခြားအသင်းတွေနဲ့ လွတ်လပ်စွာဆွေးနွေးခွင့် ရှိနေပါတယ်။ ” ” မကြာမီ ကျွန်တော်တို့ ကလပ်အတွင်းမှာ ကစားသမား ၊ အေးဂျင့်တွေနဲ့အတူ အကောင်းဆုံး အဖြေတစ်ခု ရှာဖွေရပါမယ်။ ” အိုဇေးဟာ ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလက ရီးရဲမက်ဒရစ်အသင်းကနေ ပြောင်းရွေ့ကြေး ပေါင် ( ၄၂.၅ ) သန်းနဲ့ အာဆင်နယ်အသင်းကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

အသက် ( ၃၂ ) နှစ်အရွယ် ကစားသမားဟာ အာဆင်နယ်အတွက် အက်ဖ်အေဖလား အောင်မြင်မှုတွေ ရရှိအောင် စွမ်းဆောင်ပေးခဲ့ပြီး မြောက်လန်ဒန် အသင်းနဲ့ ပြိုင်ပွဲစုံ ( ၂၅၄ ) ပွဲ ကစားခဲ့ရာ ( ၄၄ ) ဂိုး သွင်းယူခဲ့ပြီး ( ၇၇ ) ကြိမ် ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အာဆင္နယ္ ကြင္းလယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ မတ္လကတည္းက အာတီတာ လက္ေအာက္မွာ ပြဲကစားခြင့္ ရရွိထားျခင္းမရွိပဲ သူ႔ရဲ႕ တစ္ပတ္လုပ္ခ လစာေပါင္ ( ၃၅၀, ၀၀၀ ) တန္ စာခ်ဳပ္က ဇြန္လမွာ ကုန္ဆုံးဖို႔ ရွိေနတဲ့အတြက္ ယခုႏွစ္အတြင္း အီမရိတ္ကြင္းကို စြန႔္ခြာရဖို႔ ရွိေနပါတယ္။ သတင္းေတြအရ အသက္ ( ၃၂ ) ႏွစ္ အ႐ြယ္ ကစားသမားကို တူရကီကလပ္ ဖီနာဘာခ်ီ ႏွင့္ ေမဂ်ာလိဂ္ကလပ္ ဒီစီယူႏိုက္တက္တို႔က ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။

The Sun သတင္းစာရဲ႕ အဆိုအရ အိုေဇးအေနနဲ႔ အာဆင္နယ္အသင္းက ( ၂၀၂၃ ) ေႏြရာသီထိ တစ္ပတ္လုပ္ခ ေပါင္ ( ၆၈ ၀၀၀ ) ေပးေခ်မွသာလွ်င္ စာခ်ဳပ္ဖ်က္သိမ္းမယ္လို႔ သိရပါတယ္။ တူရကီႏိုင္ငံမွ သတင္းေတြအရေတာ့ ဖီနာဘာခ်ီအသင္း ႏွင့္ အိုေဇးတို႔ဟာ သူ႔ရဲ႕ က်န္ရွိေနတဲ့ လုပ္ခလစာနဲ႔ ပတ္သက္ၿပီး ေဆြးေႏြးမႈေတြ လုပ္ေဆာင္ေနတယ္လို႔ သိရပါတယ္။ အိုေဇးလ္ဟာ လက္ရွိအေနအထားအရ အာဆင္နယ္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးခ်ိန္ထိ လုပ္ခလစာ ေပါင္ ( ၇.၂ ) ထိ ထပ္မံရရွိဖို႔ က်န္ရွိေနတာ ျဖစ္ပါတယ္။ အာဆင္နယ္ နည္းျပ အာတီတာကေတာ့ မၾကာခင္ အေျဖရွာႏိုင္ဖို႔ ေမွ်ာ္လင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

” လာမယ့္ ရက္ေတြအတြင္းမွာ ဆုံးျဖတ္ခ်က္ ခ်ရပါမယ္။ ဘာေတြ ဆက္ျဖစ္မလဲဆိုတာ မသိေသးပါဘူး။ လက္ရွိမွာေတာ့ သူဟာ အျခားအသင္းေတြနဲ႔ လြတ္လပ္စြာေဆြးေႏြးခြင့္ ရွိေနပါတယ္။ ” ” မၾကာမီ ကြၽန္ေတာ္တို႔ ကလပ္အတြင္းမွာ ကစားသမား ၊ ေအးဂ်င့္ေတြနဲ႔အတူ အေကာင္းဆုံး အေျဖတစ္ခု ရွာေဖြရပါမယ္။ ” အိုေဇးဟာ ၂၀၁၃ ခုႏွစ္ ၊ စက္တင္ဘာလက ရီးရဲမက္ဒရစ္အသင္းကေန ေျပာင္းေ႐ြ႕ေၾကး ေပါင္ ( ၄၂.၅ ) သန္းနဲ႔ အာဆင္နယ္အသင္းကို ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။ အသက္ ( ၃၂ ) ႏွစ္အ႐ြယ္ ကစားသမားဟာ အာဆင္နယ္အတြက္ အက္ဖ္ေအဖလား ေအာင္ျမင္မႈေတြ ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ၿပီး ေျမာက္လန္ဒန္ အသင္းနဲ႔ ၿပိဳင္ပြဲစုံ ( ၂၅၄ ) ပြဲ ကစားခဲ့ရာ ( ၄၄ ) ဂိုး သြင္းယူခဲ့ၿပီး ( ၇၇ ) ႀကိမ္ ဖန္တီးေပးထားႏိုင္ခဲ့ပါတယ္။ Source : Daily Mail