အိုဒီဂတ်ကို ရီးရဲလ်မက်ဒရစ်အသင်းထံကနေ အငှားနဲ့ခေါ်ယူနိုင်ခဲ့ကြောင်း အာဆင်နယ်အတည်ပြုကြေညာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

အာဆင်နယ်အသင်းဟာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်လူ မာတင်အိုဒီဂတ်ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူနိုင်ခဲ့ကြောင့် အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

နော်ဝေသားဟာ ပြီးခဲတဲ့ရာသီက ဆိုစီဒက်အသင်းမှာ အငှားကစားပြီးနောက် ရီးရဲလ်အသင်းကိုပြန်လည်ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

အာတီတာကိုယ်တိုင်ကလည်း ဇန်နဝါရီအပြောင်းအရွှေ့မှာ ကစားသမားသစ်ခေါ်ယူသွားမယ်လို့ အတည်ပြုထားခဲ့တာဖြစ်ပါတယ်။

စပိန်သားဟာ ကိုလာစီနက်စ် ၊ ဆာလီဘာ ၊ ဆိုကရေးတစ် နဲ့ အိုဇေးလ်တို့ကိုအသင်းကနေ ထွက်ခွာခွင့်ပြုခဲ့ပါတယ်။

“မာတင်ကို ရာသီကုန်အထိ အငှားနဲ့ခေါ်ယူနိုင်လိုက်တာက အရမ်းကောင်းပါတယ်။ သူကအရည်အချင်းရှိတဲ့လူငယ်ကစားသမားတစ်ဦးပါ။ သူ့အကြောင်း ဆိုစီဒက်မှာကတည်းက သိပြီးသားပါ။ မာတင်က ကျွန်တော်တို့ကိုအများကြီးအထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။“မာတင်ကိုရာသီကုန်အထိ အငှားနဲ့ခေါ်ယူနိုင်လိုက်လို့ အရမ်းဝမ်းသာပါတယ်။

အဲ့အတွက် ရီးရဲလ်တာဝန်ရှိသူတွေနဲ့ မာတင်ရဲ့ကိုယ်စားလှယ်တွေကို ကျေးဇူးတင်ချင်ပါတယ်။သူတို့ပူးပေါင်းလို့ အခုလိုအပြောင်းအရွှေ့က လျင်လျင်မြန်မြန်ဖြစ်လာခဲ့တာပါ။ မာတင်က အရည်အချင်းပြည့်ဝတဲ့လူငယ်ကစားသမားပါ။ သူရောက်လာတာက အသင်းကိုပိုပြီးအင်အားတောင့်တင်းလာစေတော့မှာပါ”လို့ အီဒူးက ပြောကြားခဲ့ပါတယ်။

အိုဒီဂတ်ရောက်လာတာကြောင့် အာတီတာအတွက် ကွင်းလယ်ပိုင်းမှာ ရွေးချယ်စရာပိုမိုများပြားလာတော့မှာဖြစ်ပါတယ်။ နွေရာသီက ခေါ်ယူခဲ့တဲ့ ဝီလျံကတော့ အာဆင်နယ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး ပီပီကလည်း ဝီလျံနည်းတူ ရုန်းကန်နေရတာဖြစ်ပါတယ်။

အာတီတာဟာ နောဝစ်ချ်ကွင်းလယ်လူ ဘွန်ဒီယာကို ပစ်မှတ်ထားခဲ့ပေမယ့် အာဂျင်တီးနားသားက နောဝစ်ချ်မှာပဲဆက်နေဖို့ ရွေးချယ်ခဲ့ပါတယ်။

အာဆင်နယ်ဟာ ရီးရဲလ်ကနေ ဆီဘယ်လော့စ်ကိုအငှားနဲ့ခေါ်ယူထားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာလည်း အိုဒီဂတ်ကိုခေါ်ယူခဲ့တာဖြစ်ပါတယ်။ “မာတင်ဘာတွေဖြစ်နေလဲ ကျွန်တော်တိတိကျကျမသိပါဘူး။ ဒါပေမဲ့ ဘယ်ကစားသမားမဆို ရီးရဲလ်မှာအောင်မြင်ချင်ပါတယ်။

ဒါပေမဲ့ သူပွဲထွက်ခွင့်မရတာကြောင့် စိတ်ပျက်နေတယ်လို့ နားလည်ပါတယ်”လို့ အာတီတာက ပြောကြားခဲ့ပါတယ်။ အိုဒီဂတ်ဟာ အာဆင်နယ်မှာကျောနံပါတ် ၁၁ ကို ဝတ်ဆင်ကစားမှာဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အိုဒီဂတ္ကို ရီးရဲလ္မက္ဒရစ္အသင္းထံကေန အငွားနဲ႔ေခၚယူႏုိင္ခဲ့ေၾကာင္း အာဆင္နယ္အတည္ျပဳေၾကညာ

အာဆင္နယ္အသင္းဟာ ရီးရဲလ္မက္ဒရစ္ကြင္းလယ္လူ မာတင္အုိဒီဂတ္ကို ရာသီကုန္အထိ အငွားနဲ႔ေခၚယူႏုိင္ခဲ့ေၾကာင့္ အတည္ျပဳထုတ္ျပန္လိုက္ပါတယ္။ ေနာ္ေ၀သားဟာ ျပီးခဲတဲ့ရာသီက ဆိုစီဒက္အသင္းမွာ အငွားကစားျပီးေနာက္ ရီးရဲလ္အသင္းကိုျပန္လည္ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ အာတီတာကိုယ္တိုင္ကလည္း ဇန္န၀ါရီအေျပာင္းအေရႊ႕မွာ ကစားသမားသစ္ေခၚယူသြားမယ္လို႔ အတည္ျပဳထားခဲ့တာျဖစ္ပါတယ္။ စပိန္သားဟာ ကိုလာစီနက္စ္ ၊ ဆာလီဘာ ၊ ဆုိကေရးတစ္ နဲ႔ အုိေဇးလ္တို႔ကိုအသင္းကေန ထြက္ခြာခြင့္ျပဳခဲ့ပါတယ္။

“မာတင္ကုိ ရာသီကုန္အထိ အငွားနဲ႔ေခၚယူႏိုင္လိုက္တာက အရမ္းေကာင္းပါတယ္။ သူကအရည္အခ်င္းရွိတဲ့လူငယ္ကစားသမားတစ္ဦးပါ။ သူ႕အေၾကာင္း ဆိုစီဒက္မွာကတည္းက သိျပီးသားပါ။ မာတင္က ကြ်န္ေတာ္တို႔ကိုအမ်ားၾကီးအေထာက္အကူျပဳႏိုင္မယ္လို႔ ထင္ပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ “မာတင္ကိုရာသီကုန္အထိ အငွားနဲ႔ေခၚယူႏိုင္လိုက္လို႔ အရမ္း၀မ္းသာပါတယ္။ အဲ့အတြက္ ရီးရဲလ္တာ၀န္ရွိသူေတြနဲ႔ မာတင္ရဲ႕ကိုယ္စားလွယ္ေတြကို ေက်းဇူးတင္ခ်င္ပါတယ္။သူတို႔ပူးေပါင္းလို႔ အခုလိုအေျပာင္းအေရႊ႕က လ်င္လ်င္ျမန္ျမန္ျဖစ္လာခဲ့တာပါ။ မာတင္က အရည္အခ်င္းျပည့္၀တဲ့လူငယ္ကစားသမားပါ။ သူေရာက္လာတာက အသင္းကိုပိုျပီးအင္အားေတာင့္တင္းလာေစေတာ့မွာပါ”လို႔ အီဒူးက ေျပာၾကားခဲ့ပါတယ္။

အိုဒီဂတ္ေရာက္လာတာေၾကာင့္ အာတီတာအတြက္ ကြင္းလယ္ပိုင္းမွာ ေရြးခ်ယ္စရာပိုမိုမ်ားျပားလာေတာ့မွာျဖစ္ပါတယ္။ ေႏြရာသီက ေခၚယူခဲ့တဲ့ ၀ီလ်ံကေတာ့ အာဆင္နယ္မွာ အထိုင္က်ဖို႔ ရုန္းကန္ေနရျပီး ပီပီကလည္း ၀ီလ်ံနည္းတူ ရုန္းကန္ေနရတာျဖစ္ပါတယ္။ အာတီတာဟာ ေနာ၀စ္ခ်္ကြင္းလယ္လူ ဘြန္ဒီယာကို ပစ္မွတ္ထားခဲ့ေပမယ့္ အာဂ်င္တီးနားသားက ေနာ၀စ္ခ်္မွာပဲဆက္ေနဖို႔ ေရြးခ်ယ္ခဲ့ပါတယ္။ အာဆင္နယ္ဟာ ရီးရဲလ္ကေန ဆီဘယ္ေလာ့စ္ကိုအငွားနဲ႔ေခၚယူထားခဲ့တာျဖစ္ျပီး လက္ရွိအခ်ိန္မွာလည္း အိုဒီဂတ္ကိုေခၚယူခဲ့တာျဖစ္ပါတယ္။

“မာတင္ဘာေတြျဖစ္ေနလဲ ကြ်န္ေတာ္တိတိက်က်မသိပါဘူး။ ဒါေပမဲ့ ဘယ္ကစားသမားမဆို ရီးရဲလ္မွာေအာင္ျမင္ခ်င္ပါတယ္။ ဒါေပမဲ့ သူပြဲထြက္ခြင့္မရတာေၾကာင့္ စိတ္ပ်က္ေနတယ္လို႔ နားလည္ပါတယ္”လို႔ အာတီတာက ေျပာၾကားခဲ့ပါတယ္။ အိုဒီဂတ္ဟာ အာဆင္နယ္မွာေက်ာနံပါတ္ ၁၁ ကို ၀တ္ဆင္ကစားမွာျဖစ္ပါတယ္။