အိုဒီဂတ်ဟာ ဒင်းနစ်ဆွာရက်ဇ်လိုမျိုး ဖြစ်လာနိုင်တယ်လို့ အာဆင်နယ်အသင်း သတိပေးခံရ
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
အာဆင်နယ်အသင်းရဲ့ဂန္တဝင်တိုက်စစ်မှူးဟောင်း အလန်မာတင်စမစ် က အာဆင်နယ်အနေနဲ့ အိုဒီဂတ်ကို သေချာမကင်းထောက်ခဲ့ရင် ဒင်းနစ်ဆွာရက်ဇ်လိုမျိုးဖြစ်လာနိုင်တယ်လို့ သတိပေးပြောကြားလိုက်ပါတယ်။
အာဆင်နယ်ဟာ အိုဒီဂတ်ကို ရီးရဲလ်အသင်းထံကနေ အငှားခေါ်ယူနိုင်ဖို့ အနီးစပ်ဆုံးအနေအထားရောက်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ အလန်စမစ်က အာဆင်နယ်အနေနဲ့ အိုဒီဂတ်ကို သေချာမလေ့လာခဲ့ရင် ဆွာရက်ဇ်လိုမျိုးအဆုံးသတ်လာနိုင်တယ်လို့ ဆိုခဲ့ပါတယ်။“အခြားရွေးချယ်စရာတစ်ခုခုရှိရင်တော့ ကောင်းပါတယ်။ သူ့မှာရီးရဲလ်အသင်းမှာကတည်းက ပြဿနာအချို့ရှိနေပါတယ်။
ဒင်းနစ်ရောက်လာတုန်းကဆို ကြံ့ခိုင်မှုအပိုင်းအဆင်သင့်မဖြစ်သေးတာကြောင့် ဒဏ်ရာတွေနဲ့ပဲ ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ အိုဒီဂတ်ခေါ်ယူရာမှာတော့ သူတို့အိမ်စာကောင်းကောင်းလုပ်ထားလိမ့်မယ်လို့ မျှော်လင့်ပါတယ်”လို့ စမစ်က ပြောကြားခဲ့ပါတယ်။
ဆွာရက်ဇ်ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီက ဘာစီလိုနာက အာဆင်နယ်ကိုရောက်လာခဲ့ပေမယ့် ဒဏ်ရာတွေနဲ့သာ ရုန်းကန်ခဲ့ရကာ အဆုံးသတ်မှာတော့ ဘာစီလိုနာကို ပြန်ခဲ့ရပါတယ်။“သူ(အိုဒီဂတ်)က လူငယ်ခြေတက်ကစားသမားတစ်ဦးပါ။
သူ့မှာအရည်အချင်းကောင်းတွေရှိနေပါတယ်။ အမြင်လည်းစူးရှပါတယ်။ စမစ်ရိုကော သူကောက အဲရစ်ဆင်နဲ့ ဆင်တူပါတယ်။ အာဆင်နယ်မှာ အိုဒီဂတ်တစ်ခုခုတော့ လုပ်ပြနိုင်လိမ့်မယ်ထင်ပါတယ်”လို့ စမစ်က ပြောကြားခဲ့ပါတယ်။
အာဆင်နယ်ဟာ ယခင်တုန်းက ရီးရဲလ်ကနေ ဆီဘယ်လော့စ်ကို အငှားနဲ့ ခေါ်ယူထားခဲ့သေးတာဖြစ်ပါတယ်။ “ဆီဘယ်လော့စ်ကိုခေါ်ယူထားခဲ့တာကြောင့် အိုဒီဂတ်က အာဆင်နယ်ကိုရောက်လာတာပါ။ ဆီဘယ်လော့စ်ရဲ့တိုက်တွန်းမှုလည်း ပါကောင်းပါနိုင်ပါတယ်”လို့ စမစ်က ထပ်လောင်းပြောကြားခဲ့ပါတယ်။
M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ
Zawgyi