
ဒီဗေ့ခ်အိုရီဂီဟာစူပါစကေးဖြင့်ဂိုးသွင်းပြီးလီဗာပူးကိုခါရာဘောင်ဖလား
ကွာတားဖိုင်နယ်သို့ပို့ဆောင်ပေးခဲ့ပါတယ်။ လီဗာပူးဟာမနေ့ညတုန်းက
ပရက်စတန်နှင့်ခါရာဘောင်ဖလားပွဲစဉ်တွင်၂-ဝဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
လီဗာပူးအတွက်ဦးဆောင်ဂိုးကိုမီနာမီနိုကသွင်းယူခဲ့ပြီးဒုတိယဂိုးကို
အိုရီဂီကသွင်းယူခဲ့တာဖြစ်ပါတယ်။အိုရီဂီဟာပွဲချိန်၈၄မိနစ်မှာ
နောက်ပေါက်ဖြင့်လှပစွာဒုတိယဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။
ယင်းဂိုးဟာအိုရီဂီအတွက်ခါရာဘောင်ဖလားပွဲ၁၅ပွဲမှာ၁၁ဂိုးမြောက်ဂိုးလည်းဖြစ်ပါတယ်။
လီဗာပူးဟာပရက်စတန်နှင့်ပွဲတွင်ပရက်စတန်နှင့်ပွဲတွင်လည်း၂ဂိုးသွင်းနိုင်ခဲ့မှုနဲ့အတူ
ပြိုင်ပွဲအရပ်ရပ်နောက်ဆုံး၁၄ပွဲတွင်ရဂိုး၄၃ဂိုးအထိရရှိထားပြီဖြစ်ပါတယ်။
ယင်းမှသွင်းဂိုး၃၂ဂိုးကအဝေးကွင်းပွဲ၉ပွဲမှာသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
zawgyi