
အိုလီ ရေ… ဒီနေ့ကတော့ မင်းကို သဘောကျတဲ့ လူတော်တော်များများအတွက်
ဝမ်းနည်းစရာ နေ့တစ်နေ့ပါပဲ၊ မင်းက ဒီအင်တာဗျူးဖြေပြီးနှုတ်ဆက်ဖို့ ရွေးချယ်ခဲ့တယ်နော်…
“ဒီကလပ်က ကျွန်တော့်အတွက် ဘယ်လိုအဓိပ္ပာယ်ရှိလဲ…?၊
ဒီမှာ ကျွန်တော် ဘာကို လိုချင်ခဲ့လဲဆိုတာ အားလုံးသိကြပါတယ်။
ကလပ်အတွက်၊ ပရိသတ်တွေအတွက်၊ ကစားသမားတွေအတွက်၊
ဝန်ထမ်းတွေအတွက် လိဂ်ပြိုင်ပွဲကို စိန်ခေါ်ဖို့၊ ဆုဖလားတွေရဖို့
ကျွန်တော်တို့ နောက်တစ်ဆင့်ကို မြှင့်တင်ဖို့လိုအပ်နေပြီလို့ထင်ပါတယ်။
မေးခွန်တွေ အားလုံးကိုတော့ မဖြေချင်တော့ဘူး… သတင်းထောက်တွေဆီက
မေးခွန်းတွေ ဆက်တိုက်မေးနေမယ့် အင်တာဗျူးတွေကိုတော့ မဖြေချင်တော့ဘူး။
ကျွန်တော်က အသင်းရဲ့ အရှေ့တံခါးကနေပဲ ထွက်ခွာမှာပါ (သိက္ခာရှိတဲ့ ထွက်ခွာခြင်းမျိုး)။
ဒီကလပ်အတွက်ငါအရာအားလုံးကိုပေးပြီလူတိုင်းသိတယ်ထင်လို့။
ဒီကလပ်က ကျွန်တော့်အပေါ်နားလည်မှုတွေအများကြီးပေးခဲ့ပြီး
ကျွန်တော်တို့ အတူတူ အလုပ်တွေ လုပ်ခဲ့ကြပေမဲ့
ကံမကောင်းစွာနဲ့ပဲ လိုအပ်နေတဲ့ ရလဒ်တွေကို မရရှိခဲ့လို့ အခုအချိန်က
ကျွန်တော် ထွက်ခွာရမယ့်အချိန်ရောက်ပြီလို့ပြောရမှာပေါ့။”
ခင်ဗျား အသင်းမှာ တာဝန်ယူခဲ့တာ သုံးနှစ်နီးပါးရှိခဲ့ပြီး။ လုပ်ဆောင်ခဲ့တာတွေနဲ့
ပတ်သက်လို့ ပြန်ကြည့်တဲ့အခါ ဂုဏ်ယူခဲ့မိလားဗျ…?
“အရမ်းကို ဂုဏ်ယူပါတယ်။ ဒါဟာ ကျွန်တော်ဘဝမှာ မက်ခဲ့တဲ့
အရာတွေထဲက တစ်ခုပါ။ ကျွန်တော် ဒီအသင်းမှာ ကစားသမားဘဝကနေ
နည်းပြဘဝကို ကူးခဲ့ချိန်ကတည်းက တစ်ခုတည်းသောအိပ်မက်က တစ်ချိန်မှာ
ဒီကလပ်အသင်းကို နည်းပြအနေနဲ့ စီမံခန့်ခွဲချင်ခဲ့တာပါ။ ဒီအိပ်မက်ကို ကျွန်တော် ရခဲ့ပြီပါပြီ။
ပထမဆုံးအနေနဲ့ အခွင့်အရေးပေးခဲ့တဲ့ ဘုတ်အဖွဲ့နဲ့ ပိုင်ရှင်တွေကို
ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။
ကလပ်ကိုရှေ့ဆက်ဖို့ ယုံကြည်ခြင်းခံရလို့ အရမ်းဂုဏ်ယူမိပြီး
ကျွန်တော်ရောက်လာတုန်းကထက် ပိုကောင်းတဲ့အခြေအနေမှာ
ထားခဲ့နိုင်တဲ့အတွက် တကယ်ပဲ ဂုဏ်ယူမိပါတယ်။
ဒီအသင်းဟာ သူငယ်ချင်းကောင်းတွေနဲ့ ဖွဲ့ထားတယ် မိုက်(ဖီလန်)၊
မိုက်ကယ်(ကာရစ်)၊ကီရန်(မက်ခ်ကီနာ) တို့နဲ့အတူ လက်တွဲခဲ့တဲ့ အချိန်တွေက
ပြန်တွေးရင်း ဂုဏ်ယူနိုင်တဲ့ အရာတစ်ခုပါ။”
အခုကြည့်ပြီး တိုးတက်မှုကို မြင်နိုင်ပြီလို့ ပြောနိုင်ပြီလားဗျ…
“အင်း၊ အင်တာဗျူးတွေမှာ အကြိမ်များစွာ ပြောဖူးသလိုပဲ၊
ကျွန်တော့်ကို ထောက်ခံမှုတွေပေးခဲ့တာတွေအများရှိခဲ့တယ်
ဘုတ်အဖွဲ့နဲ့ ပိုင်ရှင်တွေက ကျွန်တော့်ကို ထောက်ပံပေးခဲ့ကြသလို
ကစားသမားကောင်းတွေ ခေါ်ယူပေးခဲ့ကြတယ်။
ကျွန်တော်လည်း ဒီကလပ်ကို စရောက်ခဲ့တဲ့နှစ်တွေကထက်
ပိုကောင်းတဲ့အသင်းအနေနဲ့ ထားခဲ့နိုင်တာကြောင့် ထွက်ခွာရချိန်မှာလည်း ဂုဏ်ယူမိပါတယ်။
ကျွန်တော် မိုလ်ဒီအသင်းကနေ 2 ကြိမ် ထွက်ခွာပြီးချိန်မှာလည်း
သူတို့ဟာ တစ်နှစ်ပြီးတစ်နှစ် လိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့သလို
ဒီအသင်းမှာလည်း ရှိနေတဲ့သူတွေက ဘယ်သူပဲ ဖြစ်ဖြစ် အားလုံးကို
အကောင်းဆုံး ဖြစ်အောင် လုပ်နိုင်မှာပါ။ ဒါက မျှော်လင့်ခြင်းပါပဲ။”
ဒီသုံးနှစ်မှာ အမှတ်ရစရာတွေအကြောင်း တွေးနေမိသေးလား…?
ကျွန်တော်က ကိန်းဂဏန်းတွေမှတ်တာမှာ ကောင်းကောင်းမတော်ပေမယ့်
ကျွန်တော်တို့အသင်းက အဝေးကွင်းရှုံးပွဲမရှိ စံချိန်တင်နိုင်ခဲ့တာကို မှတ်မိတယ်။
မားကပ်စ် (ရက်ရှ်ဖို့ဒ်) ရဲ့ လျှင်မြန်တဲ့ အပြေးနှုန်းနဲ့ ဂိုးသွင်းယူခဲ့တဲ့ကိုလည်း
သတိရမိတယ်။ ဘယ်နှစ်ကပွဲမှာ အနိုင်ရခဲ့တယ်ဆိုတာ မသိပေမယ့်
သူ့ရဲ့သွင်းဂိုးကိုလည်း ကျွန်တော် သဘောကျမိခဲ့ပါတယ်။
ပါရီမှာ ခြေစွမ်းပြခဲ့တာကလည်း အမှတ်တရပဲနော်…
“ဟုတ်တယ် အဲ့သည့်ညက ယူနိုက်တက်ကစားသမားလေးတွေဟာ
တကယ့်သမိုင်းဝင် ဖြစ်ရပ်ကို တွေ့ကြုံခံစားခဲ့ရတဲ့ ပထမဆုံးည ဖြစ်ကောင်းဖြစ်နိုင်တယ်။
ကျွန်တော်တို့ အသင်းက စိတ်ဓာတ်ကျနေတာကြောင့်
ကစားသမားကောင်းတွေရှိနေတဲ့အသင်းကို ရင်ဆိုင်ဖို့ အခွင့်အရေးမရှိဘူးလို့
လူတိုင်းက ထင်နေကြပေမယ့်သူတို့က ယူနိုက်တက်ရဲ့လွယ်လွယ်
အလျှော့မပေးတဲ့စရိုက်နဲ့ ခြေစွမ်းကို ပြသခဲ့ကြတယ်။
အဲဒီဖျော်ဖြေမှုကို ကျွန်တော် အမြဲမှတ်မိနေမှာပါ။ ကျွန်တော့်မှာ
အရမ်းကောင်းတဲ့ ဓာတ်ပုံတစ်ပုံရှိတယ်ဗျ ဆာအဲလက်စ် [ဖာဂူဆန်] ၊
အဲရစ် [ကန်တိုနာ] တို့နဲ့အတူ ကျွန်တော်တို့ အောင်ပွဲခံနေတဲ့ပုံပေါ့၊
အဲ့သည့်ပွဲအပြီး အဝတ်လဲခန်းထဲက ဗီဒီယိုအချို့လည်း ကျွန်တော့်မှာ
ရှိပါသေးတယ်။ ဒါတွေက ကောင်းမွန်တဲ့ အမှတ်တရတွေပေါ့”
ပြီးတော့ ယူနိုက်တက်ရဲ့အကယ်ဒမီနဲ့ပတ်သက်ပြီး
ခင်ဗျား နည်းပြခဲ့တဲ့အချိန်မှာ အကယ်ဒမီဆိုတာ ရှင်းရှင်းလင်းလင်း
ပြန်လည်ရှင်သန်နေပြီထင်တယ်…
“ဒါက မန်ချက်စတာယူနိုက်တက်ရဲ့ DNA ထဲကပါ။ အခု အကယ်ဒမီမှာ
နစ် ကောခ် က တာဝန်ယူထားပြီး မကြာခင်နှစ်တွေမှာ အကယ်ဒမီက
ကစားသားတွေကို အသင်းကြီးမှာ တွေ့ရမှာပါ။
ဒမ့်စ် [မက်ခ် ဒမ့်ဆေး] ကလည်း ဒီအစီအစဉ်မှာ ထဲထဲဝင်ဝင် ပါဝင်နေပါတယ်။
အိုလီ…အခု ဘာဆက်လုပ်မလဲ…?
“ကျွန်တော် မိသားစုနဲ့ အချိန်ဖြုန်းမယ်။ ကပ်ရောဂါကိုဖြတ်ကျော်ပြီး
နော်ဝေးမှာကပုံမှန်လို ပြန်ဖြစ်နေလို့ကျွန်တော့် မိသားစုက နော်ဝေကိုပြန်ပြောင်းနေတယ်။
သူတို့နဲ့ ခွဲပြီးနေခဲ့ရတာကြောင့် ကျွန်တော် သူတို့နဲ့ အချိန် ပေးမယ်။
အဲဒီကနေ ကျွန်တော် အသင်းကို စောင့်ကြည့်ဖြစ်နေမယ်၊
နောက်မန်နေဂျာတစ်ယောက်ရောက်လာရင် သူ့ကို အားပေးဖြစ်နေမှာပါ။
သူ့ကို အသင်းမှာ အောင်မြင်စေချင်တယ်၊ ကျွန်တော် အသင်းအတွက်
လိုအပ်တဲ့ အရင်းအမြစ်တွေကို ကောင်းကောင်းလုပ်ခဲ့ပြီးပြီး မျှော်လင့်ပါတယ်။
တစ်ချိန်မှာတော့ ဘောလုံးလောကထဲကို ကျွန်တော် ပြန်လာ ဖြစ်နိုင်ချေ ရှိပါတယ်။”
ဒါဆို အသင်းရဲ့ အဝေးက ပရိတ်သတ်တစ်ယောက်ဖြစ်မှာလား…
“ကျွန်တော်က ပရိသတ်တစ်ဦးဖြစ်ပြီး ကစားသမားတွေအားလုံး
အကောင်းဆုံးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ ဒီမှာ အရမ်းကောင်းတဲ့
ကစားသမားတွေရှိသလို အရည်အချင်းရှိတဲ့ လူကောင်းတွေလည်း ရှိပါတယ်။ ”
ဗီလာရီးယဲလ်နဲ့ ယှဉ်ပြိုင်ရမယ့် နောက်ထပ်ပွဲကြီးတစ်ပွဲမတိုင်ခင်
ကစားသမားတွေကို ဘာပြောချင်လဲ… “ဒီမနက် ကျွန်တော်သူတို့ကို ပြောခဲ့သလိုပဲ
ကျွန်တော် တို့က ဒီထက် ပိုကောင်းတယ်ဆိုတာ သိကြတယ်။
ပြီးခဲ့တဲ့ပွဲမှာ ကျွန်တော် တို့ အဲဒါကို မပြနိုင်ခဲ့ပေမယ့် ချန်ပီယံလိဂ်မှာ
ယူနိုက်တက် ကစားသမားတွေ အနေနဲ့နိုင်ပွဲကိုရယူကြရမှာပါ။
ဒီပွဲကိုနိုင်ရင် ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်ကို တက်ပါပြီ။
မိုက်ကယ် [ကာရစ်] က အဲ့သည့်ပွဲကိုတာဝန်ယူပါလိမ့်မယ်။
မိုက်ကယ်က ကျွန်တော် လေးစားရပြီး အရည်အချင်းပြည့်တဲ့သူ
တစ်ယောက်ပါ။ သူတို့ အဆင်ပြေသွားမှာပါ။ ကျွန်တော်လည်း
သူတို့ကို စောင့်ကြည့်ပြီး ပံ့ပိုးနေအုံးမှာပါ။” အင်တာဗျူးအစီအစဉ်အပြီးမှာ
ကာရင်တန်ကနေ နောက်ဆုံးအကြိမ်အဖြစ်ထွက်ခွာမသွားခင်မှာ လမ်းကနေ
သူ့ကို နှုတ်ဆက်ဖို့ စောင့်ဆိုင်းနေကြတဲ့
ပရိသတ်တစ်ချို့ကိုလည်း ကားရပ်ပြီး ရင်းရင်းနှီးနှီးနှုတ်ဆက်သွားခဲ့ပါတယ်။
ပရိသတ်တွေကိုလည်း သူက “ယူနိုက်တက်နည်းပြဖြစ်ရတာ ဂုဏ်ယူဖို့ကောင်းတယ်” ဆိုပြီး
ပရိသတ်တွေကိုပြောဆိုကာနှုတ်ဆက်သွားခဲ့ပါတယ်။
အိုးထရက်ဖို့ဒ်က ခင်ဗျား ကို အမြဲကြိုဆိုနေမှာပါ…အိုလီ…
zawgyi
အိုလီ…အခု ဘာဆက္လုပ္မလဲ…?
အိုလီ ေရ… ဒီေန႔ကေတာ့ မင္းကို သေဘာက်တဲ့ လူေတာ္ေတာ္မ်ားမ်ားအတြက္
ဝမ္းနည္းစရာ ေန႔တစ္ေန႔ပါပဲ၊ မင္းက ဒီအင္တာဗ်ဴးေျဖၿပီးႏႈတ္ဆက္ဖို႔ ေ႐ြးခ်ယ္ခဲ့တယ္ေနာ္…
“ဒီကလပ္က ကြၽန္ေတာ့္အတြက္ ဘယ္လိုအဓိပၸာယ္ရွိလဲ…?၊
ဒီမွာ ကြၽန္ေတာ္ ဘာကို လိုခ်င္ခဲ့လဲဆိုတာ အားလုံးသိၾကပါတယ္။
ကလပ္အတြက္၊ ပရိသတ္ေတြအတြက္၊ ကစားသမားေတြအတြက္၊
ဝန္ထမ္းေတြအတြက္ လိဂ္ၿပိဳင္ပြဲကို စိန္ေခၚဖို႔၊ ဆုဖလားေတြရဖို႔
ကြၽန္ေတာ္တို႔ ေနာက္တစ္ဆင့္ကို ျမႇင့္တင္ဖို႔လိုအပ္ေနၿပီလို႔ထင္ပါတယ္။
ေမးခြန္ေတြ အားလုံးကိုေတာ့ မေျဖခ်င္ေတာ့ဘူး… သတင္းေထာက္ေတြဆီက
ေမးခြန္းေတြ ဆက္တိုက္ေမးေနမယ့္ အင္တာဗ်ဴးေတြကိုေတာ့ မေျဖခ်င္ေတာ့ဘူး။
ကြၽန္ေတာ္က အသင္းရဲ႕ အေရွ႕တံခါးကေနပဲ ထြက္ခြာမွာပါ (သိကၡာရွိတဲ့ ထြက္ခြာျခင္းမ်ိဳး)။
ဒီကလပ္အတြက္ငါအရာအားလုံးကိုေပးၿပီလူတိုင္းသိတယ္ထင္လို႔။
ဒီကလပ္က ကြၽန္ေတာ့္အေပၚနားလည္မႈေတြအမ်ားႀကီးေပးခဲ့ၿပီး
ကြၽန္ေတာ္တို႔ အတူတူ အလုပ္ေတြ လုပ္ခဲ့ၾကေပမဲ့
ကံမေကာင္းစြာနဲ႔ပဲ လိုအပ္ေနတဲ့ ရလဒ္ေတြကို မရရွိခဲ့လို႔ အခုအခ်ိန္က
ကြၽန္ေတာ္ ထြက္ခြာရမယ့္အခ်ိန္ေရာက္ၿပီလို႔ေျပာရမွာေပါ့။”
ခင္ဗ်ား အသင္းမွာ တာဝန္ယူခဲ့တာ သုံးႏွစ္နီးပါးရွိခဲ့ၿပီး။ လုပ္ေဆာင္ခဲ့တာေတြနဲ႔
ပတ္သက္လို႔ ျပန္ၾကည့္တဲ့အခါ ဂုဏ္ယူခဲ့မိလားဗ်…?
“အရမ္းကို ဂုဏ္ယူပါတယ္။ ဒါဟာ ကြၽန္ေတာ္ဘဝမွာ မက္ခဲ့တဲ့
အရာေတြထဲက တစ္ခုပါ။ ကြၽန္ေတာ္ ဒီအသင္းမွာ ကစားသမားဘဝကေန
နည္းျပဘဝကို ကူးခဲ့ခ်ိန္ကတည္းက တစ္ခုတည္းေသာအိပ္မက္က တစ္ခ်ိန္မွာ
ဒီကလပ္အသင္းကို နည္းျပအေနနဲ႔ စီမံခန႔္ခြဲခ်င္ခဲ့တာပါ။ ဒီအိပ္မက္ကို ကြၽန္ေတာ္ ရခဲ့ၿပီပါၿပီ။
ပထမဆုံးအေနနဲ႔ အခြင့္အေရးေပးခဲ့တဲ့ ဘုတ္အဖြဲ႕နဲ႔ ပိုင္ရွင္ေတြကို
ေက်းဇူးတင္ေၾကာင္း ေျပာလိုပါတယ္။
ကလပ္ကိုေရွ႕ဆက္ဖို႔ ယုံၾကည္ျခင္းခံရလို႔ အရမ္းဂုဏ္ယူမိၿပီး
ကြၽန္ေတာ္ေရာက္လာတုန္းကထက္ ပိုေကာင္းတဲ့အေျခအေနမွာ
ထားခဲ့ႏိုင္တဲ့အတြက္ တကယ္ပဲ ဂုဏ္ယူမိပါတယ္။
ဒီအသင္းဟာ သူငယ္ခ်င္းေကာင္းေတြနဲ႔ ဖြဲ႕ထားတယ္ မိုက္(ဖီလန္)၊
မိုက္ကယ္(ကာရစ္)၊ကီရန္(မက္ခ္ကီနာ) တို႔နဲ႔အတူ လက္တြဲခဲ့တဲ့ အခ်ိန္ေတြက
ျပန္ေတြးရင္း ဂုဏ္ယူႏိုင္တဲ့ အရာတစ္ခုပါ။”
အခုၾကည့္ၿပီး တိုးတက္မႈကို ျမင္ႏိုင္ၿပီလို႔ ေျပာႏိုင္ၿပီလားဗ်…
“အင္း၊ အင္တာဗ်ဴးေတြမွာ အႀကိမ္မ်ားစြာ ေျပာဖူးသလိုပဲ၊
ကြၽန္ေတာ့္ကို ေထာက္ခံမႈေတြေပးခဲ့တာေတြအမ်ားရွိခဲ့တယ္
ဘုတ္အဖြဲ႕နဲ႔ ပိုင္ရွင္ေတြက ကြၽန္ေတာ့္ကို ေထာက္ပံေပးခဲ့ၾကသလို
ကစားသမားေကာင္းေတြ ေခၚယူေပးခဲ့ၾကတယ္။
ကြၽန္ေတာ္လည္း ဒီကလပ္ကို စေရာက္ခဲ့တဲ့ႏွစ္ေတြကထက္
ပိုေကာင္းတဲ့အသင္းအေနနဲ႔ ထားခဲ့ႏိုင္တာေၾကာင့္ ထြက္ခြာရခ်ိန္မွာလည္း ဂုဏ္ယူမိပါတယ္။
ကြၽန္ေတာ္ မိုလ္ဒီအသင္းကေန 2 ႀကိမ္ ထြက္ခြာၿပီးခ်ိန္မွာလည္း
သူတို႔ဟာ တစ္ႏွစ္ၿပီးတစ္ႏွစ္ လိဂ္ဖလားကို ဆြတ္ခူးႏိုင္ခဲ့သလို
ဒီအသင္းမွာလည္း ရွိေနတဲ့သူေတြက ဘယ္သူပဲ ျဖစ္ျဖစ္ အားလုံးကို
အေကာင္းဆုံး ျဖစ္ေအာင္ လုပ္ႏိုင္မွာပါ။ ဒါက ေမွ်ာ္လင့္ျခင္းပါပဲ။”
ဒီသုံးႏွစ္မွာ အမွတ္ရစရာေတြအေၾကာင္း ေတြးေနမိေသးလား…?
ကြၽန္ေတာ္က ကိန္းဂဏန္းေတြမွတ္တာမွာ ေကာင္းေကာင္းမေတာ္ေပမယ့္
ကြၽန္ေတာ္တို႔အသင္းက အေဝးကြင္းရႈံးပြဲမရွိ စံခ်ိန္တင္ႏိုင္ခဲ့တာကို မွတ္မိတယ္။
မားကပ္စ္ (ရက္ရွ္ဖို႔ဒ္) ရဲ႕ လွ်င္ျမန္တဲ့ အေျပးႏႈန္းနဲ႔ ဂိုးသြင္းယူခဲ့တဲ့ကိုလည္း
သတိရမိတယ္။ ဘယ္ႏွစ္ကပြဲမွာ အႏိုင္ရခဲ့တယ္ဆိုတာ မသိေပမယ့္
သူ႔ရဲ႕သြင္းဂိုးကိုလည္း ကြၽန္ေတာ္ သေဘာက်မိခဲ့ပါတယ္။
ပါရီမွာ ေျခစြမ္းျပခဲ့တာကလည္း အမွတ္တရပဲေနာ္…
“ဟုတ္တယ္ အဲ့သည့္ညက ယူႏိုက္တက္ကစားသမားေလးေတြဟာ
တကယ့္သမိုင္းဝင္ ျဖစ္ရပ္ကို ေတြ႕ႀကဳံခံစားခဲ့ရတဲ့ ပထမဆုံးည ျဖစ္ေကာင္းျဖစ္ႏိုင္တယ္။
ကြၽန္ေတာ္တို႔ အသင္းက စိတ္ဓာတ္က်ေနတာေၾကာင့္
ကစားသမားေကာင္းေတြရွိေနတဲ့အသင္းကို ရင္ဆိုင္ဖို႔ အခြင့္အေရးမရွိဘူးလို႔
လူတိုင္းက ထင္ေနၾကေပမယ့္သူတို႔က ယူႏိုက္တက္ရဲ႕လြယ္လြယ္
အေလွ်ာ့မေပးတဲ့စ႐ိုက္နဲ႔ ေျခစြမ္းကို ျပသခဲ့ၾကတယ္။
အဲဒီေဖ်ာ္ေျဖမႈကို ကြၽန္ေတာ္ အၿမဲမွတ္မိေနမွာပါ။ ကြၽန္ေတာ့္မွာ
အရမ္းေကာင္းတဲ့ ဓာတ္ပုံတစ္ပုံရွိတယ္ဗ် ဆာအဲလက္စ္ [ဖာဂူဆန္] ၊
အဲရစ္ [ကန္တိုနာ] တို႔နဲ႔အတူ ကြၽန္ေတာ္တို႔ ေအာင္ပြဲခံေနတဲ့ပုံေပါ့၊
အဲ့သည့္ပြဲအၿပီး အဝတ္လဲခန္းထဲက ဗီဒီယိုအခ်ိဳ႕လည္း ကြၽန္ေတာ့္မွာ
ရွိပါေသးတယ္။ ဒါေတြက ေကာင္းမြန္တဲ့ အမွတ္တရေတြေပါ့”
ၿပီးေတာ့ ယူႏိုက္တက္ရဲ႕အကယ္ဒမီနဲ႔ပတ္သက္ၿပီး
ခင္ဗ်ား နည္းျပခဲ့တဲ့အခ်ိန္မွာ အကယ္ဒမီဆိုတာ ရွင္းရွင္းလင္းလင္း
ျပန္လည္ရွင္သန္ေနၿပီထင္တယ္…
“ဒါက မန္ခ်က္စတာယူႏိုက္တက္ရဲ႕ DNA ထဲကပါ။ အခု အကယ္ဒမီမွာ
နစ္ ေကာခ္ က တာဝန္ယူထားၿပီး မၾကာခင္ႏွစ္ေတြမွာ အကယ္ဒမီက
ကစားသားေတြကို အသင္းႀကီးမွာ ေတြ႕ရမွာပါ။
ဒမ့္စ္ [မက္ခ္ ဒမ့္ေဆး] ကလည္း ဒီအစီအစဥ္မွာ ထဲထဲဝင္ဝင္ ပါဝင္ေနပါတယ္။
အိုလီ…အခု ဘာဆက္လုပ္မလဲ…?
“ကြၽန္ေတာ္ မိသားစုနဲ႔ အခ်ိန္ျဖဳန္းမယ္။ ကပ္ေရာဂါကိုျဖတ္ေက်ာ္ၿပီး
ေနာ္ေဝးမွာကပုံမွန္လို ျပန္ျဖစ္ေနလို႔ကြၽန္ေတာ့္ မိသားစုက ေနာ္ေဝကိုျပန္ေျပာင္းေနတယ္။
သူတို႔နဲ႔ ခြဲၿပီးေနခဲ့ရတာေၾကာင့္ ကြၽန္ေတာ္ သူတို႔နဲ႔ အခ်ိန္ ေပးမယ္။
အဲဒီကေန ကြၽန္ေတာ္ အသင္းကို ေစာင့္ၾကည့္ျဖစ္ေနမယ္၊
ေနာက္မန္ေနဂ်ာတစ္ေယာက္ေရာက္လာရင္ သူ႔ကို အားေပးျဖစ္ေနမွာပါ။
သူ႔ကို အသင္းမွာ ေအာင္ျမင္ေစခ်င္တယ္၊ ကြၽန္ေတာ္ အသင္းအတြက္
လိုအပ္တဲ့ အရင္းအျမစ္ေတြကို ေကာင္းေကာင္းလုပ္ခဲ့ၿပီးၿပီး ေမွ်ာ္လင့္ပါတယ္။
တစ္ခ်ိန္မွာေတာ့ ေဘာလုံးေလာကထဲကို ကြၽန္ေတာ္ ျပန္လာ ျဖစ္ႏိုင္ေခ် ရွိပါတယ္။”
ဒါဆို အသင္းရဲ႕ အေဝးက ပရိတ္သတ္တစ္ေယာက္ျဖစ္မွာလား…
“ကြၽန္ေတာ္က ပရိသတ္တစ္ဦးျဖစ္ၿပီး ကစားသမားေတြအားလုံး
အေကာင္းဆုံးျဖစ္ပါေစလို႔ ဆုေတာင္းပါတယ္။ ဒီမွာ အရမ္းေကာင္းတဲ့
ကစားသမားေတြရွိသလို အရည္အခ်င္းရွိတဲ့ လူေကာင္းေတြလည္း ရွိပါတယ္။ ”
ဗီလာရီးယဲလ္နဲ႔ ယွဥ္ၿပိဳင္ရမယ့္ ေနာက္ထပ္ပြဲႀကီးတစ္ပြဲမတိုင္ခင္
ကစားသမားေတြကို ဘာေျပာခ်င္လဲ… “ဒီမနက္ ကြၽန္ေတာ္သူတို႔ကို ေျပာခဲ့သလိုပဲ
ကြၽန္ေတာ္ တို႔က ဒီထက္ ပိုေကာင္းတယ္ဆိုတာ သိၾကတယ္။
ၿပီးခဲ့တဲ့ပြဲမွာ ကြၽန္ေတာ္ တို႔ အဲဒါကို မျပႏိုင္ခဲ့ေပမယ့္ ခ်န္ပီယံလိဂ္မွာ
ယူႏိုက္တက္ ကစားသမားေတြ အေနနဲ႔ႏိုင္ပြဲကိုရယူၾကရမွာပါ။
ဒီပြဲကိုႏိုင္ရင္ ခ်န္ပီယံလိဂ္မွာ ေနာက္တစ္ဆင့္ကို တက္ပါၿပီ။
မိုက္ကယ္ [ကာရစ္] က အဲ့သည့္ပြဲကိုတာဝန္ယူပါလိမ့္မယ္။
မိုက္ကယ္က ကြၽန္ေတာ္ ေလးစားရၿပီး အရည္အခ်င္းျပည့္တဲ့သူ
တစ္ေယာက္ပါ။ သူတို႔ အဆင္ေျပသြားမွာပါ။ ကြၽန္ေတာ္လည္း
သူတို႔ကို ေစာင့္ၾကည့္ၿပီး ပံ့ပိုးေနအုံးမွာပါ။” အင္တာဗ်ဴးအစီအစဥ္အၿပီးမွာ
ကာရင္တန္ကေန ေနာက္ဆုံးအႀကိမ္အျဖစ္ထြက္ခြာမသြားခင္မွာ လမ္းကေန
သူ႔ကို ႏႈတ္ဆက္ဖို႔ ေစာင့္ဆိုင္းေနၾကတဲ့
ပရိသတ္တစ္ခ်ိဳ႕ကိုလည္း ကားရပ္ၿပီး ရင္းရင္းႏွီးႏွီးႏႈတ္ဆက္သြားခဲ့ပါတယ္။
ပရိသတ္ေတြကိုလည္း သူက “ယူႏိုက္တက္နည္းျပျဖစ္ရတာ ဂုဏ္ယူဖို႔ေကာင္းတယ္” ဆိုၿပီး
ပရိသတ္ေတြကိုေျပာဆိုကာႏႈတ္ဆက္သြားခဲ့ပါတယ္။
အိုးထရက္ဖို႔ဒ္က ခင္ဗ်ား ကို အၿမဲႀကိဳဆိုေနမွာပါ…အိုလီ…