အိုးလ်ထရက်ဖို့ဒ်မှာ အာဆင်နယ်နိုင်သွားခဲ့ရင် ဒါဟာ လက်ရှိအနေအထားအရ မထင်မှတ်တဲ့ရလဒ်ပါပဲ- ဆိုးကမ်းဘဲလ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

လက်ရှိအနေအထားအရ အိုးလ်ထရက်ဖို့ဒ်မှာကစားမယ့်ပွဲမှာ အာဆင်နယ်ကသာ အနိုင်ရသွားခဲ့ရင် ဒါဟာ မထင်မှတ်တဲ့ရလဒ် Upset ဖြစ်သွားလိမ့်မယ်လို့ အာဆင် နယ်နောက်ခံလူဟောင်း ဆိုးကမ်းဘဲလ်က ပြောကြားလိုက်ပါတယ်။

လက်ရှိနည်း ပြ အာတီတာဟာ အာဆင်နယ်အသင်းကို အသစ်ပြန်လည်တည်ဆောက်နေရတဲ့ ပုံစံဖြစ်နေပြီး မန်စီးတီးနည်းပြ ဂွါဒီယိုလာဆီကနေ အများအပြားလေ့လာသင်ယူ ခဲ့ရတယ်လို့လည်း ဆိုးကမ်းဘဲလ်က ယုံကြည်နေပါတယ်။

အာတီတာဟာ မနှစ်က အာဆင်နယ်ကို အက်ဖ်အေဖလား ဆွတ်ခူးရရှိအောင်လုပ်ပေးနိုင်ခဲ့ပြီး မှတ်တမ်း ကောင်းရခဲ့ပေမယ့် ပရိသတ်တွေကတော့ အာတီတာဟာ နည်းဗျူဟာပိုင်း အသစ် ထွင်တာတွေနဲ့ အပြောင်းအလဲတွေကို အရမ်းပြုလုပ်လွန်းတဲ့သူအဖြစ် ထင်မြင်နေ ကြပါတယ်။

လွန်ခဲ့တဲ့ရက်ပိုင်းတုန်းကလည်း တောင်ပံတိုက်စစ်မှူး ဝီလျံက သူ့အ နေနဲ့ အာတီတာလမ်းညွှန်တဲ့ နည်းဗျူဟာကစားကွက်တွေဟာ လိုက်မမီနိုင် လောက်အောင်ဖြစ်နေပြီး အတော်လေးအသစ်အဆန်းတွေကို သင်ယူနေရတယ် လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဆိုးကမ်းဘဲလ်ကတော့ အာတီတာဘက်ကနေ အပြည့်အဝထောက်ခံသွားခဲ့ပြီး အသင်းကြီးတစ်သင်းကို နည်းပြအဖြစ် စတင်တာ ဝန်ယူတဲ့တစ်နှစ်အတွင်းမှာ ဒီလောက်လုပ်ပြနိုင်တာဟာ ကောင်းမွန်တယ်လို့ ထင်နေပါတယ်။

ဆိုးကမ်းဘဲလ်က “မန်ယူနဲ့ပွဲမှာ အိမ်ရှင်ကနိုင်သွားရင် ဒါဟာ မထင်မှတ်တဲ့ရလဒ်မဟုတ်ပါဘူး။ တကယ်လို့ အာဆင်နယ်က နိုင်သွားမယ်ဆိုရင် တော့ ဒါဟာ Upset ပါပဲ။ ဒီပွဲက အရမ်းကိုခက်ခဲတဲ့ပွဲဖြစ်လာမှာပါ။

အာတီတာအ နေနဲ့ သူ့ရဲ့အလုပ်မှာ သင်ယူစရာတွေရှိသေးပြီး အမှားတွေပြုလုပ်နိုင်တယ်ဆို တာကိုလည်း နားလည်ထားရပါမယ်။ ဒါပေမယ့် သူဟာ အာဆင်နယ်ကို အကောင်း ဆုံးတည်ဆောက်နေတယ်ဆိုတာ သံသယရှိစရာမလိုပါဘူး” လို့ ပြောကြာသွားခဲ့ ပါတယ်။

ဆိုးကမ်းဘဲလ်နဲ့ခေတ်ပြိုင် အာဆင်နယ်နောက်ခံလူဟောင်းဖြစ်တဲ့ မာတင်ကင်ယွန်ကလည်း အာတီတာရဲ့နည်းဗျူဟာပိုင်းတွေကို ဝေဖန်ပြောဆို ထားခဲ့ပြီး ကစားသမားတွေအတွက် မလိုအပ်တဲ့ရှုပ်ထွေးမှုတွေဖြစ်စေတယ်လို့ ထင်မြင်မိကြောင်း ပြောဆိုခဲ့ဖူးပါတယ်။

အာတီတာနဲ့ လက်တွဲခဲ့ဖူးတဲ့ ဂွါဒီယိုလာ ဟာ နည်းဗျူဟာအပြောင်းအလဲအသစ်အဆန်းတွေ ပြုလုပ်လွန်းသူလို့ ဝေဖန်မှုတွေခံခဲ့ရဖူးတာကြောင့် အခု အာတီတာကလည်း ဂွါဒီယိုလာဆီက ဒီလို အကျင့်တွေရခဲ့တာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အိုးလ္ထရက္ဖို႔ဒ္မွာ အာဆင္နယ္ႏိုင္သြားခဲ့ရင္ ဒါဟာ လက္ရွိအေနအထားအရ မထင္မွတ္တဲ့ရလဒ္ပါပဲ- ဆိုးကမ္းဘဲလ္

လက္ရွိအေနအထားအရ အိုးလ္ထရက္ဖို႔ဒ္မွာကစားမယ့္ပြဲမွာ အာဆင္နယ္ကသာ အႏိုင္ရသြားခဲ့ရင္ ဒါဟာ မထင္မွတ္တဲ့ရလဒ္ Upset ျဖစ္သြားလိမ့္မယ္လို႔ အာဆင္ နယ္ေနာက္ခံလူေဟာင္း ဆိုးကမ္းဘဲလ္က ေျပာၾကားလိုက္ပါတယ္။

လက္ရွိနည္း ျပ အာတီတာဟာ အာဆင္နယ္အသင္းကို အသစ္ျပန္လည္တည္ေဆာက္ေနရတဲ့ ပံုစံျဖစ္ေနၿပီး မန္စီးတီးနည္းျပ ဂြါဒီယိုလာဆီကေန အမ်ားအျပားေလ့လာသင္ယူ ခဲ့ရတယ္လို႔လည္း ဆုိးကမ္းဘဲလ္က ယံုၾကည္ေနပါတယ္။

အာတီတာဟာ မႏွစ္က အာဆင္နယ္ကို အက္ဖ္ေအဖလား ဆြတ္ခူးရရွိေအာင္လုပ္ေပးႏိုင္ခဲ့ၿပီး မွတ္တမ္း ေကာင္းရခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့ အာတီတာဟာ နည္းဗ်ဴဟာပိုင္း အသစ္ ထြင္တာေတြနဲ႔ အေျပာင္းအလဲေတြကို အရမ္းျပဳလုပ္လြန္းတဲ့သူအျဖစ္ ထင္ျမင္ေန ၾကပါတယ္။

လြန္ခဲ့တဲ့ရက္ပိုင္းတုန္းကလည္း ေတာင္ပံတိုက္စစ္မွဴး ၀ီလ်ံက သူ႕အ ေနနဲ႔ အာတီတာလမ္းညႊန္တဲ့ နည္းဗ်ဴဟာကစားကြက္ေတြဟာ လိုက္မမီႏိုင္ ေလာက္ေအာင္ျဖစ္ေနၿပီး အေတာ္ေလးအသစ္အဆန္းေတြကို သင္ယူေနရတယ္ လို႔ ေျပာၾကားခဲ့ဖူးပါတယ္။

ဒါေပမဲ့ ဆိုးကမ္းဘဲလ္ကေတာ့ အာတီတာဘက္ကေန အျပည့္အ၀ေထာက္ခံသြားခဲ့ၿပီး အသင္းႀကီးတစ္သင္းကို နည္းျပအျဖစ္ စတင္တာ ၀န္ယူတဲ့တစ္ႏွစ္အတြင္းမွာ ဒီေလာက္လုပ္ျပႏိုင္တာဟာ ေကာင္းမြန္တယ္လို႔ ထင္ေနပါတယ္။

ဆိုးကမ္းဘဲလ္က “မန္ယူနဲ႔ပြဲမွာ အိမ္ရွင္ကႏိုင္သြားရင္ ဒါဟာ မထင္မွတ္တဲ့ရလဒ္မဟုတ္ပါဘူး။ တကယ္လို႔ အာဆင္နယ္က ႏိုင္သြားမယ္ဆိုရင္ ေတာ့ ဒါဟာ Upset ပါပဲ။ ဒီပြဲက အရမ္းကိုခက္ခဲတဲ့ပြဲျဖစ္လာမွာပါ။

အာတီတာအ ေနနဲ႔ သူ႕ရဲ႕အလုပ္မွာ သင္ယူစရာေတြရွိေသးၿပီး အမွားေတြျပဳလုပ္ႏိုင္တယ္ဆို တာကိုလည္း နားလည္ထားရပါမယ္။ ဒါေပမယ့္ သူဟာ အာဆင္နယ္ကို အေကာင္း ဆံုးတည္ေဆာက္ေနတယ္ဆိုတာ သံသယရွိစရာမလိုပါဘူး” လို႔ ေျပာၾကာသြားခဲ့ ပါတယ္။

ဆိုးကမ္းဘဲလ္နဲ႔ေခတ္ၿပိဳင္ အာဆင္နယ္ေနာက္ခံလူေဟာင္းျဖစ္တဲ့ မာတင္ကင္ယြန္ကလည္း အာတီတာရဲ႕နည္းဗ်ဴဟာပို္င္းေတြကို ေ၀ဖန္ေျပာဆို ထားခဲ့ၿပီး ကစားသမားေတြအတြက္ မလိုအပ္တဲ့ရႈပ္ေထြးမႈေတြျဖစ္ေစတယ္လုိ႔ ထင္ျမင္မိေၾကာင္း ေျပာဆိုခဲ့ဖူးပါတယ္။

အာတီတာနဲ႔ လက္တြဲခဲ့ဖူးတဲ့ ဂြါဒီယိုလာ ဟာ နည္းဗ်ဴဟာအေျပာင္းအလဲအသစ္အဆန္းေတြ ျပဳလုပ္လြန္းသူလို႔ ေ၀ဖန္မႈေတြခံခဲ့ရဖူးတာေၾကာင့္ အခု အာတီတာကလည္း ဂြါဒီယိုလာဆီက ဒီလို အက်င့္ေတြရခဲ့တာလားဆိုတာ ေမးခြန္းထုတ္စရာျဖစ္ေနပါတယ္။