အီဂျစ်-အန်ဂိုလာပွဲ  ဆာလက် ပရိသတ်များ ကွင်းအတွင်းအတင်းဝင်ရောက်မှုကြောင့် သုံးကြိမ်တိုင်တိုင်ရပ်တန့်ခဲ့ရ

Selfie-Hunting ဘောလုံးပရိသတ်များဟာမိုဟာမက်ဆာလက်နှင့်

ဓာတ်ပုံတွဲရိုက်ကူးရန်ကွင်းအတွင်းအတင်းဝင်ရောက်မှုကြောင့်အီဂျစ်ရဲ့အန်ဂိုလာနှင့်

ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်ကိုသုံးကြိမ်တိုင်တိုင်ရပ်တန့်ခဲ့ရပါတယ်။

11 de Novembro Stadium မှာကစားတဲ့ယင်းပွဲစဉ်မှာအီဂျစ်ဟာ

အိမ်ရှင်အန်ဂိုလာရဲ့၂-ဝဂိုးဖြင့်ဦးဆောင်ခြင်းခံခဲ့ရပြီးနောက်

နှစ်ဂိုးစီသရေကျအောင်တိုက်ပွဲဝင်ခဲ့ရပါတယ်။

ယင်းပွဲစဉ်တွင်အန်ဂိုလာပရိသတ်များဟာအာဖရိကဘောလုံးလောကရဲ့

နာမည်အကျော်ကြားဆုံးကစားသမားဖြစ်တဲ့မိုဟာမက်ဆာလက်နှင့်

ဓာတ်ပုံရိုက်ကူးရန်ကွင်းအတွင်းအကြိမ်ကြိမ်အတင်းဝင်ရောက်ခဲ့ကြပြီး

ရဲတပ်ဖွဲ့များကရှင်းလင်းမှုများပြုလုပ်ခဲ့ရကာပွဲကိုသုံးကြိမ်တိုင်တိုင်ရပ်တန့်ခဲ့ရပါတယ်။

ဒါပေမယ့်လည်းမိုဟာမက်ဆာလက်နှင့်အီဂျစ်ကစားသမားများဟာ

အန်ဂိုလာမြေမှာအဖိုးတန်ရမှတ်တစ်မှတ်ရယူနိုင်အောင်ကြိုးစားနိုင်ခဲ့ကြပါတယ်။

အီဂျစ်ဟာအန်ဂိုလာနှင့်သရေကျမှုနဲ့အတူမော်ရိုကို၊ကင်မရွန်း၊မာလီတို့နှင့်အတူ

မတ်လတွင်ကစားရမယ့်၁၀သင်းပလေးအော့ဖ်အဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။

အာဖရိကကမ္ဘာ့ဖလားခြေစစ်ပွဲတွင်အုပ်စုဗိုလ်များဟာတိုက်ရိုက်ခြေစစ်ပွဲ

မအောင်ဘဲပလေးအော့ဖ်အဆင့်သို့တက်ရပါတယ်။ပလေးအော့ဖ်ကစားရမယ့်

၁၀သင်းမှခြေစစ်ပွဲအောင်မြင်တဲ့အသင်း၅သင်းထွက်ပေါ်လာပါမယ်။

zawgyi

အီဂ်စ္-အန္ဂိုလာပြဲ  ဆာလက္ ပရိသတ္မ်ား ကြင္းအတြင္းအတင္းဝင္ေရာက္မႈေၾကာင့္ သုံးႀကိမ္တိုင္တိုင္ရပ္တန႔္ခဲ့ရ

Selfie-Hunting ေဘာလုံးပရိသတ္မ်ားဟာမိုဟာမက္ဆာလက္ႏွင့္

ဓာတ္ပုံတြဲ႐ိုက္ကူးရန္ကြင္းအတြင္းအတင္းဝင္ေရာက္မႈေၾကာင့္အီဂ်စ္ရဲ႕အန္ဂိုလာႏွင့္

ကမာၻ႔ဖလားေျခစစ္ပြဲစဥ္ကိုသုံးႀကိမ္တိုင္တိုင္ရပ္တန႔္ခဲ့ရပါတယ္။

11 de Novembro Stadium မွာကစားတဲ့ယင္းပြဲစဥ္မွာအီဂ်စ္ဟာ

အိမ္ရွင္အန္ဂိုလာရဲ႕၂-ဝဂိုးျဖင့္ဦးေဆာင္ျခင္းခံခဲ့ရၿပီးေနာက္

ႏွစ္ဂိုးစီသေရက်ေအာင္တိုက္ပြဲဝင္ခဲ့ရပါတယ္။

ယင္းပြဲစဥ္တြင္အန္ဂိုလာပရိသတ္မ်ားဟာအာဖရိကေဘာလုံးေလာကရဲ႕

နာမည္အေက်ာ္ၾကားဆုံးကစားသမားျဖစ္တဲ့မိုဟာမက္ဆာလက္ႏွင့္

ဓာတ္ပုံ႐ိုက္ကူးရန္ကြင္းအတြင္းအႀကိမ္ႀကိမ္အတင္းဝင္ေရာက္ခဲ့ၾကၿပီး

ရဲတပ္ဖြဲ႕မ်ားကရွင္းလင္းမႈမ်ားျပဳလုပ္ခဲ့ရကာပြဲကိုသုံးႀကိမ္တိုင္တိုင္ရပ္တန႔္ခဲ့ရပါတယ္။

ဒါေပမယ့္လည္းမိုဟာမက္ဆာလက္ႏွင့္အီဂ်စ္ကစားသမားမ်ားဟာ

အန္ဂိုလာေျမမွာအဖိုးတန္ရမွတ္တစ္မွတ္ရယူႏိုင္ေအာင္ႀကိဳးစားႏိုင္ခဲ့ၾကပါတယ္။

အီဂ်စ္ဟာအန္ဂိုလာႏွင့္သေရက်မႈနဲ႔အတူေမာ္႐ိုကို၊ကင္မ႐ြန္း၊မာလီတို႔ႏွင့္အတူ

မတ္လတြင္ကစားရမယ့္၁၀သင္းပေလးေအာ့ဖ္အဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

အာဖရိကကမာၻ႔ဖလားေျခစစ္ပြဲတြင္အုပ္စုဗိုလ္မ်ားဟာတိုက္႐ိုက္ေျခစစ္ပြဲ

မေအာင္ဘဲပေလးေအာ့ဖ္အဆင့္သို႔တက္ရပါတယ္။ပေလးေအာ့ဖ္ကစားရမယ့္

၁၀သင္းမွေျခစစ္ပြဲေအာင္ျမင္တဲ့အသင္း၅သင္းထြက္ေပၚလာပါမယ္။