အီတလီနဲ့ပွဲမှာ ဒီဘရိုင်းကို ထည့်သုံးခဲ့လို့ မာတီနက်ဇ်ကို ရာထူးကနေ ထုတ်ပယ်ဖို့ စီးတီးပရိသတ်တွေ တောင်းဆို

မန်စီးတီးအသင်းပရိသတ်တွေဟာ အီတလီကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ကွင်းလယ်လူ ဒီဘရိုင်းကို ထည့်သုံးခဲ့ခြင်းအတွက် ဘယ်လ်ဂျီယံနည်းပြ မာတီနက်ဇ်ကို ပြင်းထန်စွာဝေဖန်နေပြီး တချို့ကဆို သူ့ကို ရာထူးကနေ ထုတ်ပယ်ဖို့အထိပါ တောင်းဆိုနေပါတယ်။
ဒီဘရိုင်းဟာ ပေါ်တူဂီကိုအနိုင်ရခဲ့တဲ့ ၁၆သင်းအဆင့်ပွဲမှာ ခြေကျင်းဝတ်အရွတ်ကြောဒဏ်ရာရခဲ့ပြီး လူစားလဲခံခဲ့ရပါတယ်။


ဒါပေမဲ့ သူဟာ အီတလီနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ဦးစားပေးကစားသမားအဖြစ် ပါဝင်လာပြီး မိနစ် ၉၀ ပြည့်ကစားသွားပါတယ်။
ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ချဲလ်ဆီးကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ နှာခေါင်းနဲ့ မျက်လုံးဒဏ်ရာရခဲ့လို့ ပြိုင်ပွဲတစ်ခုလုံးနဲ့ လွဲချော်ဖို့တောင် နီးစပ်ခဲ့တဲ့ ဒီဘရိုင်းက ဒီလိုပါဝင်နိုင်ခဲ့တာဟာ မဖြစ်နိုင်တာကို ဖြစ်အောင် လုပ်ခဲ့တာပဲလို့ ဝန်ခံပါတယ်။


ဒီဘရိုင်းဟာ ကစားခွင့်ရအောင် လုပ်ပေးခဲ့ခြင်းအတွက် ဘယ်လ်ဂျီယံဆေးအဖွဲ့ကို ကျေးဇူးတင်စကားဆိုခဲ့ပါတယ်။
”ပြီးခဲ့တဲ့ ၄၊ ၅ပတ်လောက်က ကျွန်တော့်အတွက် ထူးဆန်းတာတွေချည်းဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဆေးအဖွဲ့ကို တကယ်ပဲ ကျေးဇူးတင်ပါတယ်”


”အီတလီနဲ့ပွဲမှာ ကစားခွင့်ရခဲ့တာက မဖြစ်နိုင်တဲ့ကိစ္စဖြစ်ပြီး ခြေကျင်းဝတ်က စုတ်ပြဲသွားခဲ့တာပါ။ အရွတ်ကြောတွေ စုတ်ပြဲသွားတာပါ။ ဒါပေမဲ့ ကိုယ့်နိုင်ငံအတွက် ကစားဖို့ တာဝန်ရှိတယ်လို့ ခံစားခဲ့ရပါတယ်”လို့ ဒီဘရိုင်းက ဆိုပါတယ်။
ဒါပေမဲ့ စီးတီးပရိသတ်တွေကတော့ အီတလီနဲ့ပွဲမှာ ဒီဘရိုင်း ပါဝင်ကစားခဲ့တာအပေါ် မပျော်မရွှင်ဖြစ်နေပါတယ်။


”မာတီနက်ဇ်ကို ထုတ်ပယ်ဖို့ လိုအပ်နေပါပြီ။ ဒဏ်ရာအပြင်းအထန်ရခဲ့တာကို တစ်ပွဲလုံးကစားခိုင်းခဲ့တာကတော့ လွန်လွန်းပါတယ်။ ဘယ်လ်ဂျီယံအသင်းဟာ ကွန်ပနီတုန်းကလည်း ဒီလိုလုပ်ခဲ့ဖူးပါတယ်”‘


”မာတီနက်ဇ်ကို မုန်းတီးရတဲ့အကြောင်းရင်းကို ကျွန်တော် ကောင်းကောင်းသိထားပါတယ်”လို့ စီးတီးပရိသတ်တွေက အသီးသီးရေးသားခဲ့ပါတယ်။


ဒီဘရိုင်းဟာ ဒီပြိုင်ပွဲမှာ ကြံ့ခိုင်မှုအကောင်းဆုံးပုံစံမရခဲ့ပေမယ့် ဘယ်လ်ဂျီယံအသင်းအတွက် ၁ဂိုးသွင်း၊ ၃ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
စီးတီးပရိသတ်တွေက ဒဏ်ရာအခြေအနေ၊ ကြံ့ခိုင်မှုအနေအထားတွေရှိနေတဲ့ကြားထဲကနေ ခြေစွမ်းပြခဲ့တဲ့ သူတို့ရဲ့ကွင်းလယ်ကြယ်ပွင့်ကို ချီးကျူးခဲ့ကြပါတယ်။

Zawgyi
အီတလီနဲ႔ပြဲမွာ ဒီဘ႐ိုင္းကို ထည့္သုံးခဲ့လို႔ မာတီနက္ဇ္ကို ရာထူးကေန ထုတ္ပယ္ဖို႔ စီးတီးပရိသတ္ေတြ ေတာင္းဆို
မန္စီးတီးအသင္းပရိသတ္ေတြဟာ အီတလီကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ကြင္းလယ္လူ ဒီဘ႐ိုင္းကို ထည့္သုံးခဲ့ျခင္းအတြက္ ဘယ္လ္ဂ်ီယံနည္းျပ မာတီနက္ဇ္ကို ျပင္းထန္စြာေ၀ဖန္ေနၿပီး တခ်ိဳ႕ကဆုိ သူ႕ကို ရာထူးကေန ထုတ္ပယ္ဖို႔အထိပါ ေတာင္းဆိုေနပါတယ္။
ဒီဘ႐ိုင္းဟာ ေပၚတူဂီကိုအႏိုင္ရခဲ့တဲ့ ၁၆သင္းအဆင့္ပြဲမွာ ေျခက်င္း၀တ္အရြတ္ေၾကာဒဏ္ရာရခဲ့ၿပီး လူစားလဲခံခဲ့ရပါတယ္။
ဒါေပမဲ့ သူဟာ အီတလီနဲ႔ပြဲမွာ အံ့အားသင့္ဖြယ္ ဦးစားေပးကစားသမားအျဖစ္ ပါ၀င္လာၿပီး မိနစ္ ၉၀ ျပည့္ကစားသြားပါတယ္။
ခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ခ်ဲလ္ဆီးကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ႏွာေခါင္းနဲ႔ မ်က္လုံးဒဏ္ရာရခဲ့လုိ႔ ၿပိဳင္ပြဲတစ္ခုလုံးနဲ႔ လြဲေခ်ာ္ဖို႔ေတာင္ နီးစပ္ခဲ့တဲ့ ဒီဘ႐ိုင္းက ဒီလိုပါ၀င္ႏိုင္ခဲ့တာဟာ မျဖစ္ႏိုင္တာကို ျဖစ္ေအာင္ လုပ္ခဲ့တာပဲလုိ႔ ၀န္ခံပါတယ္။
ဒီဘ႐ိုင္းဟာ ကစားခြင့္ရေအာင္ လုပ္ေပးခဲ့ျခင္းအတြက္ ဘယ္လ္ဂ်ီယံေဆးအဖြဲ႕ကို ေက်းဇူးတင္စကားဆုိခဲ့ပါတယ္။
”ၿပီးခဲ့တဲ့ ၄၊ ၅ပတ္ေလာက္က ကၽြန္ေတာ့္အတြက္ ထူးဆန္းတာေတြခ်ည္းျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ ေဆးအဖြဲ႕ကို တကယ္ပဲ ေက်းဇူးတင္ပါတယ္”
”အီတလီနဲ႔ပြဲမွာ ကစားခြင့္ရခဲ့တာက မျဖစ္ႏိုင္တဲ့ကိစၥျဖစ္ၿပီး ေျခက်င္း၀တ္က စုတ္ၿပဲသြားခဲ့တာပါ။ အရြတ္ေၾကာေတြ စုတ္ၿပဲသြားတာပါ။ ဒါေပမဲ့ ကိုယ့္ႏိုင္ငံအတြက္ ကစားဖုိ႔ တာ၀န္ရွိတယ္လုိ႔ ခံစားခဲ့ရပါတယ္”လုိ႔ ဒီဘ႐ိုင္းက ဆုိပါတယ္။
ဒါေပမဲ့ စီးတီးပရိသတ္ေတြကေတာ့ အီတလီနဲ႔ပြဲမွာ ဒီဘ႐ိုင္း ပါ၀င္ကစားခဲ့တာအေပၚ မေပ်ာ္မရႊင္ျဖစ္ေနပါတယ္။
”မာတီနက္ဇ္ကို ထုတ္ပယ္ဖို႔ လိုအပ္ေနပါၿပီ။ ဒဏ္ရာအျပင္းအထန္ရခဲ့တာကို တစ္ပြဲလုံးကစားခုိင္းခ့ဲတာကေတာ့ လြန္လြန္းပါတယ္။ ဘယ္လ္ဂ်ီယံအသင္းဟာ ကြန္ပနီတုန္းကလည္း ဒီလုိလုပ္ခဲ့ဖူးပါတယ္”‘
”မာတီနက္ဇ္ကို မုန္းတီးရတဲ့အေၾကာင္းရင္းကို ကၽြန္ေတာ္ ေကာင္းေကာင္းသိထားပါတယ္”လုိ႔ စီးတီးပရိသတ္ေတြက အသီးသီးေရးသားခဲ့ပါတယ္။
ဒီဘ႐ိုင္းဟာ ဒီၿပိဳင္ပြဲမွာ ႀကံ့ခိုင္မႈအေကာင္းဆုံးပုံစံမရခဲ့ေပမယ့္ ဘယ္လ္ဂ်ီယံအသင္းအတြက္ ၁ဂိုးသြင္း၊ ၃ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။
စီးတီးပရိသတ္ေတြက ဒဏ္ရာအေျခအေန၊ ႀကံ့ခိုင္မႈအေနအထားေတြရွိေနတဲ့ၾကားထဲကေန ေျခစြမ္းျပခဲ့တဲ့ သူတုိ႔ရဲ႕ကြင္းလယ္ၾကယ္ပြင့္ကို ခ်ီးက်ဴးခဲ့ၾကပါတယ္။