အီတလီအသင်းနည်းပြမန်စီနီက မန်ချက်စတာယူနိုက်တက်အသင်းနည်းပြသစ်
ဖြစ်လာဖို့ရှိနေတယ်ဆိုတဲ့ သတင်းတွေကို ငြင်းဆန်ပယ်ချလိုက်ပါတယ်။
မီဒီယာတွေက မန်စီးတီးအသင်းနည်းပြဟောင်းမန်စီနီဟာ ပရီးမီးယားလိဂ်
ကလပ်တစ်သင်းကို,ကိုင်တွယ်ဖို့အတွက် နှုတ်အားဖြင့်သဘောတူညီမှုရခဲ့ပြီ
ဆိုပြီးတော့ ဖော်ပြနေကြတဲ့အတွက် မန်စီနီက အဲဒီသတင်းတွေကို
ငြင်းဆန်ခဲ့တာပါ။ ယူနိုက်တက်အသင်းပစ်မှတ်ထားနေတဲ့ နည်းပြတွေထဲမှာ
မန်စီနီလည်းတစ်ဦးအပါအဝင်ဖြစ်နေတယ်လို့ သတင်းထွက်နေပေမယ့်
မန်စီနီကတော့ သူ့ရဲ့ဦးစားပေးပစ်မှတ်က,ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ရေး
ဖြစ်တယ်လို့ဆိုခဲ့ပါတယ်။ မန်စီနီက “ပရီးမီးယားလိဂ်ကလပ်တစ်သင်းကို,
ကိုင်တွယ်ဖို့ နှုတ်အားဖြင့်သဘောတူညီမှုရခဲ့တယ်ဆိုတဲ့သတင်းတွေက
အမှားကြီးပါ။ ကျွန်တော့်ရည်မှန်းချက်က အီတလီအသင်းကို ကမ္ဘာ့ဖလား
ပြိုင်ပွဲရောက်အောင် ပို့ဆောင်ပေးဖို့နဲ့ အဲဒီပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ပဲဖြစ်ပါတယ်”လို့
အီတလီနာမည်ကျော်သတင်းစာ Gazzetta dello Sport ကို ပြောကြားခဲ့ပါတယ်။
အသက်(၅၇)နှစ်အရွယ်ရှိပြီဖြစ်သူ မန်စီနီဟာ အီတလီအသင်းနဲ့
၂၀၂၆ ခုနှစ်အထိစာချုပ်သက်တမ်းကျန်ရှိနေပြီး အီတလီအသင်းဟာ
Play-off ကစားရမှာဖြစ်လို့ မန်စီနီအနေနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်အောင်
စွမ်းဆောင်ပေးရမှာဖြစ်ပါတယ်။
zawgyi
ယူနိုက်တက်နဲ့ပတ်သက်တဲ့သတင်းတွေကို အီတလီအသင်းနည်းပြမန်စီနီငြင်းဆန်