အီတလီအသင်းအနေနဲ့ ယူရို ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ချေ မရှိဘူးလို့ ခန့်မှန်းလိုက်တဲ့ ဗီအဲရာ

ပြင်သစ် ဂန္တဝင် ကစားသမားဟောင်း ဗီအဲရာကတော့ အီတလီအသင်းမှာ ပြင်းပြမှု၊ အင်အား နဲ့ လျှင်မြန်မှုတွေ ကင်းမဲ့နေတာကြောင့် လက်ရှိ (၂၀၂၀) ယူရို ပြိုင်ပွဲမှာ ဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ချေ မရှိဘူးလို့ ပြောသွားခဲ့ပါတယ်။

နည်းပြ မန်စီနီရဲ့ အီတလီအသင်းဟာ လက်ရှိ ယူရိုအုပ်စု ပြိုင်ပွဲမှာ တူရကီအသင်းကို (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပြီး ဆွစ်ဇာလန်အသင်းကိုလည်း (၃) ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တာကြောင့် နောက်တစ်ဆင့် တက်လှမ်းခဲ့ပြီ ဖြစ်ပါတယ်။

တကယ်တော့ အီတလီအသင်းဟာ လက်ရှိ ယူရို ပြိုင်ပွဲမှာ (၁၆) သင်းအဆင့်ကို ပထမဆုံး တက်လှမ်းသွားနိုင်တဲ့ အသင်း ဖြစ်ပြီး လက်ကျန် အုပ်စု ပွဲစဉ် အဖြစ် တနင်္ဂနွေနေ့ညမှာ ဝေးလ်အသင်းနဲ့ ကစားသွားရမှာပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ (၂၀၀၀) ခုနှစ်မှာ ပြင်သစ်အသင်းနဲ့ ယူရို ဖလား ရရှိခဲ့တဲ့ ဗီအဲရာက လက်ရှိ (၂၀၂၀) ယူရို ပြိုင်ပွဲမှာ ခြေစွမ်းစွာနေတဲ့ အီတလီအသင်းကို ယူရို (၂၀၂၀) ဖလား ရရှိနိုင်ဖို့ သံသယဝင်မိတယ်လို့ ပြောသွားခဲ့ပါတယ်။

ဗီအဲရာက “အီတလီအသင်း ကစားခဲ့တဲ့ အုပ်စု ပွဲစဉ် (၂) ပွဲက လွယ်ကူတဲ့ ပွဲစဉ်လို့ ကျွန်တော် ထင်ပါတယ်။ သူတို့ စမ်းသပ်မခံရသေးဘူးလို့ ကျွန်တော် ထင်တယ်။ ကိုယ့်ရှေ့မှာ ရှိတဲ့ ပွဲစဉ်တိုင်းကို အနိုင်ရဖို့တော့ လိုအပ်ပါတယ်”

“ဒါပေမယ့် အီတလီအသင်းအနေနဲ့ ဗိုလ်လုပွဲအထိ သွားနိုင်မယ် ဆိုတာ ကျွန်တော် သံသယရှိနေပါသေးတယ်။ သူတို့မှာ ရှေ့ဆက်သွားဖို့ ပြင်းပြမှု၊ အင်အား နဲ့ လျှင်မြန်မှု ကင်းမဲ့နေတယ်လို့ ကျွန်တော် ယုံကြည်တယ်။ ကျွန်တော် စောင့်ကြည့်ဦးမယ်။ လက်ရှိအချိန်မှာ အီတလီအသင်းအနေနဲ့ ဗိုလ်လုပွဲအထိ သွားနိုင်မယ်လို့ ထည့်သွင်းစဉ်းစားတာက အလွန် စောပါသေးတယ်”လို့ ပြောသွားပါတယ်။

အီတလီအသင်းဟာ လွန်ခဲ့တဲ့ (၁၉၆၈) ခုနှစ်မှာ ယူရို ဖလားကို ပထမဆုံး အကြိမ် ရရှိခဲ့စဉ်ကတည်းက လက်ရှိ အချိန်အထိ ယူရို ဖလားကို နောက်ထပ် တစ်ကြိမ် မရရှိနိုင်သေးဘဲ ပြင်သစ်အသင်းက (၂) ကြိမ် ရရှိခဲ့ဖူးပါတယ်။

ပြင်သစ်အသင်းဟာ လွန်ခဲ့တဲ့ (၁၉၈၄) ခုနှစ်မှာ အိမ်ရှင် အဖြစ် ဧည့်ခံကျင်းပခဲ့တဲ့ နှစ်မှာ ယူရို ဖလားကို ရရှိခဲ့ပြီး လွန်ခဲ့တဲ့ (၂၀၀၀) ခုနှစ်မှာတော့ နာကျင်အချိန်ပိုက သွင်းဂိုးကြောင့် ယူရိုဖလားကို နောက်ထပ် ရရှိနိုင်ခဲ့ပါတယ်။

Zawgyi

အီတလီအသင္းအေနနဲ႔ ယူ႐ို ဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္ေခ် မရွိဘူးလို႔ ခန႔္မွန္းလိုက္တဲ့ ဗီအဲရာ

ျပင္သစ္ ဂႏၲဝင္ ကစားသမားေဟာင္း ဗီအဲရာကေတာ့ အီတလီအသင္းမွာ ျပင္းျပမႈ၊ အင္အား နဲ႔ လွ်င္ျမန္မႈေတြ ကင္းမဲ့ေနတာေၾကာင့္ လက္ရွိ (၂၀၂၀) ယူ႐ို ၿပိဳင္ပြဲမွာ ဗိုလ္လုပြဲအထိ တက္လွမ္းႏိုင္ေခ် မရွိဘူးလို႔ ေျပာသြားခဲ့ပါတယ္။

နည္းျပ မန္စီနီရဲ႕ အီတလီအသင္းဟာ လက္ရွိ ယူ႐ိုအုပ္စု ၿပိဳင္ပြဲမွာ တူရကီအသင္းကို (၃) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့ၿပီး ဆြစ္ဇာလန္အသင္းကိုလည္း (၃) ဂိုးျပတ္နဲ႔ အႏိုင္ရရွိခဲ့တာေၾကာင့္ ေနာက္တစ္ဆင့္ တက္လွမ္းခဲ့ၿပီ ျဖစ္ပါတယ္။

တကယ္ေတာ့ အီတလီအသင္းဟာ လက္ရွိ ယူ႐ို ၿပိဳင္ပြဲမွာ (၁၆) သင္းအဆင့္ကို ပထမဆုံး တက္လွမ္းသြားႏိုင္တဲ့ အသင္း ျဖစ္ၿပီး လက္က်န္ အုပ္စု ပြဲစဥ္ အျဖစ္ တနဂၤေႏြေန႔ညမွာ ေဝးလ္အသင္းနဲ႔ ကစားသြားရမွာပဲ ျဖစ္ပါတယ္။

လြန္ခဲ့တဲ့ (၂၀၀၀) ခုႏွစ္မွာ ျပင္သစ္အသင္းနဲ႔ ယူ႐ို ဖလား ရရွိခဲ့တဲ့ ဗီအဲရာက လက္ရွိ (၂၀၂၀) ယူ႐ို ၿပိဳင္ပြဲမွာ ေျခစြမ္းစြာေနတဲ့ အီတလီအသင္းကို ယူ႐ို (၂၀၂၀) ဖလား ရရွိႏိုင္ဖို႔ သံသယဝင္မိတယ္လို႔ ေျပာသြားခဲ့ပါတယ္။

ဗီအဲရာက “အီတလီအသင္း ကစားခဲ့တဲ့ အုပ္စု ပြဲစဥ္ (၂) ပြဲက လြယ္ကူတဲ့ ပြဲစဥ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္။ သူတို႔ စမ္းသပ္မခံရေသးဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ ကိုယ့္ေရွ႕မွာ ရွိတဲ့ ပြဲစဥ္တိုင္းကို အႏိုင္ရဖို႔ေတာ့ လိုအပ္ပါတယ္”

“ဒါေပမယ့္ အီတလီအသင္းအေနနဲ႔ ဗိုလ္လုပြဲအထိ သြားႏိုင္မယ္ ဆိုတာ ကြၽန္ေတာ္ သံသယရွိေနပါေသးတယ္။ သူတို႔မွာ ေရွ႕ဆက္သြားဖို႔ ျပင္းျပမႈ၊ အင္အား နဲ႔ လွ်င္ျမန္မႈ ကင္းမဲ့ေနတယ္လို႔ ကြၽန္ေတာ္ ယုံၾကည္တယ္။ ကြၽန္ေတာ္ ေစာင့္ၾကည့္ဦးမယ္။ လက္ရွိအခ်ိန္မွာ အီတလီအသင္းအေနနဲ႔ ဗိုလ္လုပြဲအထိ သြားႏိုင္မယ္လို႔ ထည့္သြင္းစဥ္းစားတာက အလြန္ ေစာပါေသးတယ္”လို႔ ေျပာသြားပါတယ္။

အီတလီအသင္းဟာ လြန္ခဲ့တဲ့ (၁၉၆၈) ခုႏွစ္မွာ ယူ႐ို ဖလားကို ပထမဆုံး အႀကိမ္ ရရွိခဲ့စဥ္ကတည္းက လက္ရွိ အခ်ိန္အထိ ယူ႐ို ဖလားကို ေနာက္ထပ္ တစ္ႀကိမ္ မရရွိႏိုင္ေသးဘဲ ျပင္သစ္အသင္းက (၂) ႀကိမ္ ရရွိခဲ့ဖူးပါတယ္။

ျပင္သစ္အသင္းဟာ လြန္ခဲ့တဲ့ (၁၉၈၄) ခုႏွစ္မွာ အိမ္ရွင္ အျဖစ္ ဧည့္ခံက်င္းပခဲ့တဲ့ ႏွစ္မွာ ယူ႐ို ဖလားကို ရရွိခဲ့ၿပီး လြန္ခဲ့တဲ့ (၂၀၀၀) ခုႏွစ္မွာေတာ့ နာက်င္အခ်ိန္ပိုက သြင္းဂိုးေၾကာင့္ ယူ႐ိုဖလားကို ေနာက္ထပ္ ရရွိႏိုင္ခဲ့ပါတယ္။