အုပ်စုဗိုလ်ဖြစ်သွားရင် စောစောစီးစီးထွက်ရကိန်းဆိုက်သွားနိုင်တဲ့ အင်္ဂလန်

တကယ်လို့ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၀ ပြိုင်ပွဲရဲ့အုပ်စု D မှာ အုပ်စုပထမရခဲ့ရင် ၁၆သင်းအဆင့်မှာ အသင်းကြီးတစ်သင်းသင်းနဲ့ ရင်ဆိုင်ရနိုင်လို့ သူတို့အတွက် ဆိုးရွားလာနိုင်ပါတယ်။
အင်္ဂလန်ဟာ အုပ်စုတွင်းမှာ ခရိုအေရှား၊ ချက်၊ စကော့တလန်တို့နဲ့ ရင်ဆိုင်ရမှာဖြစ်လို့ အုပ်စုချောင်တယ်လို့ အပေါ်ယံအားဖြင့် သုံးသပ်နိုင်ပါတယ်။

ကမ္ဘာ့ဖလားဒုတိယဆုရှင် ခရိုအေးရှားနဲ့ ဗြိတိန်ဒါဘီပွဲတွေကြောင့် အင်္ဂလန်အတွက် လွယ်ကူတဲ့အုပ်စုမဟုတ်ပေမယ့် အုပ်စုပထမဖြစ်ဖို့တော့ သိသိသာသာရေပန်းစားနေပါတယ်။
ပြဿနာကဘာလဲဆိုတော့ အုပ်စုပထမရရင် ၁၆သင်းအဆင့်မှာ အသင်းကြီးတစ်သင်းနဲ့ ရင်ဆိုင်ဖို့ သေချာသလောက်ရှိနေတဲ့အချက်ပါပဲ။


အုပ်စု F က မရဏအုပ်စုအဖြစ် သတ်မှတ်ခံထားရပြီး မထင်မှတ်တာတွေ လုပ်ပြတတ်တဲ့ ဟန်ဂေရီနဲ့အတူ ကမ္ဘာ့ဖလားချန်ပီယံ ပြင်သစ်၊ လက်ရှိယူရို ချန်ပီယံ ပေါ်တူဂီနဲ့ ၂၀၁၄ ကမ္ဘာ့ဖလားချန်ပီယံ ဂျာမနီတို့ ပါဝင်နေပါတယ်။

ပြဿနာကတော့ အင်္ဂလန်အသင်းပါဝင်တဲ့အုပ်စုမှာ ပထမရတဲ့အသင်းက မရဏအုပ်စုက အုပ်စုဒုတိယရအသင်းနဲ့ ၁၆သင်းအဆင့်မှာ ရင်ဆိုင်ရမယ့်ကိစ္စပါပဲ။


ဒီတော့ ဟန်ဂေရီအသင်း လုံးဝမထင်မှတ်တာတွေ မလုပ်ပြနိုင်ခဲ့ရင်တော့ အင်္ဂလန်လည်း အုပ်စုပထမအဖြစ် ၁၆သင်းအဆင့်မှာ ပြင်သစ်၊ ဂျာမနီ၊ ပေါ်တူဂီ တစ်သင်းသင်းနဲ့ ရင်ဆိုင်ရမှာပါ။
ဒါပေမဲ့ အင်္ဂလန်အသင်းသာ အုပ်စုဒုတိယရခဲ့ရင် ၁၆သင်းအဆင့်မှာ စပိန်၊ ဆွီဒင်၊ ပိုလန်နဲ့ ဆလိုဗက်ကီးယားတို့ပါဝင်တဲ့အုပ်စု E က အုပ်စုဒုတိယရအသင်းနဲ့ပဲ ရင်ဆိုင်ရမှာဖြစ်ပါတယ်။


အားလုံးမျှော်လင့်ထားသလို စပိန်သာ အုပ်စုပထမရခဲ့ရင် အင်္ဂလန်လည်း ၁၆သင်းအဆင့်မှာ ဆွီဒင်၊ ပိုလန်၊ ဆလိုဗက်ကီးယား တစ်သင်းသင်းနဲ့ တွေ့ဆုံရမှာပါ။
အင်္ဂလန်ဟာ အဓိကပြိုင်ပွဲကြီးတချို့မှာ အုပ်စုအဆင့်ကနေတောင် ထွက်ခဲ့ရတာတွေရှိလို့ အခုလိုပြောနေတာက ပိုတယ်လို့ ဝေဖန်ခံရနိုင်ပေမယ့် အင်္ဂလန်ရဲ့အနေအထားက ဒီပုံစံအတိုင်း သုံးသပ်ဖို့ ကောင်းနေပါတယ်။


အင်္ဂလန်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ဘယ်လ်ဂျီယံနဲ့ ရင်ဆိုင်ခဲ့ရပြီး နှစ်သင်းစလုံးက ဒီပွဲမတိုင်ခင်ကတည်းက ၁၆သင်းအဆင့်ကို တက်ပြီးသားပါ။
အဲဒီမှာ ရှုံးတဲ့အသင်းက ရှုံးထွက်အဆင့်မှာ လမ်းကြောင်းပိုချောင်နိုင်ပြီး အင်္ဂလန်ရော ဘယ်လ်ဂျီယံပါ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အင်္ဂလန်အသင်း ဖြတ်သန်းခဲ့ရတဲ့ ရှုံးထွက်လမ်းကြောင်းမှာ ကိုလံဘီယာ၊ ဆွီဒင်၊ ခရိုအေးရှားတို့ ပါဝင်နေပြီး ဘယ်လ်ဂျီယံက ဂျပန်၊ ဘရာဇီး၊ ပြင်သစ်တို့နဲ့ ရင်ဆိုင်ခဲ့ရတာကို ကြည့်ရင် ဘယ်လမ်းကြောင်းက ပိုချောင်လဲဆိုတာ ခန့်မှန်းနိုင်ပါတယ်။

Zawgyi

အုပ္စုဗိုလ္ျဖစ္သြားရင္ ေစာေစာစီးစီးထြက္ရကိန္းဆိုက္သြားႏိုင္တဲ့ အဂၤလန္
တကယ္လို႔ အဂၤလန္အသင္းဟာ ယူ႐ို ၂၀၂၀ ၿပိဳင္ပြဲရဲ႕အုပ္စု D မွာ အုပ္စုပထမရခဲ့ရင္ ၁၆သင္းအဆင့္မွာ အသင္းႀကီးတစ္သင္းသင္းနဲ႔ ရင္ဆိုင္ရႏိုင္လို႔ သူတို႔အတြက္ ဆိုးရြားလာႏိုင္ပါတယ္။
အဂၤလန္ဟာ အုပ္စုတြင္းမွာ ခ႐ိုေအရွား၊ ခ်က္၊ စေကာ့တလန္တို႔နဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ အုပ္စုေခ်ာင္တယ္လို႔ အေပၚယံအားျဖင့္ သုံးသပ္ႏိုင္ပါတယ္။
ကမၻာ့ဖလားဒုတိယဆုရွင္ ခ႐ိုေအးရွားနဲ႔ ၿဗိတိန္ဒါဘီပြဲေတြေၾကာင့္ အဂၤလန္အတြက္ လြယ္ကူတဲ့အုပ္စုမဟုတ္ေပမယ့္ အုပ္စုပထမျဖစ္ဖို႔ေတာ့ သိသိသာသာေရပန္းစားေနပါတယ္။
ျပႆနာကဘာလဲဆိုေတာ့ အုပ္စုပထမရရင္ ၁၆သင္းအဆင့္မွာ အသင္းႀကီးတစ္သင္းနဲ႔ ရင္ဆိုင္ဖို႔ ေသခ်ာသေလာက္ရွိေနတဲ့အခ်က္ပါပဲ။

အုပ္စု F က မရဏအုပ္စုအျဖစ္ သတ္မွတ္ခံထားရၿပီး မထင္မွတ္တာေတြ လုပ္ျပတတ္တဲ့ ဟန္ေဂရီနဲ႔အတူ ကမၻာ့ဖလားခ်န္ပီယံ ျပင္သစ္၊ လက္ရွိယူ႐ို ခ်န္ပီယံ ေပၚတူဂီနဲ႔ ၂၀၁၄ ကမၻာ့ဖလားခ်န္ပီယံ ဂ်ာမနီတို႔ ပါ၀င္ေနပါတယ္။
ျပႆနာကေတာ့ အဂၤလန္အသင္းပါ၀င္တဲ့အုပ္စုမွာ ပထမရတဲ့အသင္းက မရဏအုပ္စုက အုပ္စုဒုတိယရအသင္းနဲ႔ ၁၆သင္းအဆင့္မွာ ရင္ဆိုင္ရမယ့္ကိစၥပါပဲ။
ဒီေတာ့ ဟန္ေဂရီအသင္း လုံး၀မထင္မွတ္တာေတြ မလုပ္ျပႏိုင္ခဲ့ရင္ေတာ့ အဂၤလန္လည္း အုပ္စုပထမအျဖစ္ ၁၆သင္းအဆင့္မွာ ျပင္သစ္၊ ဂ်ာမနီ၊ ေပၚတူဂီ တစ္သင္းသင္းနဲ႔ ရင္ဆိုင္ရမွာပါ။
ဒါေပမဲ့ အဂၤလန္အသင္းသာ အုပ္စုဒုတိယရခဲ့ရင္ ၁၆သင္းအဆင့္မွာ စပိန္၊ ဆြီဒင္၊ ပိုလန္နဲ႔ ဆလိုဗက္ကီးယားတို႔ပါ၀င္တဲ့အုပ္စု E က အုပ္စုဒုတိယရအသင္းနဲ႔ပဲ ရင္ဆိုင္ရမွာျဖစ္ပါတယ္။
အားလုံးေမွ်ာ္လင့္ထားသလို စပိန္သာ အုပ္စုပထမရခဲ့ရင္ အဂၤလန္လည္း ၁၆သင္းအဆင့္မွာ ဆြီဒင္၊ ပိုလန္၊ ဆလိုဗက္ကီးယား တစ္သင္းသင္းနဲ႔ ေတြ႕ဆုံရမွာပါ။

အဂၤလန္ဟာ အဓိကၿပိဳင္ပြဲႀကီးတခ်ိဳ႕မွာ အုပ္စုအဆင့္ကေနေတာင္ ထြက္ခဲ့ရတာေတြရွိလို႔ အခုလိုေျပာေနတာက ပိုတယ္လို႔ ေ၀ဖန္ခံရႏိုင္ေပမယ့္ အဂၤလန္ရဲ႕အေနအထားက ဒီပုံစံအတိုင္း သုံးသပ္ဖို႔ ေကာင္းေနပါတယ္။
အဂၤလန္ဟာ ၂၀၁၈ ကမၻာ့ဖလားၿပိဳင္ပြဲမွာ အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ ဘယ္လ္ဂ်ီယံနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ႏွစ္သင္းစလုံးက ဒီပြဲမတိုင္ခင္ကတည္းက ၁၆သင္းအဆင့္ကို တက္ၿပီးသားပါ။
အဲဒီမွာ ႐ံႈးတဲ့အသင္းက ႐ႈံးထြက္အဆင့္မွာ လမ္းေၾကာင္းပိုေခ်ာင္ႏိုင္ၿပီး အဂၤလန္ေရာ ဘယ္လ္ဂ်ီယံပါ ဆီမီးဖိုင္နယ္အထိ တက္ေရာက္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ အဂၤလန္အသင္း ျဖတ္သန္းခဲ့ရတဲ့ ႐ံႈးထြက္လမ္းေၾကာင္းမွာ ကိုလံဘီယာ၊ ဆြီဒင္၊ ခ႐ိုေအးရွားတို႔ ပါ၀င္ေနၿပီး ဘယ္လ္ဂ်ီယံက ဂ်ပန္၊ ဘရာဇီး၊ ျပင္သစ္တို႔နဲ႔ ရင္ဆိုင္ခဲ့ရတာကို ၾကည့္ရင္ ဘယ္လမ္းေၾကာင္းက ပိုေခ်ာင္လဲဆိုတာ ခန္႔မွန္းႏိုင္ပါတယ္။