အူစိန်းဘော့က အသင်းဖော်တွေအနေနဲ့ ရော်နယ်လ်ဒိုဆီက ဝန်ထုပ်ဝန်ပိုးတွေကို ခွဲဝေမယူနိုင်ဘူးဆိုရင် ယူနိုက်တက်ဆက်ပြီး ရုန်းကန်ရဖို့ရှိ

ဂျမေကာနာမည်ကျော်အပြေးသမားဖြစ်သူ အူစိန်းဘော့က စီရော်နယ်လ်ဒိုအပေါ်

အလွန်အကျွံမှီခိုနေတာနဲ့ပတ်သက်လို့ မန်ချက်စတာယူနိုက်တက်အသင်းကို

ဝေဖန်ပြစ်တင်လိုက်ပါတယ်။ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ

စီရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ ယူနိုက်တက်အသင်းဆီတစ်ကျော့ပြန်

လာချိန်ကစလို့ ဂိုးတွေသွင်းယူနေပြီး အခုအချိန်အထိ ပြိုင်ပွဲစုံ(၁၂)ပွဲကစား၊

(၉)ဂိုးအထိသွင်းယူထားပါတယ်။

ဒါပေမဲ့ အူစိန်းဘော့က ယူနိုက်တက်အသင်းဖော်တွေအနေနဲ့

စီရော်နယ်လ်ဒိုဆီက ဝန်ထုပ်ဝန်ပိုးတွေကို

ခွဲဝေမယူနိုင်ဘူးဆိုရင် ယူနိုက်တက်အသင်းဆက်ပြီးတော့ရုန်းကန်ရဖို့

ရှိတယ်လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့အမာခံပရိသတ်တစ်ဦးဖြစ်တဲ့

အူစိန်းဘော့က “စီရော်နယ်လ်ဒိုဟာ ပွဲတိုင်းမှာ ယူနိုက်တက်အသင်းကို

ကယ်တင်ပေးနေတာဖြစ်ပါတယ်။ တခြားကစားသမားတွေလည်း သူ့လိုပဲ

ကိုယ့်တာဝန်ကိုယ်ကျေအောင်ကစားဖို့လိုအပ်ပါတယ်။

ယူနိုက်တက်အသင်းဟာ စွဲမက်စရာကစားဟန်နဲ့မကစားနိုင်တာ

တော်တော်လေးကြာနေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် နည်းပြဆိုးလ်ရှားအပေါ်

ဖိအားတွေများနေပြီး လာမယ့်စနေနေ့ကျရင် ဝက်ဖို့ဒ်နဲ့ကစားမယ့်ပွဲမှာ

ရလဒ်မကောင်းခဲ့ရင် ရာထူးကအထုတ်ခံရဖို့ရှိနေပါပြီ။

zawgyi

အူစိန္းေဘာ့က အသင္းေဖာ္ေတြအေနနဲ႔ ေရာ္နယ္လ္ဒိုဆီက ဝန္ထုပ္ဝန္ပိုးေတြကို ခြဲေဝမယူႏိုင္ဘူးဆိုရင္ ယူႏိုက္တက္ဆက္ၿပီး ႐ုန္းကန္ရဖို႔ရွိ

ဂ်ေမကာနာမည္ေက်ာ္အေျပးသမားျဖစ္သူ အူစိန္းေဘာ့က စီေရာ္နယ္လ္ဒိုအေပၚ

အလြန္အကြၽံမွီခိုေနတာနဲ႔ပတ္သက္လို႔ မန္ခ်က္စတာယူႏိုက္တက္အသင္းကို

ေဝဖန္ျပစ္တင္လိုက္ပါတယ္။ အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ

စီေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ယူႏိုက္တက္အသင္းဆီတစ္ေက်ာ့ျပန္

လာခ်ိန္ကစလို႔ ဂိုးေတြသြင္းယူေနၿပီး အခုအခ်ိန္အထိ ၿပိဳင္ပြဲစုံ(၁၂)ပြဲကစား၊

(၉)ဂိုးအထိသြင္းယူထားပါတယ္။ ဒါေပမဲ့ အူစိန္းေဘာ့က ယူႏိုက္တက္

အသင္းေဖာ္ေတြအေနနဲ႔ စီေရာ္နယ္လ္ဒိုဆီက ဝန္ထုပ္ဝန္ပိုးေတြကို

ခြဲေဝမယူႏိုင္ဘူးဆိုရင္ ယူႏိုက္တက္အသင္းဆက္ၿပီးေတာ့႐ုန္းကန္ရဖို႔

ရွိတယ္လို႔ ဆိုခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕အမာခံပရိသတ္တစ္ဦးျဖစ္တဲ့

အူစိန္းေဘာ့က “စီေရာ္နယ္လ္ဒိုဟာ ပြဲတိုင္းမွာ ယူႏိုက္တက္အသင္းကို

ကယ္တင္ေပးေနတာျဖစ္ပါတယ္။ တျခားကစားသမားေတြလည္း သူ႔လိုပဲ

ကိုယ့္တာဝန္ကိုယ္ေက်ေအာင္ကစားဖို႔လိုအပ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ စြဲမက္စရာကစားဟန္နဲ႔မကစားႏိုင္တာ

ေတာ္ေတာ္ေလးၾကာေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕

ရလဒ္ဆိုးေတြေၾကာင့္ နည္းျပဆိုးလ္ရွားအေပၚ ဖိအားေတြမ်ားေနၿပီး

လာမယ့္စေနေန႔က်ရင္ ဝက္ဖို႔ဒ္နဲ႔ကစားမယ့္ပြဲမွာ ရလဒ္မေကာင္းခဲ့ရင္

ရာထူးကအထုတ္ခံရဖို႔ရွိေနပါၿပီ။