အူပါမီကာနိုကို ခေါ်ယူဖို့ ချဲလ်ဆီးအသင်း စိတ်ဝင်စားလျက်ရှိ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ချဲလ်ဆီးအသင်းဟာ RB လိုက်ဇစ် နောက်ခံကစားသမား Dayot Upamecano ကို နွေရာသီအပြောင်းအရွေ့မှာ ခေါ်ယူဖို့ အသင့်ရှိကြောင်း သိရပါတယ်။ လာမယ့် နွေရာသီ အပြောင်းအရွေ့မှာ ပြင်သစ်နောက်ခံကစားသမားကို ခေါ်ယူလိုတဲ့အသင်းတွေ များစွာရှိနေပြီး ချဲလ်ဆီးအသင်းက နောက်ဆုံး စိတ်ဝင်စားတဲ့အသင်းအနေနဲ့ ပါဝင်လာတာ ဖြစ်ပါတယ်။

အသက် ( ၂၂ ) နှစ် အရွယ် ကစားသမားဟာ ပြီးခဲ့တဲ့ နွေရာသီက ပြောင်းရွေ့ကြေး ပေါင်သန်း ( ၄၀ ) အပါအဝင် စာချုပ်သစ်တစ်ရပ်ကို ချုပ်ဆိုခဲ့ပါတယ်။ ဖရန့်လမ်းပတ်ရဲ့ ချဲလ်ဆီးအသင်းဟာ ဒီရာသီမှာ သီယာဂိုဆေးလ်ဗား နှင့် ကတ် ဇူးမားတို့ centre back အတွဲကို အဓိက အသုံးပြုနေရပါတယ်။

နွေရာသီ အပြောင်းအရွေ့မှာ ခေါ်ယူခဲ့တဲ့ သီယာဂို ဆေးလ်ဗားက အသက် ( ၃၆ ) နှစ် ရှိပြီဖြစ်ပြီး ရူဒရီဂါ ၊ ခရစ်စတန်ဆန် နှင့် တိုမိုရီတို့အနာဂတ်ကလည်း သေချာမှုမရှိတဲ့အတွက် ချဲလ်ဆီးအသင်းဟာ ကာလရှည်အသုံးပြနိုင်မယ့် ဗဟိုခံစစ်မှူးတစ်ဦးကို အလိုရှိတာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း Upamecano ကို ခေါ်ယူဖို့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီး လက်ရှိမှာ ဗဟိုခံစစ်ကစားသမား ပြဿနာတွေ ရင်ဆိုင်နေရတဲ့ လီဗာပူးအသင်း နှင့် မန်ချက်စတာ ယူနိုက်တက်အသင်းတို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

စပိန် အသင်းကြီး ( ၂ ) သင်းဖြစ်တဲ့ ရီးရဲ မက်ဒရစ် နှင့် ဘာစီလိုနာကလည်း ဂျာမာန်ဘီလူးကြီး ဘိုင်ယန်မြူးနစ်နဲ့အတူ Upamecano ကို စောင့်ကြည့်လျက်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ Source : Daily Mail

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ခ်ဲလ္ဆီးအသင္းဟာ RB လိုက္ဇစ္ ေနာက္ခံကစားသမား Dayot Upamecano ကို ေႏြရာသီအေျပာင္းအေ႐ြ႕မွာ ေခၚယူဖို႔ အသင့္ရွိေၾကာင္း သိရပါတယ္။ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ျပင္သစ္ေနာက္ခံကစားသမားကို ေခၚယူလိုတဲ့အသင္းေတြ မ်ားစြာရွိေနၿပီး ခ်ဲလ္ဆီးအသင္းက ေနာက္ဆုံး စိတ္ဝင္စားတဲ့အသင္းအေနနဲ႔ ပါဝင္လာတာ ျဖစ္ပါတယ္။ အသက္ ( ၂၂ ) ႏွစ္ အ႐ြယ္ ကစားသမားဟာ ၿပီးခဲ့တဲ့ ေႏြရာသီက ေျပာင္းေ႐ြ႕ေၾကး ေပါင္သန္း ( ၄၀ ) အပါအဝင္ စာခ်ဳပ္သစ္တစ္ရပ္ကို ခ်ဳပ္ဆိုခဲ့ပါတယ္။

ဖရန႔္လမ္းပတ္ရဲ႕ ခ်ဲလ္ဆီးအသင္းဟာ ဒီရာသီမွာ သီယာဂိုေဆးလ္ဗား ႏွင့္ ကတ္ ဇူးမားတို႔ centre back အတြဲကို အဓိက အသုံးျပဳေနရပါတယ္။ ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ေခၚယူခဲ့တဲ့ သီယာဂို ေဆးလ္ဗားက အသက္ ( ၃၆ ) ႏွစ္ ရွိၿပီျဖစ္ၿပီး ႐ူဒရီဂါ ၊ ခရစ္စတန္ဆန္ ႏွင့္ တိုမိုရီတို႔အနာဂတ္ကလည္း ေသခ်ာမႈမရွိတဲ့အတြက္ ခ်ဲလ္ဆီးအသင္းဟာ ကာလရွည္အသုံးျပႏိုင္မယ့္ ဗဟိုခံစစ္မႉးတစ္ဦးကို အလိုရွိတာ ျဖစ္ပါတယ္။

အာဆင္နယ္အသင္းကလည္း Upamecano ကို ေခၚယူဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီး လက္ရွိမွာ ဗဟိုခံစစ္ကစားသမား ျပႆနာေတြ ရင္ဆိုင္ေနရတဲ့ လီဗာပူးအသင္း ႏွင့္ မန္ခ်က္စတာ ယူႏိုက္တက္အသင္းတို႔ကလည္း ေခၚယူဖို႔ စိတ္ဝင္စားေနတယ္လို႔ သိရပါတယ္။ စပိန္ အသင္းႀကီး ( ၂ ) သင္းျဖစ္တဲ့ ရီးရဲ မက္ဒရစ္ ႏွင့္ ဘာစီလိုနာကလည္း ဂ်ာမာန္ဘီလူးႀကီး ဘိုင္ယန္ျမဴးနစ္နဲ႔အတူ Upamecano ကို ေစာင့္ၾကည့္လ်က္ရွိတယ္လို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။ Source : Daily Mail