အူဘာမီယန်းရဲ့ဂိုးပေါက်ပြန်တွေ့မှုနဲ့အတူ ယူနိုက်တက်ကို အဝေးကွင်းမှာ အနိုင်ယူခဲ့တဲ့ အာဆင်နယ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စူပါဆန်းဒေးရဲ့အကောင်းဆုံးပွဲစဉ်တစ်ပွဲဖြစ်တာနဲ့အညီ အိမ်ရှင်ယူနိုက်တက် အတောင့်တင်းဆုံးလူစာရင်းနဲ့ အာဆင်နယ်ကို ရင်ဆိုင်လာခဲ့ပါတယ်။ အာဆင်နယ်ကလည်း ယူရိုပါလိဂ်လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့ပြီး တိုက်စစ်ပိုင်းမှာ လာကာဇက်တီကိုအထောင်ထားကာ ဝီလျံ နဲ့ အူဘာမီယန်းတို့က ဘယ်ညာတောင်ပံတွေမှာ ပါဝင်လာခဲ့ပါတယ်။


ပွဲစတယ်ဆိုတာနဲ့ အိမ်ရှင်ယူနိုက်တက်က ဦးဆောင်ဂိုးရဖို့ ကြိုးစားလာခဲ့ပေမယ့် အာဆင်နယ်ကတော့ တန်ပြန်တိုက်စစ်နဲ့ပဲ ယူနိုက်တက်ခံစစ်ကိုဖိအားပေးလာခဲ့ပါတယ်။

ပွဲကစားချိန် ၁၀ မိနစ်လောက်မှာတန်ပြန်တိုက်စစ်ကနေ ဆာကာအခွင့်အရေးရခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် ဦးဆောင်ဂိုးနဲ့ ဝေးကွာခဲ့ရပါတယ်။


အဲ့နောက် ပွဲကစားချိန် ၁၂ မိနစ်မှာ ဘယ်လာရင်ပေးပို့မှုတိကျခဲ့ပေမယ့် အူဘာမီယန်းနောက်ကျနေခဲ့တာကြောင့် အခွင့်အရေးတစ်ရပ်ဆုံးရှုံးခဲ့ရပါတယ်။ ပထမပိုင်းအတွင်း ယူနိုက်တက်ရဲ့ကစားပုံက အာဆင်နယ်ရဲ့ pressing ကြောင့် တည်မရဖြစ်ခဲ့ပြီး ပွဲကစားချိန် ၂၁ မိနစ်မှာ ဂရင်းဝုဒ်ရဲ့အပိုင်ကန်ချက်တစ်ကြိမ်ကိုသာ မြင်ခဲ့ရပါတယ်။

နောက်ပိုင်းပွဲကစားချိန်တွေကို အာဆင်နယ်က ဖိအားပေးကစားခဲ့ပေမယ့် အဆုံးသတ်မသေချာတာကြောင့် ပထမပိုင်းက ဂိုးမရှိသရေနဲ့ပွဲပြီးဆုံးခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ယူနိုက်တက်တို့ သေချာလေးပြင်ဆင်လာခဲ့ပြီး ဒုတိယပိုင်းစပြီးပြီးချင်း ၂ မိနစ်မှာ ဝမ်ဘစ်ဆာကာကရဲ့ကန်ချက်နဲ့ အာဆင်နယ်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။

အာဆင်နယ်ရဲ့လုပ်အားနှုန်းကတော့ ဒုတိယပိုင်းမှာ ကျဆင်းလာခဲ့ပြီး ယူနိုက်တက်ရဲ့တိုက်စစ်ကိုသာ ခံစစ်မှာ ဟန့်တားနေခဲ့ရပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ အယ်လ်နီနီရဲ့ကန်ချက်တစ်ကြိမ်လောက်သာ မြင်ခဲ့ရပါတယ်။


ဒါပေမယ့် ပွဲကစားချိန် ၆၈ မိနစ်မှာ တန်ပြန်တိုက်စစ်ကနေ ရရှိလာတဲ့ဘောလုံးကို ဝီလျံက ဘယ်လာရင်ချအပေးမှာ ပေါ့ဂ်ဘာပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီရရှိခဲ့ပြီး အဆိုပါပင်နယ်တီကို ၅ ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တဲ့ အူဘာမီယန်းက အဆုံးသတ်ကာ အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

ဦးဆောင်ဂိုးပေးလိုက်ရတဲ့ယူနိုက်တက်ဟာ ကာဗာနီ ၊ ဗန်ဒီဘိခ်တို့ကို လဲပြီး တိုက်စစ်မြှင့်ခဲ့ပေမယ့်လည်း အာဆင်နယ်က လက်ကျန်ပွဲကစားချိန်မှာ ခံစစ်ကိုသာ အာရုံစိုက်ကစားခဲ့တာကြောင့် ယူနိုက်တက်တို့ ချေပဂိုးမရဘဲ အိမ်ကွင်းမှာ အမှတ်ဗလာနဲ့ နှုတ်ဆက်ခဲ့ရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

 

Zawgyi

အူဘာမီယန္းရဲ႕ဂိုးေပါက္ျပန္ေတြ႕မႈနဲ႔အတူ ယူႏိုက္တက္ကို အေ၀းကြင္းမွာ အႏိုင္ယူခဲ့တဲ့ အာဆင္နယ္

စူပါဆန္းေဒးရဲ႕အေကာင္းဆံုးပြဲစဥ္တစ္ပြဲျဖစ္တာနဲ႔အညီ အိမ္ရွင္ယူႏုိက္တက္ အေတာင့္တင္းဆံုးလူစာရင္းနဲ႔ အာဆင္နယ္ကို ရင္ဆိုင္လာခဲ့ပါတယ္။ အာဆင္နယ္ကလည္း ယူရိုပါလိဂ္လူစာရင္းကို အေျပာင္းအလဲလုပ္ခဲ့ျပီး တိုက္စစ္ပိုင္းမွာ လာကာဇက္တီကိုအေထာင္ထားကာ ၀ီလ်ံ နဲ႔ အူဘာမီယန္းတို႔က ဘယ္ညာေတာင္ပံေတြမွာ ပါ၀င္လာခဲ့ပါတယ္။

ပြဲစတယ္ဆိုတာနဲ႔ အိမ္ရွင္ယူႏိုက္တက္က ဦးေဆာင္ဂိုးရဖို႔ ၾကိဳးစားလာခဲ့ေပမယ့္ အာဆင္နယ္ကေတာ့ တန္ျပန္တိုက္စစ္နဲ႔ပဲ ယူႏိုက္တက္ခံစစ္ကိုဖိအားေပးလာခဲ့ပါတယ္။ ပြဲကစားခ်ိန္ ၁၀ မိနစ္ေလာက္မွာတန္ျပန္တိုက္စစ္ကေန ဆာကာအခြင့္အေရးရခဲ့ေပမယ့္ လြဲေခ်ာ္ခဲ့တာေၾကာင့္ ဦးေဆာင္ဂုိးနဲ႔ ေ၀းကြာခဲ့ရပါတယ္။

အဲ့ေနာက္ ပြဲကစားခ်ိန္ ၁၂ မိနစ္မွာ ဘယ္လာရင္ေပးပို႔မႈတိက်ခဲ့ေပမယ့္ အူဘာမီယန္းေနာက္က်ေနခဲ့တာေၾကာင့္ အခြင့္အေရးတစ္ရပ္ဆံုးရံႈးခဲ့ရပါတယ္။ ပထမပိုင္းအတြင္း ယူႏိုက္တက္ရဲဲ႕ကစားပံုက အာဆင္နယ္ရဲ႕ pressing ေၾကာင့္ တည္မရျဖစ္ခဲ့ျပီး ပြဲကစားခ်ိန္ ၂၁ မိနစ္မွာ ဂရင္း၀ုဒ္ရဲ႕အပိုင္ကန္ခ်က္တစ္ၾကိမ္ကိုသာ ျမင္ခဲ့ရပါတယ္။

ေနာက္ပိုင္းပြဲကစားခ်ိန္ေတြကို အာဆင္နယ္က ဖိအားေပးကစားခဲ့ေပမယ့္ အဆံုးသတ္မေသခ်ာတာေၾကာင့္ ပထမပိုင္းက ဂိုးမရွိသေရနဲ႔ပြဲျပီးဆံုးခဲ့ပါတယ္။ ဒုတိယပိုင္းမွာေတာ့ ယူႏိုက္တက္တို႔ ေသခ်ာေလးျပင္ဆင္လာခဲ့ျပီး ဒုတိယပိုင္းစျပီးျပိီးခ်င္း ၂ မိနစ္မွာ ၀မ္ဘစ္ဆာကာကရဲ႕ကန္ခ်က္နဲ႔ အာဆင္နယ္ဂိုးေပါက္ကို ျခိမ္းေျခာက္ႏုိင္ခဲ့ပါတယ္။

အာဆင္နယ္ရဲ႕လုပ္အားႏႈန္းကေတာ့ ဒုတိယပိုင္းမွာ က်ဆင္းလာခဲ့ျပီး ယူႏိုက္တက္ရဲ႕တိုက္စစ္ကိုသာ ခံစစ္မွာ ဟန္႔တားေနခဲ့ရပါတယ္။ အာဆင္နယ္ဟာ ဒုတိယပုိင္းမွာ အယ္လ္နီနီရဲ႕ကန္ခ်က္တစ္ၾကိမ္ေလာက္သာ ျမင္ခဲ့ရပါတယ္။

ဒါေပမယ့္ ပြဲကစားခ်ိန္ ၆၈ မိနစ္မွာ တန္ျပန္တိုက္စစ္ကေန ရရွိလာတဲ့ေဘာလံုးကို ၀ီလ်ံက ဘယ္လာရင္ခ်အေပးမွာ ေပါ့ဂ္ဘာျပစ္ဒဏ္က်ဴးလြန္ခဲ့တာေၾကာင့္ ပင္နယ္တီရရွိခဲ့ျပီး အဆိုပါပင္နယ္တီကို ၅ ပြဲဆက္ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ အူဘာမီယန္းက အဆံုးသတ္ကာ အသင္းအတြက္ ဦးေဆာင္ဂိုးသြင္းယူေပးခဲ့ပါတယ္။

ဦးေဆာင္ဂိုးေပးလိုက္ရတဲ့ယူႏုိက္တက္ဟာ ကာဗာနီ ၊ ဗန္ဒီဘိခ္တို႔ကို လဲျပီး တိုက္စစ္ျမွင့္ခဲ့ေပမယ့္လည္း အာဆင္နယ္က လက္က်န္ပြဲကစားခ်ိန္မွာ ခံစစ္ကိုသာ အာရံုစိုက္ကစားခဲ့တာေၾကာင့္ ယူႏိုက္တက္တို႔ ေခ်ပဂိုးမရဘဲ အိမ္ကြင္းမွာ အမွတ္ဗလာနဲ႔ ႏႈတ္ဆက္ခဲ့ရပါတယ္။