
ယူနိုက်တက်အသင်းဟာ အေဂျက်အသင်းရဲ့ ကွင်းလယ်ကစားသမား
ဂရာဗန်ဘာ့ချ်ကို အိုးထရက်ဖိုဒ့်ထံ ခေါ်ယူရန်အတွက်
ကင်းထောက်စေလွှတ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
နယ်သာလန်လက်ရွေးစင်ဟာ အလွန်စိတ်လှုပ်ရှားစရာကောင်းတဲ့
လူငယ်ပါရမီရှင်တစ်ဦးဖြစ်ပြီး ယခုနွေရာသီတွင် ယူနိုက်တက် အသင်းအတွက်
ရွေးချယ်စရာတစ်ခုအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း The Athletic က ဖော်ပြခဲ့ပါတယ်။
လူငယ်ကြယ်ပွင့်ကစားသမားဟာ ဥရောပထိပ်သီးအသင်းတွေရဲ့
စိတ်ဝင်စားခြင်းကို ခံနေရသူတွေထဲက အရည်အသွေးမြင့်ကစားသမားပဲဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ အသင်းရဲ့ ကွင်းလယ်အင်အားကို တောင့်တင်းရန်အတွက်
အဓိက ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
အေဂျက် နည်းပြ တန်ဟက်နှင့်လည်း ချိတ်ဆက်မှုများ ရှိနေတာကြောင့်
ယူနိုက်တက်အတွက် နှစ်သီးစား အခွင့်အရေးဖြစ်လာနိုင်ပါတယ်။
တန်ဟက်ဟာအခုအချိန်အထိ ဂရာဗန်ဘာ့ချ်ရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ
အဓိကအခန်းကဏ္ဍမှပါဝင်နေတာ ဖြစ်ပြီး၊
ကံကောင်းရင်တော့ သူတို့နှစ်ယောက် ယူနိုက်တက် မှာ
ဆက်လက် လက်တွဲလုပ်ဆောင်ရန် အခွင့်အရေးကောင်း ရပါမယ်။
အဲဒီကစားသမားလေးဟာ ပြီးခဲ့တဲ့ရာသီကမှာ အေဂျက်အသင်းအတွက်
ပုံမှန်ကစားခွင့်ရလာပြီး ပြိုင်ပွဲစုံ (၉၇) ပွဲကစား ပြီး (၁၁) ဂိုးသွင်းယူပေးထားပါတယ်။
ဒါပေမယ့် အသက် 19 နှစ်အရွယ် ကစားသမားလေးဟာ
ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ နှစ်သက်တယ်လို့ သတင်းထွက်ထားပါသေးတယ်။
zawgyi
အေဂျက်ကွင်းလယ်လူကို ခေါ်ယူချင်တဲ့ယူနိုက်တက်
ဂရာဗန်ဘာ့ခ်ျကို အိုးထရက်ဖိုဒ့်ထံ ခေါ်ယူရန်အတွက်
တန်ဟက်ဟာအခုအချိန်အထိ ဂရာဗန်ဘာ့ခ်ျရဲ့ဖွံ့ဖြိုးတိုးတက်မှုမှာ