မန်ချက်စတာယူနိုက်တက်အသင်းဟာ အေဂျက်စ်အသင်းအတွက်ခြေစွမ်းပြ
ကစားနေတဲ့လူငယ်ကွင်းလယ်လူဂရာဗန်ဘာ့ချ်ကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့
သတင်းထွက်နေပါတယ်။
အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ နယ်သာလန်
လူငယ်ကစားသမားဂရာဗန်ဘာ့ချ်ဟာ အေဂျက်စ်အသင်းကွင်းလယ်မှာ
အဓိက,ကစားသမားအဖြစ်ပါဝင်ကစားနေပြီး ကွင်းလယ်ပိုင်းအားနည်းနေတဲ့
ယူနိုက်တက်အသင်းအတွက် ဂရာဗန်ဘာ့ချ်က အကောင်းဆုံးအဖြေတစ်ခုဖြစ်လာမှာပါ။
ဒါပေမဲ့လည်း ဂရာဗန်ဘာ့ချ်ကို လီဗာပူးလ်အသင်းကလည်းပစ်မှတ်ထားနေတာကြောင့်
ယူနိုက်တက်အသင်းအနေနဲ့ လီဗာပူးလ်နဲ့အပြိုင်ကြိုးပမ်းရဖို့ရှိနေပါပြီ။
လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းနဲ့လမ်းခွဲခဲ့တဲ့ဝိုင်နယ်လ်ဒမ်း
နေရာကိုအစားထိုးဖို့ ကစားသမားသစ်မခေါ်ခဲ့ပေမယ့် အခု လူငယ်ကစားသမား
အယ်လီယက်က ဒဏ်ရာကြောင့်အနားယူနေရတဲ့အတွက် ဂရာဗန်ဘာ့ချ်နဲ့အားဖြည့်ဖို့
ဆန္ဒရှိနေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းအတွက် ပြဿနာရှိတာက
ဂရာဗန်ဘာ့ချ်ရဲ့အေးဂျင့်ကရိုင်အိုလာဖြစ်နေတာကြောင့်ဖြစ်ပြီး ရိုင်အိုလာနဲ့
ယူနိုက်တက်အသင်းတို့ဟာ ပေ့ါဘာရဲ့အပြောင်းအရွှေ့ကိစ္စအတွက်
ဆက်ဆံရေးအဆင်မပြေဖြစ်ခဲ့ဖူးပါတယ်။
zawgyi
အေဂျက်စ်လူငယ်ကြယ်ပွင့်ဂရာဗန်ဘာ့ခ်ျကို သရဲနီ ပစ်မှတ်ထားနေ
ကစားနေတဲ့လူငယ်ကွင်းလယ်လူဂရာဗန်ဘာ့ခ်ျကိုခေါ်ယူဖို့ စိတ်ဝင်စားနေတယ်လို့
လူငယ်ကစားသမားဂရာဗန်ဘာ့ခ်ျဟာ အေဂျက်စ်အသင်းကွင်းလယ်မှာ
ယူနိုက်တက်အသင်းအတွက် ဂရာဗန်ဘာ့ခ်ျက အကောင်းဆုံးအဖြေတစ်ခုဖြစ်လာမှာပါ။
ဒါပေမဲ့လည်း ဂရာဗန်ဘာ့ခ်ျကို လီဗာပူးလ်အသင်းကလည်းပစ်မှတ်ထားနေတာကြောင့်
အယ်လီယက်က ဒဏ်ရာကြောင့်အနားယူနေရတဲ့အတွက် ဂရာဗန်ဘာ့ခ်ျနဲ့အားဖြည့်ဖို့
ဂရာဗန်ဘာ့ခ်ျရဲ့အေးဂျင့်ကရိုင်အိုလာဖြစ်နေတာကြောင့်ဖြစ်ပြီး ရိုင်အိုလာနဲ့
ယူနိုက်တက်အသင်းတို့ဟာ ပေါ့ဘာရဲ့အပြောင်းအရွှေ့ကိစ္စအတွက်