
ကတ်တလန်အခြေစိုက် သတင်းဌာနဖြစ်တဲ့ SPORT အရ
ဘာစီလိုနာအသင်းဟာ အေစီမီလန်ကွင်းလယ်ကစားသမား ဖရန့် ကက်ဆီကို
အလွတ်ပြောင်းရွေ့ကြေးဖြင့် ခေါ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
ကစာသမားက နွေရာသီမှာ စပိန်ကလပ်နဲ့ ပူးပေါင်းသွားဖို့ရှိပြီး
ဆွေးနွေးမှုတွေအားလုံး အောင်မြင်စွာ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
မီလန်အသင်းက ကစားသမားရဲ့ လစာတိုးမြင့်တောင်းဆိုမှုကြောင့်
စာချုပ်သက်တမ်းတိုးဖို့ ြငင်းဆန်ခဲ့ပြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုအရ
ကွင်းလယ်ကစားသမားဟာ ဘာကာမှာ တစ်ရာသီလုပ်ခလစာ
ယူရို ( ၆.၅ ) သန်း ရရှိမယ်လို့ သိရပါတယ်။ ကက်ဆီက မီလန်ရဲ့ ဒွါဘယ်ပိုင်ပေါ့
(double pivot ) အခင်းအကျင်းမှာ နံပါတ် ( ၈ ) နေရာကနေ ကစားပြီး
ဒီရာသီအတွင်း ( ၅ ) ဂိုးထိ သွင်းယူထားပါတယ်။
ဒါက ကျေနပ်စရာရလာဒ်ဆိုပေမယ့် ပြီးခဲ့တဲ့ရာသီအတွင်း ( ၁၃ ) ဂိုးသွင်းပြီး
( ၄ )ဂိုး ဖန်တီးနိုင်ခဲ့တဲ့ မှတ်တမ်းအောက် လျော့နည်းနေပါသေးတယ်။
ဇာဗီက အသက် ( ၂၅ ) နှစ်အရွယ် ကစားသမားရဲ့ ရုပ်ပိုင်းဆိုင်ရာ အားသာချက်ကို
သဘောကျပြီး အသင်းမှာ ချက်ချင်း ပုံမှန်ပွဲထွက်ခွင့်ရဖို့ မမျှော်လင့်နိုင်ပေမယ့်
တဖြည်းဖြည်းနဲ့ ပွဲကစားခွင့်ရလာဖို့ရှိနေပါတယ်။
ဘာစီလိုနာအသင်းရဲ့ ကွင်းလယ်မှာတော့ ယခုကတည်းက ပွဲကစားခွင့်အတွက်
ပြိုင်ဆိုင်မှုပြင်းထန်နေပြီး မန်နေဂျာက အသင်းရဲ့ အဆင့်အတန်းကို
မြင့်တင်ဖို့ ပုံစံမတူညီတဲ့ ကစားသမားတွေကို ပေါင်းထည့်လိုနေတာဖြစ်ပါတယ်။
ကက်ဆီက ဘာစီလိုနာရဲ့ ဒုတိယမြောက် ခေါ်ယူမှုဖြစ်လာဖို့ မျှော်လင့်ရပြီး
ဇာဗီရဲ့အသင်းက ချဲလ်ဆီးနောက်ခံလူ အင်ဒရီ ခရစ္စတင်ဆန်ကိုလည်း
ခေါ်ယူနိုင်ခဲ့ပြီလို့ ယူဆလို့ရနိုင်ပါတယ်။ တကယ်လို့ ခြင်္သေ့ပြာတို့ရဲ့
အသင်းခေါင်းဆောင် ဆီဇာ အက်စပီလီကွီတာလည်း စတန်းဖို့ဒ်ဘရစ်ချ်နဲ့
နောက်ထပ်သက်တမ်းတိုးနိုင်ခြင်းမရှိပါက ဘာစီလိုနာထံ ရောက်ရှိဖို့ အလားအလာများနေပါတယ်။
zawgyi
အေစီမီလန်ကွင်းလယ်ကစားသမား ဖရန့် ကက်ဆီကို အလွတ်ခေါ်ယူနိုင်ပြီဖြစ်တဲ့ ဘာစီလိုနာ
စာချုပ်သက်တမ်းတိုးဖို့ ငြင်းဆန်ခဲ့ပြီး သတင်းထောက် ဖာဘရီဇီယို ရိုမန်နိုအရ
အသင်းခေါင်းဆောင် ဆီဇာ အက်စပီလီကွီတာလည်း စတန်းဖို့ဒ်ဘရစ်ခ်ျနဲ့