အေစီမီလန်အတွက် တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ဒါလော့ အပေါ် မန်ယူပရိသတ်တွေ များစွာမျှော်လင့်လာ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ကြာသပတေးနေ့က ယူရိုပါလိဂ်ပွဲမှာ အေစီမီလန်အသင်းအတွက် တစ်ဂိုးသွင်းပြီး တစ်ဂိုးဖန်တီးပေးခဲ့တဲ့ ပေါ်တူဂီနောက်ခံအစွန်လူ ဒါလော့ရဲ့ခြေစွမ်းကို မန်ချက်စတာယူနိုက်တက်ပရိသတ်တွေ ချီးကျူးနေကြပါတယ်။

အေစီမီလန်အသင်းမှာ အငှားနဲ့သွားကစားပေမယ့် အနာဂတ်မှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် အားကိုးရမယ့်နောက်ခံအစွန်လူတစ်ဦးဖြစ်လာမယ်လို့လည်း ဒါလော့အပေါ် ယူနိုက်တက်ပရိသတ်တွေ ယုံကြည်နေကြပါတယ်။

ကြာသပတေးနေ့က စပါတာရပ်ဂ်နဲ့ပွဲမှာ ဒါလော့ဟာ ပုံမှန်ကစားနေကြမဟုတ်တဲ့ ဘယ်နောက်ခံကို ထွက်ကစားခဲ့ရပါတယ်။ အေစီမီလန်အသင်းအတွက် ဘရိုင်ယန်ဒီယက်ဇ်က ဦးဆောင်ဂိုးစသွင်းပြီးနောက် ဒုတိယပိုင်းမှာ ရာဖေးလီယိုရဲ့ဂိုးကို ဒါလော့က လှလှပပ ဖန်တီးပေးခဲ့ပါတယ်။

ဒ့ါအပြင် နောက်ထပ်သွင်းဂိုးတစ်ဂိုးကိုလည်း သူကိုယ်တိုင်သွင်းနိုင်ခဲ့ပါတယ်။ ဘယ်တောင်ပံတလျှောက် မြန်နှုန်းမြင့် သူ့ကစားဟန်ကြောင့် မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဒီ ပေါ်တူဂီကြယ်ပွင့်ကို တော်တော်လေး အားရနေကြပါတယ်။

မန်ချက်စတာယူနိုက်တက်ပရိသတ်တစ်ဦးက “ မီလန်အတွက် ဒါလော့ တော်တော်လေးခြေစွမ်းပြနေပုံပဲ။ မြင်ရတာကျေနပ်စရာပါ။ အသင်းရဲ့အနာဂတ်မှာ သူ့ကိုတကယ်ရှိစေချင်ပါတယ်”လို့ တွစ်တာမှာပို့စ်တင်ခဲ့ပါတယ်။

နောက်ထပ်ပရိသတ်တစ်ဦးကလည်း “ ဒါလော့ကို ကျွန်တော်တို့ ချက်ချင်းပြန်ခေါ်လို့ရမလား၊ ကျွန်တော်တို့သူ့ကို အခုအသည်းအသန်လိုချင်နေပါပြီ”လို့ ပို့စ်တင်ပါတယ်။

ဒါလော့ဟာ ပုံမှန်အားဖြင့် ညာနောက်ခံမှာကစားပေမယ့် ဘယ်နောက်ခံကိုပြောင်းကစားရတာ ပြဿနာမရှိကြောင်း ပြောပါတယ်။

RooneyUTDလို့အမည်ရတဲ့ အကောင့်ပိုင်ရှင်က “ဒါလော့ခြေစွမ်းပြနိုင်တဲ့ပွဲပါ။ ဒါကကောင်းတဲ့အရာတစ်ခုပါ။ ဒီရာသီအေစီမီလန်အသင်းမှာ ပုံမှန်ခြေစွမ်းပြနိုင်ပါစေလို့ မျှော်လင့်ရမှာပါပဲ။ ခြေစွမ်းတိုးတက်တဲ့ ကစားသမားတစ်ဦးအဖြစ် သူပြန်လာရင်တော့ မိုက်ပြီ”လို့ ရေးသားခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ေအစီမီလန္အတြက္ တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးေပးခဲ့တဲ့ ဒါေလာ့ အေပၚ မန္ယူပရိသတ္ေတြ မ်ားစြာေမွ်ာ္လင့္လာ

ၾကာသပေတးေန႔က ယူရိုပါလိဂ္ပြဲမွာ ေအစီမီလန္အသင္းအတြက္ တစ္ဂိုးသြင္းၿပီး တစ္ဂိုးဖန္တီးေပးခဲ့တဲ့ ေပၚတူဂီေနာက္ခံအစြန္လူ ဒါေလာ့ရဲ႕ေျခစြမ္းကို မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြ ခ်ီးက်ဴးေနၾကပါတယ္။

ေအစီမီလန္အသင္းမွာ အငွားနဲ႔သြားကစားေပမယ့္ အနာဂတ္မွာ မန္ခ်က္စတာယူႏိုက္တက္အသင္းအတြက္ အားကိုးရမယ့္ေနာက္ခံအစြန္လူတစ္ဦးျဖစ္လာမယ္လုိ႔လည္း ဒါေလာ့အေပၚ ယူႏိုက္တက္ပရိသတ္ေတြ ယံုၾကည္ေနၾကပါတယ္။

ၾကာသပေတးေန႔က စပါတာရပ္ဂ္နဲ႔ပြဲမွာ ဒါေလာ့ဟာ ပံုမွန္ကစားေနၾကမဟုတ္တဲ့ ဘယ္ေနာက္ခံကို ထြက္ကစားခဲ့ရပါတယ္။ ေအစီမီလန္အသင္းအတြက္ ဘရိုင္ယန္ဒီယက္ဇ္က ဦးေဆာင္ဂိုးစသြင္းၿပီးေနာက္ ဒုတိယပိုင္းမွာ ရာေဖးလီယိုရဲ႕ဂိုးကို ဒါေလာ့က လွလွပပ ဖန္တီးေပးခဲ့ပါတယ္။

ဒ့ါအျပင္ ေနာက္ထပ္သြင္းဂိုးတစ္ဂိုးကိုလည္း သူကိုယ္တိုင္သြင္းႏိုင္ခဲ့ပါတယ္။ ဘယ္ေတာင္ပံတေလွ်ာက္ ျမန္ႏႈန္းျမင့္ သူ႔ကစားဟန္ေၾကာင့္ မန္ခ်က္စတာယူႏုိက္တက္ပရိသတ္ေတြဟာ ဒီ ေပၚတူဂီၾကယ္ပြင့္ကို ေတာ္ေတာ္ေလး အားရေနၾကပါတယ္။

မန္ခ်က္စတာယူႏိုက္တက္ပရိသတ္တစ္ဦးက “ မီလန္အတြက္ ဒါေလာ့ ေတာ္ေတာ္ေလးေျခစြမ္းျပေနပံုပဲ။ ျမင္ရတာေက်နပ္စရာပါ။ အသင္းရဲ႕အနာဂတ္မွာ သူ႔ကိုတကယ္ရွိေစခ်င္ပါတယ္”လို႔ တြစ္တာမွာပို႔စ္တင္ခဲ့ပါတယ္။

ေနာက္ထပ္ပရိသတ္တစ္ဦးကလည္း “ ဒါေလာ့ကို ကၽြန္ေတာ္တို႔ ခ်က္ခ်င္းျပန္ေခၚလို႔ရမလား၊ ကၽြန္ေတာ္တို႔သူ႔ကို အခုအသည္းအသန္လိုခ်င္ေနပါၿပီ”လို႔ ပို႔စ္တင္ပါတယ္။

ဒါေလာ့ဟာ ပံုမွန္အားျဖင့္ ညာေနာက္ခံမွာကစားေပမယ့္ ဘယ္ေနာက္ခံကိုေျပာင္းကစားရတာ ျပႆနာမရွိေၾကာင္း ေျပာပါတယ္။

RooneyUTDလို႔အမည္ရတဲ့ အေကာင့္ပိုင္ရွင္က “ဒါေလာ့ေျခစြမ္းျပႏိုင္တဲ့ပြဲပါ။ ဒါကေကာင္းတဲ့အရာတစ္ခုပါ။ ဒီရာသီေအစီမီလန္အသင္းမွာ ပံုမွန္ေျခစြမ္းျပႏိုင္ပါေစလို႔ ေမွ်ာ္လင့္ရမွာပါပဲ။ ေျခစြမ္းတိုးတက္တဲ့ ကစားသမားတစ္ဦးအျဖစ္ သူျပန္လာရင္ေတာ့ မိုက္ၿပီ”လို႔ ေရးသားခဲ့ပါတယ္။