အေဘရာဟမ်ရဲ့ တိုးတက်လာမှုနဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပြီး စိန်ခေါ်မှုတစ်ရပ် ပြုလုပ်လိုက်တဲ့ လမ်းပတ်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဖရန့်ခ် လမ်းပတ်ဟာ တိုက်စစ်မှူး တမ်မီ အေဘရာဟမ်ရဲ့ ပရီးမီးယားလိဂ် သွင်းဂိုးနှုန်း တိုးတက်လာမှုနဲ့ ပတ်သက်လို့ ချီးကျူးခဲ့ပြီး ဒီထက်ပို ကောင်းလာဖို့ စိန်ခေါ်ခဲ့ပါတယ်။

အေဘရာဟမ်ဟာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ၂ဂိုးသွင်းနိုင်ခဲ့ပြီးတဲ့နောက် ပရီးမီးယားလိဂ်မှာ ဂိုး၂၀ပြည့်ခဲ့တဲ့ ဒုတိယမြောက် အသက်ငယ်ဆုံး ချဲလ်ဆီး လူငယ် ကစားသမားအဖြစ် ဟာဇက်ရဲ့နောက်မှာ ရပ်တည်နိုင်ခဲ့ပါတယ်။

အင်္ဂလန်သားဟာ ပရီးမီးယားလိဂ် ၄၇ပွဲမှာ ဂိုး၂၀ သွင်းထားခဲ့ပြီး ဒီနှစ်ရာသီမှာ ၅ဂိုး သွင်းပေးထားခဲ့ပါတယ်။ လမ်းပတ်က အေဘရာဟမ်ဟာ ဆက်လက်တိုးတက်လာမယ့် ကစားသမားအဖြစ် ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။

“သူ့ရဲ့ ခြေစွမ်းပိုင်းအတွက် အလွန်ကျေနပ်မိပြီး တမ်တီက ခြေစွမ်းကောင်းတွေ အများကြီး ယူဆောင်လာပေးပါတယ်။ ဝက်စ်ဟမ်းနဲ့ပွဲမှာလည်း သူ ဘယ်လောက်ထိ လုပ်ပြနိုင်တယ်ဆိုတာ တွေ့မြင်ခဲ့ရသလို ဒီနှစ်ရာသီ သူ ကစားတဲ့ ပွဲတွေမှာလည်း မြင်ခဲ့ပါပြီ”

“တမ်မီနဲ့ ဂျီရော့ဒ်တို့က မတူညီတဲ့ အချိန်တွေမှာ ကိုယ်ပိုင်နည်းလမ်းတွေနဲ့ အသင်းကို ကူညီပေးနေပါတယ်။ အခု သူ ကြိုးစားနေပြီး တိုးတက်နေဆဲလည်း ဖြစ်ပါတယ်။ မနှစ်က သူ တော်တော်လေးကောင်းပြီး ပရီးမီးယားလိဂ်ပွဲဦးထွက်မှာ ဝင်ဆံ့ခဲ့ပြီး အဲ့ဒီထက် အများကြီး သူ လုပ်နိုင်ပါသေးတယ်။ သူနဲ့ ပတ်သက်ပြီး ကျွန်တော် အလွန်ကျေနပ်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ဘောင်ဆင်ဒေးပွဲအဖြစ် အာဆင်နယ်နဲ့ ကစားပြီးရင် ဒီဇင်လာ ၂၈ရက်နေ့မှာ အက်စတွန်ဗီလာနဲ့ ဆက်ကစားရမှာ ဖြစ်ပါတယ်။ အဆိုပါ ပွဲစဉ်တွေမှာ ချဲလ်ဆီးအသင်းက ဒဏ်ရာ အသီးသီး ရနေကျတဲ့ ဘန်ချီဝဲလ်၊ ရိစ်ဂျိမ်းစ်၊ ဇီယက်ချ်တို့ မပါဘဲ ရင်ဆိုင်ရဖွယ် ရှိနေပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေအဘရာဟမ္ရဲ႕ တုိးတက္လာမႈနဲ႔ ပတ္သက္လို႔ ေဆြးေႏြးခဲ့ျပီး စိန္ေခၚမႈတစ္ရပ္ ျပဳလုပ္လိုက္တဲ့ လမ္းပတ္

ဖရန္႔ခ္ လမ္းပတ္ဟာ တုိက္စစ္မွဴး တမ္မီ ေအဘရာဟမ္ရဲ႕ ပရီးမီးယားလိဂ္ သြင္းဂိုးႏႈန္း တုိးတက္လာမႈနဲ႔ ပတ္သက္လို႔ ခ်ီးက်ဴးခဲ့ျပီး ဒီထက္ပုိ ေကာင္းလာဖုိ႔ စိန္ေခၚခဲ့ပါတယ္။ ေအဘရာဟမ္ဟာ ၀က္စ္ဟမ္းနဲ႔ ပြဲမွာ ၂ဂိုးသြင္းႏိုင္ခဲ့ျပီးတဲ့ေနာက္ ပရီးမီးယားလိဂ္မွာ ဂိုး၂၀ျပည့္ခဲ့တဲ့ ဒုတိယေျမာက္ အသက္ငယ္ဆံုး ခ်ဲလ္ဆီး လူငယ္ ကစားသမားအျဖစ္ ဟာဇက္ရဲ႕ေနာက္မွာ ရပ္တည္ႏုိင္ခဲ့ပါတယ္။

အဂၤလန္သားဟာ ပရီးမီးယားလိဂ္ ၄၇ပြဲမွာ ဂိုး၂၀ သြင္းထားခဲ့ျပီး ဒီႏွစ္ရာသီမွာ ၅ဂိုး သြင္းေပးထားခဲ့ပါတယ္ လမ္းပတ္က ေအဘရာဟမ္ဟာ ဆက္လက္တုိးတက္လာမယ့္ ကစားသမားအျဖစ္ ခ်ီးက်ဴးမႈေတြ ျပဳလုပ္သြားခဲ့ပါတယ္။“သူ႕ရဲ႕ ေျခစြမ္းပုိင္းအတြက္ အလြန္ေက်နပ္မိျပီး တမ္တီက ေျခစြမ္းေကာင္းေတြ အမ်ားၾကီး ယူေဆာင္လာေပးပါတယ္။ ၀က္စ္ဟမ္းန႔ဲပြဲမွာလည္း သူ ဘယ္ေလာက္ထိ လုပ္ျပႏုိင္တယ္ဆုိတာ ေတြ႕ျမင္ခဲ့ရသလို ဒီႏွစ္ရာသီ သူ ကစားတဲ့ ပဲြေတြမွာလည္း ျမင္ခဲ့ပါျပီ”

“တမ္မီနဲ႔ ဂ်ီေရာ့ဒ္တုိ႔က မတူညီတဲ့ အခ်ိန္ေတြမွာ ကိုယ္ပုိင္နည္းလမ္းေတြနဲ႔ အသင္းကို ကူညီေပးေနပါတယ္။ အခု သူ ၾကိဳးစားေနျပီး တုိးတက္ေနဆဲလည္း ျဖစ္ပါတယ္။ မႏွစ္က သူ ေတာ္ေတာ္ေလးေကာင္းျပီး ပရီးမီးယားလိဂ္ပြဲဦးထြက္မွာ ၀င္ဆံ့ခဲ့ျပီး အဲ့ဒီထက္ အမ်ားၾကီး သူ လုပ္္ႏိုင္ပါေသးတယ္။ သူနဲ႔ ပတ္သက္ျပီး ကြ်န္ေတာ္ အလြန္ေက်နပ္ပါတယ္”လို႔ ေျပာခဲ့ပါတယ္။ ခ်ဲလ္ဆီးအသင္းဟာ ေဘာင္ဆင္ေဒးပြဲအျဖစ္ အာဆင္နယ္နဲ႔ ကစားျပီးရင္ ဒီဇင္လာ ၂၈ရက္ေန႔မွာ အက္စတြန္ဗီလာနဲ႔ ဆက္ကစားရမွာ ျဖစ္ပါတယ္။ အဆုိပါ ပဲြစဥ္ေတြမွာ ခ်ဲလ္ဆီးအသင္းက ဒဏ္ရာ အသီးသီး ရေနက်တဲ့ ဘန္ခ်ီ၀ဲလ္၊ ရိစ္ဂ်ိမ္းစ္၊ ဇီယက္ခ်္တို႔ မပါဘဲ ရင္ဆုိင္ရဖြယ္ ရွိေနပါတယ္။