အောင်ပွဲရာနေရာမှဖယ်ရှားဖို့ကြိုးစားတဲ့ ချဲလ်ဆီးအသင်းကွင်းလုံခြုံရေးနဲ့ ဘရူနိုဖာနန်ဒက်စ် အချင်းများခဲ့

ယူနိုက်တက်ဂိုးသွင်းအောင်ပွဲခံရန် ချဲလ်ဆီးကွင်းလုံခြုံရေးကို တွန်းထိုးခဲ့တဲ့ ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်ဟာတနင်္ဂနွေနေ့တုန်းကစတမ်းဖို့ဒ်ဘရစ်ချ်တွင်

မန်ချက်စတာယူနိုက်တက်ရဲ့ဦးဆောင်ဂိုးအားအောင်ပွဲခံစဉ်

ကွင်းလုံခြုံရေးတစ်ဦးကိုတွန်းထိုးမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

မနေ့ညတုန်းကစတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်တွင်ဂျာဒွန်ဆန်ချိုဟာ

ချဲလ်ဆီးအသင်းခေါင်းဆောင်ဂျော်ဂျင်ဟိုရဲ့ဘောလုံးထိန်းမှုအမှားကနေ

ဘောလုံးရရှိပြီးဆွဲပြေးကာယူနိုက်တက်အတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

အင်္ဂလန်စတားဟာပထမဆုံးပရီးမီးယားလိဂ်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီး

ဂိုးသွင်းယူနိုင်ပြီးနောက်ဧည့်သည်မန်ချက်စတာယူနိုက်တက်ပရိသတ်များရှိရာသို့

သွားရောက်ကာအောင်ပွဲခံခဲ့ပါတယ်။

သူနဲ့အတူအခြားယူနိုက်တက်ကစားသမားများလည်း

လာရောက်အောင်ပွဲခံကြစဉ်ဘရူနိုဖာနန်ဒက်စ်ဟာကွင်းလုံခြုံရေးတစ်ဦးနှင့်

အချင်းများခဲ့တာဖြစ်ပါတယ်။ချဲလ်ဆီးအသင်းကွင်းလုံခြုံရေးဟာ

ယူနိုက်တက်ကစားသမားများကို အောင်ပွဲရာနေရာမှဖယ်ရှားဖို့ကြိုးစားစဉ်

ဘရူနိုဖာနန်ဒက်စ်နှင့်အချင်းများခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးနှင့်ပွဲတွင်ယူနိုက်တက်အသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့

ဘရူနိုဖာနန်ဒက်စ်ဟာလုံခြုံရေးကိုတွန်းထိုးမှုပြုလုပ်ပြီးနောက်

အော်ဟစ်ပြောကြားမှုပြုလုပ်ခဲ့ပါတယ်။အဲလက်စ်တဲလ်လက်စ်က

ယင်းဖြစ်ရပ်ကိုတွေ့ရှိကာသူ့ကိုအဝေးသို့ခေါ်ဆောင်သွားခဲ့ပါတယ်။

ဘရူနိုဖာနန်ဒက်စ်နှင့်အပေါင်းပါတို့ဟာဦးဆောင်ဂိုးရခဲ့ပေမယ့်

ပွဲချိန်၆၉မိနစ်မှာဂျော်ဂျင်ဟိုရဲ့ပင်နယ်တီကြောင့်

စတမ်းဖို့ဒ်ဘရစ်ချ်မှရမှတ်တစ်မှတ်တည်းဖြင့်ပြန်ခဲ့ရပါတယ်။

zawgyi

ေအာင္ပြဲရာေနရာမွဖယ္ရွားဖို႔ႀကိဳးစားတဲ့ ခ်ဲလ္ဆီးအသင္းကြင္းလုံၿခဳံေရးနဲ႔ ဘ႐ူႏိုဖာနန္ဒက္စ္ အခ်င္းမ်ားခဲ့

ယူႏိုက္တက္ဂိုးသြင္းေအာင္ပြဲခံရန္ ခ်ဲလ္ဆီးကြင္းလုံၿခဳံေရးကို တြန္းထိုးခဲ့တဲ့ ဖာနန္ဒက္စ္

ဘ႐ူႏိုဖာနန္ဒက္စ္ဟာတနဂၤေႏြေန႔တုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္

မန္ခ်က္စတာယူႏိုက္တက္ရဲ႕ဦးေဆာင္ဂိုးအားေအာင္ပြဲခံစဥ္

ကြင္းလုံၿခဳံေရးတစ္ဦးကိုတြန္းထိုးမႈျပဳလုပ္ခဲ့ေၾကာင္းသိရပါတယ္။

မေန႔ညတုန္းကစတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္တြင္ဂ်ာဒြန္ဆန္ခ်ိဳဟာ

ခ်ဲလ္ဆီးအသင္းေခါင္းေဆာင္ေဂ်ာ္ဂ်င္ဟိုရဲ႕ေဘာလုံးထိန္းမႈအမွားကေန

ေဘာလုံးရရွိၿပီးဆြဲေျပးကာယူႏိုက္တက္အတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

အဂၤလန္စတားဟာပထမဆုံးပရီးမီးယားလိဂ္ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး

ဂိုးသြင္းယူႏိုင္ၿပီးေနာက္ဧည့္သည္မန္ခ်က္စတာယူႏိုက္တက္ပရိသတ္မ်ားရွိရာသို႔

သြားေရာက္ကာေအာင္ပြဲခံခဲ့ပါတယ္။

သူနဲ႔အတူအျခားယူႏိုက္တက္ကစားသမားမ်ားလည္း

လာေရာက္ေအာင္ပြဲခံၾကစဥ္ဘ႐ူႏိုဖာနန္ဒက္စ္ဟာကြင္းလုံၿခဳံေရးတစ္ဦးႏွင့္

အခ်င္းမ်ားခဲ့တာျဖစ္ပါတယ္။ခ်ဲလ္ဆီးအသင္းကြင္းလုံၿခဳံေရးဟာ

ယူႏိုက္တက္ကစားသမားမ်ားကို ေအာင္ပြဲရာေနရာမွဖယ္ရွားဖို႔ႀကိဳးစားစဥ္

ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္အခ်င္းမ်ားခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးႏွင့္ပြဲတြင္ယူႏိုက္တက္အသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့တဲ့

ဘ႐ူႏိုဖာနန္ဒက္စ္ဟာလုံၿခဳံေရးကိုတြန္းထိုးမႈျပဳလုပ္ၿပီးေနာက္

ေအာ္ဟစ္ေျပာၾကားမႈျပဳလုပ္ခဲ့ပါတယ္။အဲလက္စ္တဲလ္လက္စ္က

ယင္းျဖစ္ရပ္ကိုေတြ႕ရွိကာသူ႔ကိုအေဝးသို႔ေခၚေဆာင္သြားခဲ့ပါတယ္။

ဘ႐ူႏိုဖာနန္ဒက္စ္ႏွင့္အေပါင္းပါတို႔ဟာဦးေဆာင္ဂိုးရခဲ့ေပမယ့္

ပြဲခ်ိန္၆၉မိနစ္မွာေဂ်ာ္ဂ်င္ဟိုရဲ႕ပင္နယ္တီေၾကာင့္

စတမ္းဖို႔ဒ္ဘရစ္ခ်္မွရမွတ္တစ္မွတ္တည္းျဖင့္ျပန္ခဲ့ရပါတယ္။