အော်လန်ဒိုစီးတီးအတွက် အနိုင်ဂိုးသွင်းယူပေးခဲ့တဲ့ သရဲနီတိုက်စစ်မှူးဟောင်း နာနီ

မန်ချက်စတာ ယူနိုက်တက် တောင်ပံကစားသမားဟောင်း နာနီဟာ ပြီးခဲ့တဲ့ သောကြာနေ့ညက အော်လန်ဒိုစီးတီး (၂-၁) အင်တာမိုင်ယာမီ ၊ ပွဲစဥ်မှာ နောက်ကျအနိုင်ဂိုးသွင်းယူပေးခဲ့ပါတယ်။

အော်လန်ဒိုအသင်းက ( ၇ ) ရက်အတွင်းမှာ ( ၃ ) ကြိမ်မြောက် နိုင်ပွဲရရှိတာဖြစ်ပြီး ဖီးလ်နဗီးရဲ့ မိုင်ယာမီအသင်းကတော့ ( ၄ ) ပွဲဆက် ရှုံးနိမ့်သွားခဲ့တာဖြစ်ပါတယ်။

ဒါက နာနီရဲ့ ဒီရာသီ ( ၆ ) ဂိုးမြောက်ဖြစ်ပြီး ပွဲကစားချိန် မိနစ် ( ၈၀ ) မှာ ( ၁၈ ) ကိုက်စည်းအပြင်ကနေ သူရဲ့ ထူးခြားတဲ့ပုံစံနဲ့ လှလှပပ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

အဆိုပါ သွင်းဂိုးကြောင့် နာနီဟာ နာမည်ကြီးတိုက်စစ်မှူး ကားလို့စ် ဗီလာနဲ့အတူ မေဂျာလိဂ်ပွဲစဥ် ( ၉ ) ရဲ့ အကောင်းဆုံး အသင်းမှာ ရွေးချယ်ခံခဲ့ရပါတယ်။

နာနီဟာ လွန်ခဲ့တဲ့ ( ၆ ) နှစ်ကေျာ်ကာလက ယူနိုက်တက်ကို စွန့်ခွာခဲ့ပြီး ( ၂၀၁၉ ) ခုနှစ်မှာတော့ ဥရောပကနေ အမေရိကန်မှာ ပြောင်းရွေ့ကစားခဲ့ပါတယ်။

Zawgyi

ေအာ္လန္ဒိုစီးတီးအတြက္ အႏိုင္ဂိုးသြင္းယူေပးခဲ့တဲ့ သရဲနီတိုက္စစ္မႉးေဟာင္း နာနီ

မန္ခ်က္စတာ ယူႏိုက္တက္ ေတာင္ပံကစားသမားေဟာင္း နာနီဟာ ၿပီးခဲ့တဲ့ ေသာၾကာေန႔ညက ေအာ္လန္ဒိုစီးတီး (၂-၁) အင္တာမိုင္ယာမီ ၊ ပြဲစဥ္မွာ ေနာက္က်အႏိုင္ဂိုးသြင္းယူေပးခဲ့ပါတယ္။

ေအာ္လန္ဒိုအသင္းက ( ၇ ) ရက္အတြင္းမွာ ( ၃ ) ႀကိမ္ေျမာက္ ႏိုင္ပြဲရရွိတာျဖစ္ၿပီး ဖီးလ္နဗီးရဲ႕ မိုင္ယာမီအသင္းကေတာ့ ( ၄ ) ပြဲဆက္ ရႈံးနိမ့္သြားခဲ့တာျဖစ္ပါတယ္။

ဒါက နာနီရဲ႕ ဒီရာသီ ( ၆ ) ဂိုးေျမာက္ျဖစ္ၿပီး ပြဲကစားခ်ိန္ မိနစ္ ( ၈၀ ) မွာ ( ၁၈ ) ကိုက္စည္းအျပင္ကေန သူရဲ႕ ထူးျခားတဲ့ပုံစံနဲ႔ လွလွပပ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

အဆိုပါ သြင္းဂိုးေၾကာင့္ နာနီဟာ နာမည္ႀကီးတိုက္စစ္မႉး ကားလို႔စ္ ဗီလာနဲ႔အတူ ေမဂ်ာလိဂ္ပြဲစဥ္ ( ၉ ) ရဲ႕ အေကာင္းဆုံး အသင္းမွာ ေ႐ြးခ်ယ္ခံခဲ့ရပါတယ္။

နာနီဟာ လြန္ခဲ့တဲ့ ( ၆ ) ႏွစ္ေက်ာ္ကာလက ယူႏိုက္တက္ကို စြန႔္ခြာခဲ့ၿပီး ( ၂၀၁၉ ) ခုႏွစ္မွာေတာ့ ဥေရာပကေန အေမရိကန္မွာ ေျပာင္းေ႐ြ႕ကစားခဲ့ပါတယ္။