အော်လ်မိုကရော ယူနိုက်တက်ကို လာချင်မှာမို့လို့လား

အော်လ်မိုကိုခေါ်ယူဖို့အတွက် သရဲနီတွေ ဆွေးနွေးမှုတွေစတင်ပြုလုပ်နေပြီ

မန်ချက်စတာယူနိုက်တက်အသင်းဟာ လိုက်ပ်ဇစ်အသင်း စပိန်လူငယ်

ကွင်းလယ်လူဒန်နီအော်လ်မိုကို လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့

ဈေးကွက်အတွင်း ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ စတင်ပြုလုပ်နေပြီလို့

The Hard Tackle ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ်သာ

ရှိသေးတဲ့ အော်လ်မိုဟာ ပြီးခဲ့တဲ့ယူရို-၂၀၂ဝပြိုင်ပွဲမှာ စပိန်အသင်းအတွက်

ခြေစွမ်းပြကစားခဲ့တာကြောင့် ဥရောပထိပ်သီးအသင်းတွေက သူ့ကို

ပစ်မှတ်ထားနေကြပြီး အဲဒီအထဲမှာ ယူနိုက်တက်အသင်းလည်း

အပါအဝင်ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းရဲ့ အဓိကကွင်းလယ်လူ

တစ်ဦးဖြစ်သူ ပေ့ါဘာဟာ အခုရာသီကုန်ကျရင် အသင်းနဲ့စာချုပ်

သက်တမ်းကုန်ဆုံးမှာဖြစ်သလို တခြားထိပ်သီးအသင်းတစ်သင်းဆီ

ပြောင်းရွှေ့ကစားဖို့ရှိနေတာကြောင့် ယူနိုက်တက်အသင်းက ပေ့ါဘာရဲ့

နေရာအတွက် အော်လ်မိုဟာ အသင့်တော်ဆုံးဖြစ်တယ်လို့ ယူဆနေတာပါ။

အော်လ်မိုဟာ လူငယ်ကစားသမားဘဝအစပိုင်းက ဘာစီလိုနာအသင်းရဲ့

နာမည်ကျော်လာမာစီယာအကယ်ဒမီမှာ ၂၀၀၇ ကနေ ၂၀၁၄ ခုနှစ်အထိ

ကစားခဲ့ဖူးပြီး သူက အသင်းဟောင်းဆီပြန်လည်ပြောင်းရွှေ့လိုပေမယ့်

ဘာစီလိုနာအသင်းက အပြောင်းအရွှေ့နဲ့ပတ်သက်လို့ ဘာမှလှုပ်ရှားမှု

မရှိတဲ့အတွက် ယူနိုက်တက်အသင်းကိုရွေးချယ်သွားဖို့ရှိနေပါတယ်။

zawgyi

ေအာ္လ္မိုကေရာ ယူႏိုက္တက္ကို လာခ်င္မွာမို႔လို႔လား

ေအာ္လ္မိုကိုေခၚယူဖို႔အတြက္ သရဲနီေတြ ေဆြးေႏြးမႈေတြစတင္ျပဳလုပ္ေနၿပီ

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လိုက္ပ္ဇစ္အသင္း စပိန္လူငယ္

ကြင္းလယ္လူဒန္နီေအာ္လ္မိုကို လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕

ေဈးကြက္အတြင္း ေခၚယူႏိုင္ဖို႔အတြက္ ေဆြးေႏြးမႈေတြ စတင္ျပဳလုပ္ေနၿပီလို႔

The Hard Tackle ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။ အသက္(၂၃)ႏွစ္အ႐ြယ္သာ

ရွိေသးတဲ့ ေအာ္လ္မိုဟာ ၿပီးခဲ့တဲ့ယူ႐ို-၂၀၂ဝၿပိဳင္ပြဲမွာ စပိန္အသင္းအတြက္

ေျခစြမ္းျပကစားခဲ့တာေၾကာင့္ ဥေရာပထိပ္သီးအသင္းေတြက သူ႔ကို

ပစ္မွတ္ထားေနၾကၿပီး အဲဒီအထဲမွာ ယူႏိုက္တက္အသင္းလည္း

အပါအဝင္ျဖစ္ပါတယ္။ ယူႏိုက္တက္အသင္းရဲ႕ အဓိကကြင္းလယ္လူ

တစ္ဦးျဖစ္သူ ေပ့ါဘာဟာ အခုရာသီကုန္က်ရင္ အသင္းနဲ႔စာခ်ဳပ္

သက္တမ္းကုန္ဆုံးမွာျဖစ္သလို တျခားထိပ္သီးအသင္းတစ္သင္းဆီ

ေျပာင္းေ႐ႊ႕ကစားဖို႔ရွိေနတာေၾကာင့္ ယူႏိုက္တက္အသင္းက ေပ့ါဘာရဲ႕

ေနရာအတြက္ ေအာ္လ္မိုဟာ အသင့္ေတာ္ဆုံးျဖစ္တယ္လို႔ ယူဆေနတာပါ။

ေအာ္လ္မိုဟာ လူငယ္ကစားသမားဘဝအစပိုင္းက ဘာစီလိုနာအသင္းရဲ႕

နာမည္ေက်ာ္လာမာစီယာအကယ္ဒမီမွာ ၂၀၀၇ ကေန ၂၀၁၄ ခုႏွစ္အထိ

ကစားခဲ့ဖူးၿပီး သူက အသင္းေဟာင္းဆီျပန္လည္ေျပာင္းေ႐ႊ႕လိုေပမယ့္

ဘာစီလိုနာအသင္းက အေျပာင္းအေ႐ႊ႕နဲ႔ပတ္သက္လို႔ ဘာမွလႈပ္ရွားမႈ

မရွိတဲ့အတြက္ ယူႏိုက္တက္အသင္းကိုေ႐ြးခ်ယ္သြားဖို႔ရွိေနပါတယ္။