
လိဒ်စ်ယူနိုက်တက်အသင်းရဲ့ ဘရာဇီးလ်တောင်ပံကစားသမား ရာဖင်ဟာကို
မန်ယူနိုက်တက် နဲ့ လီဗာပူးလ်အသင်းတို့အပါအဝင် ဥရောပအသင်းကြီးတချို့က
ခေါ်ယူဖို့စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အသက် ၂၄ နှစ်အရွယ်သာရှိသေးတဲ့ ရာဖင်ဟာ ဟာ ၂၀၂၀ ခုနှစ်ကမှ ပြင်သစ်
ကလပ် ရန်းစ်အသင်းကနေ လိဒ်စ်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။
ရန်းစ်အသင်းမှာ ကစားနေစဉ်တုန်းက ရာဖင်ဟာ ရဲ့ ခြေစွမ်းဟာ လူမသိသူမသိ
ဖြစ်ခဲ့ပေမဲ့ နည်းစနစ်ဂုရုကြီး ဘီယဲလ်ဆာ ရဲ့ လက်အောက်မှာတော့ ခြေစွမ်းတွေ
ထက်လာခဲ့တာကြောင့် ဘရာဇီးလ်လက်ရွေးစင်အသင်းရဲ့ ခေါ်ယူမှုကိုတောင်ခံခဲ့ရပါတယ်။
ရာဖင်ဟာ ရဲ့ အေးဂျင့်အဖြစ် တာဝန်ယူထားတဲ့ ပေါ်တူဂီနာမည်ကျော်ကစားသမား
ဟောင်း ဒေကို ကတော့ သူ့ကစားသမားရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး “ ကလပ်အသင်း
တော်တော်များများက သူ့ကို ခေါ်ယူဖို့စိတ်ဝင်စားနေကြပါတယ်။ လီဗာပူးလ်
အသင်းက သူ့ရဲ့ခြေစွမ်းကို ကြိုက်နှစ်သက်နေသလို တခြားအသင်းဆီကလည်း
ချဉ်းကပ်မှုတွေရှိနေပါတယ်။ ဒါပေမဲ့ တရားဝင်ကမ်းလှမ်းတာတွေတော့ မရှိ
သေးပါဘူး။ လိဒ်စ်အသင်းကတော့ သူ့ကို နောက်ထပ် ၁ ရာသီလောက် ဆက်
ထိန်းထားဖို့ ဆန္ဒရှိနေပါတယ်။ ရာဖင်ဟာ ကလည်း လိဒ်စ်အသင်းမှာ ပျော်ရွှင်
နေပါတယ်။ ဒါပေမဲ့ ကစားသမားဘဝရဲ့ နောက်တဆင့်ကို တက်လှမ်းဖို့အတွက်
သူဆန္ဒရှိလာမယ့် အချိန် ရောက်လာတော့မှာပါ။ လက်ရှိအချိန်မှာတော့
လိဒ်စ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်က ၃ နှစ်ကျန်ပါသေးတယ်။ ဒါပေမဲ့
ဒီစာချုပ်က သူ့ရဲ့အပြောင်းအရွှေ့ကို တားဆီးနိုင်မှာတော့ မဟုတ်ပါဘူး။
လိဒ်စ်အသင်းဖက်ကလည်း ကျန်ရှိနေတဲ့ စာချုပ်သက်တမ်းနဲ့ပတ်သက်ပြီး
နားလည်သဘောပေါက်ထားတာကြောင့် ရာဖင်ဟာ ရဲ့ ခြေစွမ်းတွေ တိုးတက်နေ
တဲ့အချိန်မှာ သူ့ကိုရောင်းချချင်နေမှာပါ။ ရာဖင်ဟာ ကလည်း မြင့်မားတဲ့အဆင့်မှာ
ကစားနိုင်ဖို့အတွက် ရည်မှန်းချက်ရှိနေပါတယ်။ ဒါပေမဲ့ အခုချိန်က ဒီအကြောင်း
ကို ပြောဆိုနေရမယ့် အချိန်ကောင်း မဟုတ်သေးပါဘူး “ လို့ ဘရာဇီးလ်သတင်း
ဌာနတခုနဲ့ တွေ့ဆုံစဉ်မှာ ပြောဆိုခဲ့ပါတယ်။
ရာဖင်ဟာ ဟာ ဒီရာသီမှာ လိဒ်စ်အသင်းအတွက် သွင်းဂိုး ၃ ဂိုးအထိသွင်းယူပေးထား
သလို ဒီနေ့မနက် အစောပိုင်းက ဥရုဂွေးအသင်းနဲ့ ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်
မှာလည်း ဘရာဇီးလ်အသင်းအတွက် သွင်းဂိုး ၂ ဂိုးသွင်းယူပေးခဲ့ပြီး ၄-၁ နဲ့ အနိုင်ရရှိ
အောင် စွမ်းဆောင်ပေးခဲ့ပါတယ်။ ရာဖင်ဟာ ရဲ့ လက်ရှိခြေစွမ်းတွေကတော့ လိဒ်စ်
အသင်းအတွက် ဈေးခေါ်လို့ကောင်းစေမှာ သေချာပါတယ်။
Zawgyi
ေအးဂ်င့္ ေဒကို ေျပာတဲ့ ရာဖင္ဟာရဲ႕ အနာ၈တ္အစီအစဥ္
လိဒ္စ္ယူႏိုက္တက္အသင္းရဲ႕ ဘရာဇီးလ္ေတာင္ပံကစားသမား ရာဖင္ဟာကို
မန္ယူႏိုက္တက္ နဲ႔ လီဗာပူးလ္အသင္းတို႔အပါအဝင္ ဥေရာပအသင္းႀကီးတခ်ိဳ႕က
ေခၚယူဖို႔စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္သာရွိေသးတဲ့ ရာဖင္ဟာ ဟာ ၂၀၂၀ ခုႏွစ္ကမွ ျပင္သစ္
ကလပ္ ရန္းစ္အသင္းကေန လိဒ္စ္အသင္းဆီကို ေျပာင္းေ႐ႊ႕လာခဲ့တာျဖစ္ပါတယ္။
ရန္းစ္အသင္းမွာ ကစားေနစဥ္တုန္းက ရာဖင္ဟာ ရဲ႕ ေျခစြမ္းဟာ လူမသိသူမသိ
ျဖစ္ခဲ့ေပမဲ့ နည္းစနစ္ဂု႐ုႀကီး ဘီယဲလ္ဆာ ရဲ႕ လက္ေအာက္မွာေတာ့ ေျခစြမ္းေတြ
ထက္လာခဲ့တာေၾကာင့္ ဘရာဇီးလ္လက္ေ႐ြးစင္အသင္းရဲ႕ ေခၚယူမႈကိုေတာင္ခံခဲ့ရပါတယ္။
ရာဖင္ဟာ ရဲ႕ ေအးဂ်င့္အျဖစ္ တာဝန္ယူထားတဲ့ ေပၚတူဂီနာမည္ေက်ာ္ကစားသမား
ေဟာင္း ေဒကို ကေတာ့ သူ႔ကစားသမားရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီး “ ကလပ္အသင္း
ေတာ္ေတာ္မ်ားမ်ားက သူ႔ကို ေခၚယူဖို႔စိတ္ဝင္စားေနၾကပါတယ္။ လီဗာပူးလ္
အသင္းက သူ႔ရဲ႕ေျခစြမ္းကို ႀကိဳက္ႏွစ္သက္ေနသလို တျခားအသင္းဆီကလည္း
ခ်ဥ္းကပ္မႈေတြရွိေနပါတယ္။ ဒါေပမဲ့ တရားဝင္ကမ္းလွမ္းတာေတြေတာ့ မရွိ
ေသးပါဘူး။ လိဒ္စ္အသင္းကေတာ့ သူ႔ကို ေနာက္ထပ္ ၁ ရာသီေလာက္ ဆက္
ထိန္းထားဖို႔ ဆႏၵရွိေနပါတယ္။ ရာဖင္ဟာ ကလည္း လိဒ္စ္အသင္းမွာ ေပ်ာ္႐ႊင္
ေနပါတယ္။ ဒါေပမဲ့ ကစားသမားဘဝရဲ႕ ေနာက္တဆင့္ကို တက္လွမ္းဖို႔အတြက္
သူဆႏၵရွိလာမယ့္ အခ်ိန္ ေရာက္လာေတာ့မွာပါ။ လက္ရွိအခ်ိန္မွာေတာ့
လိဒ္စ္အသင္းနဲ႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္က ၃ ႏွစ္က်န္ပါေသးတယ္။ ဒါေပမဲ့
ဒီစာခ်ဳပ္က သူ႔ရဲ႕အေျပာင္းအေ႐ႊ႕ကို တားဆီးႏိုင္မွာေတာ့ မဟုတ္ပါဘူး။
လိဒ္စ္အသင္းဖက္ကလည္း က်န္ရွိေနတဲ့ စာခ်ဳပ္သက္တမ္းနဲ႔ပတ္သက္ၿပီး
နားလည္သေဘာေပါက္ထားတာေၾကာင့္ ရာဖင္ဟာ ရဲ႕ ေျခစြမ္းေတြ တိုးတက္ေန
တဲ့အခ်ိန္မွာ သူ႔ကိုေရာင္းခ်ခ်င္ေနမွာပါ။ ရာဖင္ဟာ ကလည္း ျမင့္မားတဲ့အဆင့္မွာ
ကစားႏိုင္ဖို႔အတြက္ ရည္မွန္းခ်က္ရွိေနပါတယ္။ ဒါေပမဲ့ အခုခ်ိန္က ဒီအေၾကာင္း
ကို ေျပာဆိုေနရမယ့္ အခ်ိန္ေကာင္း မဟုတ္ေသးပါဘူး “ လို႔ ဘရာဇီးလ္သတင္
းဌာနတခုနဲ႔ ေတြ႕ဆုံစဥ္မွာ ေျပာဆိုခဲ့ပါတယ္။
ရာဖင္ဟာ ဟာ ဒီရာသီမွာ လိဒ္စ္အသင္းအတြက္ သြင္းဂိုး ၃ ဂိုးအထိသြင္းယူေပးထား
သလို ဒီေန႔မနက္ အေစာပိုင္းက ဥ႐ုေဂြးအသင္းနဲ႔ ကစားခဲ့တဲ့ ကမာၻ႔ဖလားေျခစစ္ပြဲစဥ္
မွာလည္း ဘရာဇီးလ္အသင္းအတြက္ သြင္းဂိုး ၂ ဂိုးသြင္းယူေပးခဲ့ၿပီး ၄-၁ နဲ႔ အႏိုင္ရရွိ
ေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။ ရာဖင္ဟာ ရဲ႕ လက္ရွိေျခစြမ္းေတြကေတာ့ လိဒ္စ္
အသင္းအတြက္ ေဈးေခၚလို႔ေကာင္းေစမွာ ေသခ်ာပါတယ္။