
ဒါနီအဲဗက်စ်ဟာသူ့ရဲ့လာလီဂါတကျော့ပြန်ခရီးကိုအမိုက်စားဖန်တီးမှုနဲ့
ကန့်လန့်ကာဖွင့်နိုင်ခဲ့ပါတယ်။ဒါနီအဲဗက်စ်ဟာမနေ့ညတုန်းက
ဂရန်နာဒါနှင့်ဘာစီလိုနာတို့တစ်ဂိုးစီသရေကျတဲ့ပွဲမှာ
တိကျလှတဲ့ဖြတ်တင်ဘောပြုလုပ်ပြီး ဖန်တီးခဲ့တာဖြစ်ပါတယ်။
ဘရာဇီးဂန္ထဝင်ဟာဆာအိုပေါ်လိုနှင့်စာချုပ်ဖျက်သိမ်းလိုက်ပြီးနောက်
ဘာစီလိုနာသို့ဒုတိယအကြိမ်မြောက်ပြန်ရောက်လာခဲ့ပါတယ်။
သူဟာကြာသပတေးနေ့တုန်းကကိုပါဒယ်ရေးပွဲမှာဘာစီလိုနာအတွက်
ပထမဆုံးပွဲကစားခဲ့ပါတယ်။ယင်းနောက်သူဟာမနေ့ညတုန်းကဂရန်နာဒါနှင့်ပွဲမှာ
ဘာစီလိုနာအတွက်ဒုတိယမြောက်ပထမဆုံးလာလီဂါပွဲအဖြစ်ပွဲထွက်ကစားခဲ့ပါတယ်။
သူဟာအသက်၃၈နှစ်အရွယ်ရှိပြီဖြစ်ပေမဲ့ အရည်အသွေးပြည့်
ညာနောက်ခံလူတစ်ဦးဖြစ်နေဆဲဖြစ်ကြောင်းသက်သေပြနိုင်ခဲ့ပါတယ်။
ပွဲချိန်၅၆မိနစ်မှာဒါနီအဲလက်စ်ဟာဂရန်နာဒါကွင်းတစ်ဝက်ညာခြမ်းကနေ
ဘောလုံးရရှိပြီးနောက် ဧရိယာအတွင်းသို့ဖြတ်တင်ပေးခဲ့ပြီး
ဒီဂျောင်ကခေါင်းတိုက်ကာဘာစီလိုနာအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။
ဘာစီလိုနာဟာဒီဂျောင်ရဲ့ဂိုးနဲ့ဂရန်နာဒါကိုဦးဆောင်နိုင်ခဲ့ပေမဲ့လည်း
ပွဲချိန်၇၉မိနစ်မှာဂါဗီအနီကတ်ပြထုတ်ခံရမှုနဲ့အတူ ပွဲပြီးခါနီး၈၉မိနစ်မှာ
ပူအာတာရဲ့ချေပဂိုးကြောင့်တစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။
zawgyi
အဲဗက္စ္ရဲ႕ လာလီဂါတေက်ာ့ျပန္ခရီး အမိုက္စားဖန္တီးမႈနဲ႔ ကန႔္လန႔္ကာဖြင့္
ဒါနီအဲဗက္စ္ဟာသူ႔ရဲ႕လာလီဂါတေက်ာ့ျပန္ခရီးကိုအမိုက္စားဖန္တီးမႈနဲ႔
ကန႔္လန႔္ကာဖြင့္ႏိုင္ခဲ့ပါတယ္။ဒါနီအဲဗက္စ္ဟာမေန႔ညတုန္းက
ဂရန္နာဒါႏွင့္ဘာစီလိုနာတို႔တစ္ဂိုးစီသေရက်တဲ့ပြဲမွာ
တိက်လွတဲ့ျဖတ္တင္ေဘာျပဳလုပ္ၿပီး ဖန္တီးခဲ့တာျဖစ္ပါတယ္။
ဘရာဇီးဂႏၴဝင္ဟာဆာအိုေပၚလိုႏွင့္စာခ်ဳပ္ဖ်က္သိမ္းလိုက္ၿပီးေနာက္
ဘာစီလိုနာသို႔ဒုတိယအႀကိမ္ေျမာက္ျပန္ေရာက္လာခဲ့ပါတယ္။
သူဟာၾကာသပေတးေန႔တုန္းကကိုပါဒယ္ေရးပြဲမွာဘာစီလိုနာအတြက္
ပထမဆုံးပြဲကစားခဲ့ပါတယ္။ယင္းေနာက္သူဟာမေန႔ညတုန္းကဂရန္နာဒါႏွင့္ပြဲမွာ
ဘာစီလိုနာအတြက္ဒုတိယေျမာက္ပထမဆုံးလာလီဂါပြဲအျဖစ္ပြဲထြက္ကစားခဲ့ပါတယ္။
သူဟာအသက္၃၈ႏွစ္အ႐ြယ္ရွိၿပီျဖစ္ေပမဲ့ အရည္အေသြးျပည့္
ညာေနာက္ခံလူတစ္ဦးျဖစ္ေနဆဲျဖစ္ေၾကာင္းသက္ေသျပႏိုင္ခဲ့ပါတယ္။
ပြဲခ်ိန္၅၆မိနစ္မွာဒါနီအဲလက္စ္ဟာဂရန္နာဒါကြင္းတစ္ဝက္ညာျခမ္းကေန
ေဘာလုံးရရွိၿပီးေနာက္ ဧရိယာအတြင္းသို႔ျဖတ္တင္ေပးခဲ့ၿပီး
ဒီေဂ်ာင္ကေခါင္းတိုက္ကာဘာစီလိုနာအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။
ဘာစီလိုနာဟာဒီေဂ်ာင္ရဲ႕ဂိုးနဲ႔ဂရန္နာဒါကိုဦးေဆာင္ႏိုင္ခဲ့ေပမဲ့လည္း
ပြဲခ်ိန္၇၉မိနစ္မွာဂါဗီအနီကတ္ျပထုတ္ခံရမႈနဲ႔အတူ ပြဲၿပီးခါနီး၈၉မိနစ္မွာ
ပူအာတာရဲ႕ေခ်ပဂိုးေၾကာင့္တစ္ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။