အဲဗာတန်က မီနာကို လည်ပင်းညှစ်ခဲ့ပေမယ့် VAR မရှိလို့ ကံကောင်းသွားတဲ့ ကာဗာနီ

မန်ယူတိုက်စစ်မှုးကာဗာနီဟာ မနေ့ညက ကစားခဲ့တဲ့ ကာရာဘောင်းဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြိုင်ဘက်ကစားသမားယာရေးမီနာကို လည်ပင်းညှစ်ခဲ့သလို သူ့သွင်းဂိုးနဲ့ အဲဗာတန်ကိုလည်း နောက်ကောက်ချလိုက်ပါတယ်။

တောင်အမေရိကသားနှစ်ယောက်ဖြစ်တဲ့ ကာဗာနီနဲ့ယာရေးမီနာတို့ကြားက အဖြစ်အပျက်ဟာ ဂိုးမရှိသရေကျနေချိန်ဖြစ်တဲ့ ဒုတိယပိုင်းအစမှာ ဖြစ်သွားခဲ့တာပါ။

ဘောလုံးမရှိတဲ့အချိန် ကွင်းလယ်စက်ဝိုင်းနားမှာ မီနာက ကာဗာနီကို အင်္ကျီဆွဲလူကပ်ရင်းကနေ ကာဗာနီကလည်း ပြန်တုံ့ပြန်ရာမှာ လည်ပင်းညှစ်တဲ့ပုံပေါက်ခဲ့ပြီး ကွင်းမြက်ခင်းပေါ်တွန်းချခဲ့တာပါ။

ကာရာဘောင်းဖလားပြိုင်ပွဲမှာက ဆီမီးဖိုင်နယ်မတိုင်ခင်ထိ VAR အသုံးပြုခြင်းမရှိတာကြောင့် အဲဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်မက်ဒလေက မသိလိုက်သလို ဘာအရေးယူမှုမှလည်း မရှိခဲ့ပါဘူး။

အဲဒါကြောင့်လည်း အနီကတ်ဖြစ်သွားနိုင်တဲ့အနေအထားတစ်ရပ်ကို ကာဗာနီတစ်ယောက် ရှောင်လွှဲနိုင်ခဲ့ပါတယ်။

VAR မရှိလို့ ကံကောင်းသွားတဲ့ ကာဗာနီဟာ ၈၈ မိနစ်အရောက်မှာတော့ မန်ယူအတွက် ဦးဆောင်ဂိုးကို ဘယ်ခြေကန်ချက်နဲ့ သွင်းယူပေးခဲ့ပါတယ်။

မီနာနဲ့အဖြစ်အပျက်မှာ သူ့အသင်းတိုက်စစ်မှုးကာဗာနီ အထုတ်ခံရသင့်မသင့် မန်ယူနည်းပြဆိုးလ်ရှားကိုမေးမြန်းတော့ အခုလိုပြန်ဖြေခဲ့ပါတယ်။

”No ပါ။ သူတို့ဟာ အရင်ကတည်းက ပြိုင်ဆိုင်မှုရှိခဲ့ကြတဲ့ တောင်အမေရိကသားနှစ်ယောက်ပါ။ တောင်အမေရိကဇုန်ြခေစစ်ပွဲတွေမှာ သတို့တွေ့ကြမယ်လို့ ထင်ပါတယ်။ အဲဒါကြောင့် ကျွန်တော်ကတော့ အဲလိုမထင်ဘူး”လို့ ဆိုးလ်ရှားက ပြန်ဖြေခဲ့တာပါ။

ဘောလုံးဝေဖန်သုံးသပ်သူအဖြစ်လုပ်ကိုင်နေတဲ့ အင်္ဂလန်ဂန္ထဝင်ဟောင်းဂယ်ရီလိုင်နီကာကတော့  VAR နဲ့သာဆိုရင် ကာဗာနီ အထုတ်ခံရမှာလို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

Zawgyi

အဲဗာတန္က မီနာကို လည္ပင္းညွစ္ခဲ့ေပမယ့္ VAR မရွိလုိ႔ ကံေကာင္းသြားတဲ့ ကာဗာနီ

မန္ယူတုိက္စစ္မႈးကာဗာနီဟာ မေန႔ညက ကစားခဲ့တဲ့ ကာရာေဘာင္းဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ ၿပိဳင္ဘက္ကစားသမားယာေရးမီနာကို လည္ပင္းညွစ္ခဲ့သလုိ သူ႔သြင္းဂိုးနဲ႔ အဲဗာတန္ကိုလည္း ေနာက္ေကာက္ခ်လိုက္ပါတယ္။

ေတာင္အေမရိကသားႏွစ္ေယာက္ျဖစ္တဲ့ ကာဗာနီနဲ႔ယာေရးမီနာတုိ႔ၾကားက အျဖစ္အပ်က္ဟာ ဂိုးမရွိသေရက်ေနခ်ိန္ျဖစ္တဲ့ ဒုတိယပိုင္းအစမွာ ျဖစ္သြားခဲ့တာပါ။

ေဘာလုံးမရွိတဲ့အခ်ိန္ ကြင္းလယ္စက္၀ုိင္းနားမွာ မီနာက ကာဗာနီကို အက်ၤီဆြဲလူကပ္ရင္းကေန ကာဗာနီကလည္း ျပန္တု႔ံျပန္ရာမွာ လည္ပင္းညွစ္တဲ့ပုံေပါက္ခဲ့ၿပီး ကြင္းျမက္ခင္းေပၚတြန္းခ်ခဲ့တာပါ။

ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာက ဆီမီးဖိုင္နယ္မတိုင္ခင္ထိ VAR အသုံးျပဳျခင္းမရွိတာေၾကာင့္ အဲဒီအျဖစ္အပ်က္ကို ကြင္းလယ္ဒိုင္မက္ဒေလက မသိလိုက္သလို ဘာအေရးယူမႈမွလည္း မရွိခဲ့ပါဘူး။

အဲဒါေၾကာင့္လည္း အနီကတ္ျဖစ္သြားႏိုင္တဲ့အေနအထားတစ္ရပ္ကို ကာဗာနီတစ္ေယာက္ ေရွာင္လႊဲႏိုင္ခဲ့ပါတယ္။

VAR မရွိလုိ႔ ကံေကာင္းသြားတဲ့ ကာဗာနီဟာ ၈၈ မိနစ္အေရာက္မွာေတာ့ မန္ယူအတြက္ ဦးေဆာင္ဂိုးကို ဘယ္ေျခကန္ခ်က္နဲ႔ သြင္းယူေပးခဲ့ပါတယ္။

မီနာနဲ႔အျဖစ္အပ်က္မွာ သူ႔အသင္းတိုက္စစ္မႈးကာဗာနီ အထုတ္ခံရသင့္မသင့္ မန္ယူနည္းျပဆိုးလ္ရွားကိုေမးျမန္းေတာ့ အခုလိုျပန္ေျဖခဲ့ပါတယ္။

”No ပါ။ သူတို႔ဟာ အရင္ကတည္းက ၿပိဳင္ဆိုင္မႈရွိခဲ့ၾကတဲ့ ေတာင္အေမရိကသားႏွစ္ေယာက္ပါ။ ေတာင္အေမရိကဇုန္ျေခစစ္ပြဲေတြမွာ သတို႔ေတြ႕ၾကမယ္လုိ႔ ထင္ပါတယ္။ အဲဒါေၾကာင့္ ကၽြန္ေတာ္ကေတာ့ အဲလိုမထင္ဘူး”လို႔ ဆုိးလ္ရွားက ျပန္ေျဖခဲ့တာပါ။

ေဘာလုံးေ၀ဖန္သုံးသပ္သူအျဖစ္လုပ္ကိုင္ေနတဲ့ အဂၤလန္ဂႏၳ၀င္ေဟာင္းဂယ္ရီလိုင္နီကာကေတာ့  VAR နဲ႔သာဆိုရင္ ကာဗာနီ အထုတ္ခံရမွာလုိ႔ အခုိင္အမာေျပာၾကားခဲ့ပါတယ္။