အဲဗာတန်နဲ့ ပွဲစဉ်မှာ ဂျက်ဆီ လင်ဂတ် ပြန်လည် ပါဝင်လာမယ်လို့ ဆိုးလ်ရှား အတည်ပြု

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ


ဂျက်ဆီ လင်ဂတ်ဟာ ယနေ့ည အဲဗာတန်အသင်းနဲ့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ် ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပြန်လည် ကစားပေးတော့မယ်လို့ သိရပါတယ်။

၂၈နှစ်သားဟာ စက်တင်ဘာ ၃၀ရက်နေ့ ဘရိုက်တန်ကို အနိုင်ရခဲ့တဲ့ စတုတ္ထအဆင့် ပွဲစဉ်ပြီးကတည်းက ၁ပွဲမှ မကစားရတော့ဘဲ စာချုပ်သက်တမ်းကလည်း ၆လသာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

ရှက်ဖီးယူနိုက်တက်ကတော့ ယခုနှစ်ရာသီ ၂ပွဲသာ ပါဝင်ခွင့် ရထားတဲ့ လင်ဂတ်ကို အငှားနဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်က ဖော်ပြခဲ့ပါတယ်။

ပရီးမီးယားလိဂ်ကလပ်တွေ အရန်လူ ၉ဦးအထိ ထည့်သွင်းနိုင်မယ့် စည်းမျဉ်း အတည်ပြုခဲ့ပေမဲ့ လိဒ်ယူနိုက်တက်ကို ၆-၂နဲ့ အနိုင်ရတဲ့ ပွဲမှာလည်း လင်ဂတ်တစ်ယောက် လူစာရင်းထဲတောင် ပါလာခြင်း မရှိပါဘူး။


ဒါပေမဲ့ နည်းပြ ဆိုးလ်ရှားက “ဂျက်ဆီက လူစာရင်းမှာ ပါလာမှာပါ။ သူ လေ့ကျင့်ခန်း အစီအစဉ်မှာ အထူးကြိုးစားနေပါတယ်။ သူက ကံမကောင်းစွာပဲ ကိုဗစ်ပိုး ကူးစက်ခံရသူတွေနဲ့ ထိတွေ့မိတာကြောင့် မကြာခဏဆိုသလို တစ်ဦးတည်း ခွဲထားခဲ့ရပါတယ်။ ဒါပေမဲ့ သူကိုယ်တိုင်တော့ ကူးစက်ခံရခြင်း မရှိပါဘူး”

“သူ လေ့ကျင့်ရေးကွင်းကနေ အကြိမ်အနည်းငယ် ဝေးကွာခဲ့တာ လုံး၀ ကံမကောင်းခဲတာပါ။ သူ တော်တော်လေး ကြိုးစားနေပြီး ဒီနေ့ပွဲ လူစာရင်းမှာ သေချာပေါက်ပါဝင်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

လိဒ်ယူနိုက်တက်နဲ့ ပွဲမှာ တစ်ပွဲလုံး အရန်ခုံသာ ထိုင်ခဲ့ရတဲ့ တိုက်စစ်မှူး ဂရင်းဝုဒ်ဟာလည်း ယနေ့ည ဂွတ်ဒင်ဆင်ပါ့ခ်မှာ ကစားမယ့် ပွဲစဉ်အတွင်း ပြန်လည် ပါဝင်လာနိုင်ပါတယ်။

၁၈နှစ်သားဟာ ယခုနှစ်ရာသီ ၃ဂိုးသာ သွင်းနိုင်ခဲ့သေးပေမဲ့ ဆိုးလ်ရှားကတော့ ပွဲကျပ်ကာလမှာ လူစာရင်းကို အပြောင်းအလဲလုပ် ယှဉ်ပြိုင်လာမယ့် အခြေအနေကြောင့် ယနေ့ညပွဲ ပွဲထွက်ခွင့် ရလာနိုင်တာ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲဗာတန္နဲ႔ ပြဲစဥ္မွာ ဂ်က္ဆီ လင္ဂတ္ ျပန္လည္ ပါ၀င္လာမယ္လို႔ ဆုိးလ္ရွား အတည္ျပဳ

ဂ်က္ဆီ လင္ဂတ္ဟာ ယေန႔ည အဲဗာတန္အသင္းနဲ႔ ကာရာေဘာင္ဖလား ကြာတားဖိုင္နယ္ ပဲြစဥ္မွာ ယူႏုိက္တက္အတြက္ ျပန္လည္ ကစားေပးေတာ့မယ္လို႔ သိရပါတယ္။ ၂၈ႏွစ္သားဟာ စက္တင္ဘာ ၃၀ရက္ေန႔ ဘရိုက္တန္ကို အႏို္င္ရခဲ့တဲ့ စတုတၳအဆင့္ ပဲြစဥ္ျပီးကတည္းက ၁ပြဲမွ မကစားရေတာ့ဘဲ စာခ်ဳပ္သက္တမ္းကလည္း ၆လသာ က်န္ရွိေတာ့တာ ျဖစ္ပါတယ္။ ရွက္ဖီးယူႏိုက္တက္ကေတာ့ ယခုႏွစ္ရာသီ ၂ပဲြသာ ပါ၀င္ခြင့္ ရထားတဲ့ လင္ဂတ္ကို  အငွားနဲ႔ ေခၚယူဖို႔ စိတ္၀င္စားေနတဲ့အေၾကာင္း ျပီးခဲ့တဲ့အပတ္က ေဖာ္ျပခဲ့ပါတယ္။

ပရီးမီးယားလိဂ္ကလပ္ေတြ အရန္လူ ၉ဦးအထိ ထည့္သြင္းႏိုင္မယ့္ စည္းမ်ဥ္း အတည္ျပဳခဲ့ေပမဲ့ လိဒ္ယူႏိုက္တက္ကို ၆-၂နဲ႔ အႏိုင္ရတဲ့ ပြဲမွာလည္း လင္ဂတ္တစ္ေယာက္ လူစာရင္းထဲေတာင္ ပါလာျခင္း မရွိပါဘူး။ ဒါေပမဲ့ နည္းျပ ဆုိးလ္ရွားက “ဂ်က္ဆီက လူစာရင္းမွာ ပါလာမွာပါ။ သူ ေလ့က်င့္ခန္း အစီအစဥ္မွာ အထူးၾကိဳးစားေနပါတယ္။ သူက ကံမေကာင္းစြာပဲ ကိုဗစ္ပုိး ကူးစက္ခံရသူေတြနဲ႔ ထိေတြ႕မိတာေၾကာင့္ မၾကာခဏဆုိသလို တစ္ဦးတည္း ခဲြထားခဲ့ရပါတယ္။ ဒါေပမဲ့ သူကိုယ္တုိင္ေတာ့ ကူးစက္ခံရျခင္း မရွိပါဘူး”

“သူ ေလ့က်င့္ေရးကြင္းကေန အၾကိမ္အနည္းငယ္ ေ၀းကြာခဲ့တာ လံုး၀ ကံမေကာင္းခဲတာပါ။ သူ ေတာ္ေတာ္ေလး ၾကိဳးစားေနျပီး ဒီေန႔ပြဲ လူစာရင္းမွာ ေသခ်ာေပါက္ပါ၀င္လာမွာပါ”လို႔ ေျပာခဲ့ပါတယ္။
လိဒ္ယူႏိုက္တက္နဲ႔ ပဲြမွာ တစ္ပဲြလံုး အရန္ခံုသာ ထုိင္ခဲ့ရတဲ့ တုိက္စစ္မွဴး ဂရင္း၀ုဒ္ဟာလည္း ယေန႔ည ဂြတ္ဒင္ဆင္ပါ့ခ္မွာ ကစားမယ့္ ပဲြစဥ္အတြင္း ျပန္လည္ ပါ၀င္လာႏိုင္ပါတယ္။ ၁၈ႏွစ္သားဟာ ယခုႏွစ္ရာသီ ၃ဂိုးသာ သြင္းႏိုင္ခဲ့ေသးေပမဲ့ ဆုိးလ္ရွားကေတာ့ ပဲြက်ပ္ကာလမွာ လူစာရင္းကို အေျပာင္းအလဲလုပ္ ယွဥ္ျပိဳင္လာမယ့္ အေျခအေနေၾကာင့္ ယေန႔ညပဲြ ပဲြထြက္ခြင့္ ရလာႏိုင္တာ ျဖစ္ပါတယ္။