အဲဗာတန်ရဲ့စပွန်ဆာ ရုရှားသူဌေးတဲ့ ဇိမ်ခံရွက်လှေကို ဂျာမနီ သိမ်းဆည်း၊ ဗြိတိန်မှာရှိတဲ့ အူစမာနော့ဗ်ရဲ့ ပိုင်ဆိုင်မှုတွေကိုလည်း သိမ်းဆည်းဖို့ တောင်းဆို

ယူကရိန်းကို ရုရှားက ကျုုးကျော်တိုက်ခိုက်ခဲ့လို့ ရုရှားစီးပွားရေးကုမ္ပဏီတွေဟာ

ဥရောပရဲ့ ပိတ်ဆို့အရေးယူမှုတွေအောက်မှာ အလဲလဲအပြိုပြိုဖြစ်လာကြသလို

အားကစားနယ်ပယ်မှာလည်း အားလုံးရဲ့ ပစ်ပယ်ခြင်းကို ခံနေရပါပြီ။

အဲဗာတန်ကတော့ သူတို့ကို စပွန်ဆာပေးထားတဲ့ ရုရှားသူဌေးကြီး

အလစ်ရှာအူစမာနော့ဗ်နဲ့ ပတ်သက်တဲ့ စပွန်ဆာအားလုံးကို ဖျက်သိမ်းပိတ်ပင်လိုက်ပြီဖြစ်ပါတယ်။


အသက် ၆၈ နှစ်ရှိ အူစမာနော့ဗ်ဟာ ဥဇဘက်ကစ္စတန်မှာမွေးဖွားခဲ့တဲ့ ရုရှားသူကြွယ်ကြီးဖြစ်ပါတယ်။

Forbes ရဲ့တွက်ချက်မှုအရ ၂၀၂၁ မှာ သူရဲ့ကြွယ်ဝမှုဟာ ဒေါ်လာ ၁၇ ဒဿမ ၉ ဘီလျံအထိ

ရှိတယ်လို့လည်းဆိုပါတယ်။ အဲဗာတန်ကိုလည်း အူစမာနော့ဗ်ကစပွန်ဆာပေးထားတာပါ။

အဲဗာတန်ဟာ USM Holding ကုမ္ပဏီကနေ လေ့ကျင်ြရေးကွင်းစပွန်ဆာရထားပါတယ်။

ဒါ့အပြင် USM လက်အောက်က ကုမ္ပဏီခွဲတွေဖြစ်တဲ့ Megafon နဲ့ Yota ကုမ္ပဏီတွေဆီကလည်

းစပွန်ဆာရထားပါသေးတယ်။ Megafon ဟာ ရုရှားမှာ ဒုတိယအကြီးဆုံး ဖုန်းအော်ပရေတာဖြစ်သလို

တတိယအကြီးဆုံးတယ်လီကွန်းကုမ္ပဏီလည်းဖြစ်ပါတယ်။ Yoto ကလည်း ရုရှားမှာ

စမတ်ဖုန်းထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်ပြီး သူတို့အားလုံးဟာ အူစမာနော့ဗ်ပိုင်ဆိုင်တဲ့

USM လက်အောက်က ကုမ္ပဏီခွဲတွေဖြစ်ပါတယ်။ အူစမာနော့ဗ်ဟာ အဲဗာတန်ရဲ့

ကွင်းသစ်စီမံကိန်းမှာလည်းနာမည်မူပိုင်ခွင့်ပေးထားပါသေးတယ်။ ဒါပေမယ့် ယူကရိန်းကို

ရုရှားက ကျူးကျော်ခဲ့လို့ ရုရှားသမ္မတ ပူတင်နဲ့ အလွန်ရင်းနှီးတဲ့ အူစမာနော့ဗ်ကို ဥရောပက

အရေးယူလာကြသလို အဲဗာတန်ကလည်း အူစမာနော့ဗ်ရဲ့ စပွန်ဆာတွေအားလုံးကို ရပ်ဆိုင်းလိုက်တာပါ။

အူစမာနော့ဗ်ဟာ ပူတင်ရဲ့ ထောက်တိုင်တစ်ခုဖြစ်တယ်လို့လည်း ဥရောပဘက်က သတ်မှတ်ထားပါတယ်။

အူစမာနော့ဗ်ပိုင်ဆိုင်တဲ့ Dilbar အမည်ရ ပေါင် သန်း ၆၀၀ တန် ဇိမ်ခံရွက်လှေကြီးကိုလည်း

ဂျာမနီအာဏာပိုင်တွေက သိမ်းဆည်းလိုက်ပါပြီ။ အဲ့ဒိရွက်လှေကြီးဟာ အရှည် ၅၁၂ ပေရှိပြီး

ကမ္ဘာ့အကြီးဆုံး ဇိမ်ခံရွက်လှေတွေထဲကတစ်စီးလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာအတွင်းက

ဂျာမနီမြောက်ပိုင်းက ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟမ်းဘတ်မှာ ပြင်ဆင်မွမ်းမံမှုတွေလုပ်ဖို့

ဆိုက်ကပ်ထားခဲ့တာပါ။ ယူကရိန်းကို ရုရှားက ကျူးကျော်ခဲ့ပြီးနောက် သူ့ရဲ့ရွက်လှေကို

ဂျာမနီကသိမ်းဆည်းလိုက်တာဖြစ်ပါတယ်။ ဗြိတိန်မှာရှိတဲ့ အူစမာနော့ဗ်ရဲ့ ပိုင်ဆိုင်မှုတွေကိူလည်း

သိမ်းဆည်းဖို့ တောင်းဆိုမှုတွေ ရှိနေပါသေးတယ်။

Zawgyi

အဲဗာတန္ရဲ႕စပြန္ဆာ ႐ုရွားသူေဌးတဲ့ ဇိမ္ခံ႐ြက္ေလွကို ဂ်ာမနီ သိမ္းဆည္း၊
ၿဗိတိန္မွာရွိတဲ့ အူစမာေနာ့ဗ္ရဲ႕ ပိုင္ဆိုင္မႈေတြကိုလည္း သိမ္းဆည္းဖို႔ ေတာင္းဆို

ယူကရိန္းကို ႐ုရွားက က်ဳုးေက်ာ္တိုက္ခိုက္ခဲ့လို႔ ႐ုရွားစီးပြားေရးကုမၸဏီေတြဟာ

ဥေရာပရဲ႕ ပိတ္ဆို႔အေရးယူမႈေတြေအာက္မွာ အလဲလဲအၿပိဳၿပိဳျဖစ္လာၾကသလို

အားကစားနယ္ပယ္မွာလည္း အားလုံးရဲ႕ ပစ္ပယ္ျခင္းကို ခံေနရပါၿပီ။

အဲဗာတန္ကေတာ့ သူတို႔ကို စပြန္ဆာေပးထားတဲ့ ႐ုရွားသူေဌးႀကီး

အလစ္ရွာအူစမာေနာ့ဗ္နဲ႔ ပတ္သက္တဲ့ စပြန္ဆာအားလုံးကို ဖ်က္သိမ္းပိတ္ပင္လိုက္ၿပီျဖစ္ပါတယ္။

 

အသက္ ၆၈ ႏွစ္ရွိ အူစမာေနာ့ဗ္ဟာ ဥဇဘက္ကစၥတန္မွာေမြးဖြားခဲ့တဲ့ ႐ုရွားသူႂကြယ္ႀကီးျဖစ္ပါတယ္။

Forbes ရဲ႕တြက္ခ်က္မႈအရ ၂၀၂၁ မွာ သူရဲ႕ႂကြယ္ဝမႈဟာ ေဒၚလာ ၁၇ ဒႆမ ၉ ဘီလ်ံအထိ

ရွိတယ္လို႔လည္းဆိုပါတယ္။ အဲဗာတန္ကိုလည္း အူစမာေနာ့ဗ္ကစပြန္ဆာေပးထားတာပါ။

အဲဗာတန္ဟာ USM Holding ကုမၸဏီကေန ေလ့က်င္ျေရးကြင္းစပြန္ဆာရထားပါတယ္။

ဒါ့အျပင္ USM လက္ေအာက္က ကုမၸဏီခြဲေတြျဖစ္တဲ့ Megafon နဲ႔ Yota ကုမၸဏီေတြဆီကလည္

းစပြန္ဆာရထားပါေသးတယ္။ Megafon ဟာ ႐ုရွားမွာ ဒုတိယအႀကီးဆုံး ဖုန္းေအာ္ပေရတာျဖစ္သလို

တတိယအႀကီးဆုံးတယ္လီကြန္းကုမၸဏီလည္းျဖစ္ပါတယ္။ Yoto ကလည္း ႐ုရွားမွာ

စမတ္ဖုန္းထုတ္လုပ္တဲ့ကုမၸဏီျဖစ္ၿပီး သူတို႔အားလုံးဟာ အူစမာေနာ့ဗ္ပိုင္ဆိုင္တဲ့

USM လက္ေအာက္က ကုမၸဏီခြဲေတြျဖစ္ပါတယ္။ အူစမာေနာ့ဗ္ဟာ အဲဗာတန္ရဲ႕

ကြင္းသစ္စီမံကိန္းမွာလည္းနာမည္မူပိုင္ခြင့္ေပးထားပါေသးတယ္။ ဒါေပမယ့္ ယူကရိန္းကို

႐ုရွားက က်ဴးေက်ာ္ခဲ့လို႔ ႐ုရွားသမၼတ ပူတင္နဲ႔ အလြန္ရင္းႏွီးတဲ့ အူစမာေနာ့ဗ္ကို ဥေရာပက

အေရးယူလာၾကသလို အဲဗာတန္ကလည္း အူစမာေနာ့ဗ္ရဲ႕ စပြန္ဆာေတြအားလုံးကို ရပ္ဆိုင္းလိုက္တာပါ။

အူစမာေနာ့ဗ္ဟာ ပူတင္ရဲ႕ ေထာက္တိုင္တစ္ခုျဖစ္တယ္လို႔လည္း ဥေရာပဘက္က သတ္မွတ္ထားပါတယ္။

 

အူစမာေနာ့ဗ္ပိုင္ဆိုင္တဲ့ Dilbar အမည္ရ ေပါင္ သန္း ၆၀၀ တန္ ဇိမ္ခံ႐ြက္ေလွႀကီးကိုလည္း

ဂ်ာမနီအာဏာပိုင္ေတြက သိမ္းဆည္းလိုက္ပါၿပီ။ အဲ့ဒိ႐ြက္ေလွႀကီးဟာ အရွည္ ၅၁၂ ေပရွိၿပီး

ကမာၻ႔အႀကီးဆုံး ဇိမ္ခံ႐ြက္ေလွေတြထဲကတစ္စီးလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာအတြင္းက

ဂ်ာမနီေျမာက္ပိုင္းက ဆိပ္ကမ္းၿမိဳ႕ျဖစ္တဲ့ ဟမ္းဘတ္မွာ ျပင္ဆင္မြမ္းမံမႈေတြလုပ္ဖို႔

ဆိုက္ကပ္ထားခဲ့တာပါ။ ယူကရိန္းကို ႐ုရွားက က်ဴးေက်ာ္ခဲ့ၿပီးေနာက္ သူ႔ရဲ႕႐ြက္ေလွကို

ဂ်ာမနီကသိမ္းဆည္းလိုက္တာျဖစ္ပါတယ္။ ၿဗိတိန္မွာရွိတဲ့ အူစမာေနာ့ဗ္ရဲ႕ ပိုင္ဆိုင္မႈေတြကိူလည္း

သိမ္းဆည္းဖို႔ ေတာင္းဆိုမႈေတြ ရွိေနပါေသးတယ္။