အဲဗာတန်အသင်းက ပြိုင်ဘက်အသင်းတွေထက် လင်ဂတ်ကိုခေါ်ယူနိုင်ဖို့ ထိပ်ဆုံးကရေပန်းစားနေ

မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူလင်ဂတ်ကို ခေါ်ယူလိုနေတဲ့အသင်း

တွေထဲမှာ အဲဗာတန်အသင်းက ပြိုင်ဘက်အသင်းတွေထက် လက်ဦးမှုရယူနိုင်ဖို့

နီးစပ်နေပါပြီ။

အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လင်ဂတ်ဟာ ဒီရာသီမှာ ယူနိုက်တက်အသင်း

အတွက် ပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရဆဲဖြစ်ပြီး လက်ရှိအချိန်အထိပြိုင်ပွဲစုံ

(၇)ပွဲသာကစားခွင့်ရခဲ့ပါတယ်။ လင်ဂတ်ရဲ့စာချုပ်သက်တမ်းက လာမယ့်နှစ်

နွေရာသီမှာ ကုန်ဆုံးမှာဖြစ်သလို ယူနိုက်တက်အသင်းက သူ့ကို လစာငွေ

တိုးမြှင့်ပေးပြီးတော့စာချုပ်သစ်ချုပ်ဆိုဖို့ကမ်းလှမ်းထားပေမယ့် လင်ဂတ်က

တော့ ပွဲထွက်ကစားခွင့်ရမှ အသင်းနဲ့စာချုပ်သက်တမ်းတိုးဖို့ဆန္ဒရှိနေ

တဲ့အတွက် အသင်းရဲ့ကမ်းလှမ်းမှုကိုငြင်းဆန်ခဲ့တာဖြစ်ပါတယ်။

အဲဒါကြောင့် ယူနိုက်တက်အသင်းဟာ လာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကျရင်

လင်ဂတ်ကို လျှော့ဈေးနဲ့ရောင်းချဖို့ပြင်ဆင်နေပြီး အသင်းဟောင်းဝက်စ်ဟမ်း၊

အဲဗာတန်တို့အပါအဝင် ကလပ်အသင်းတချို့ကလင်ဂတ်ကိုခေါ်ယူဖို့ပစ်မှတ်

ထားနေကြတာပါ။  ပြီးခဲ့တဲ့ရာသီက လင်ဂတ်ဟာဝက်စ်ဟမ်းအသင်းမှာ

အငှားနဲ့ကစားပြီးခြေစွမ်းပြနိုင်ခဲ့ပေမယ့် လင်ဂတ်ကအင်္ဂလန်အနောက်မြောက်

ဘက်ပိုင်းမှာပဲ ဆက်လက်နေထိုင်ချင်တဲ့အတွက်အဲဒီဒေသအခြေစိုက်ကလပ်

အဲဗာတန်အသင်းက လင်ဂတ်ကိုခေါ်ယူနိုင်ဖို့ ပိုမိုနီးစပ်နေတာဖြစ်ပါတယ်။

Zawgyi

အဲဗာတန္အသင္းက ၿပိဳင္ဘက္အသင္းေတြထက္ လင္ဂတ္ကိုေခၚယူႏိုင္ဖို႔ ထိပ္ဆုံးကေရပန္းစားေန

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္လူလင္ဂတ္ကို ေခၚယူလိုေနတဲ့အသင္း

ေတြထဲမွာ အဲဗာတန္အသင္းက ၿပိဳင္ဘက္အသင္းေတြထက္ လက္ဦးမႈရယူႏိုင္ဖို႔

နီးစပ္ေနပါၿပီ။အသက္(၂၈)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့ လင္ဂတ္ဟာ ဒီရာသီမွာ

ယူႏိုက္တက္အသင္းအတြက္ ပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရဆဲျဖစ္ၿပီး လက္ရွိ

အခ်ိန္အထိၿပိဳင္ပြဲစုံ(၇)ပြဲသာကစားခြင့္ရခဲ့ပါတယ္။ လင္ဂတ္ရဲ႕စာခ်ဳပ္သက္

တမ္းက လာမယ့္ႏွစ္ေႏြရာသီမွာ ကုန္ဆုံးမွာျဖစ္သလို ယူႏိုက္တက္အသင္းက

သူ႔ကို လစာေငြတိုးျမႇင့္ေပးၿပီးေတာ့စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ကမ္းလွမ္းထားေပမယ့္

လင္ဂတ္ကေတာ့ ပြဲထြက္ကစားခြင့္ရမွ အသင္းနဲ႔စာခ်ဳပ္သက္တမ္းတိုးဖို႔ဆႏၵရွိေန

တဲ့အတြက္ အသင္းရဲ႕ကမ္းလွမ္းမႈကိုျငင္းဆန္ခဲ့တာျဖစ္ပါတယ္။ အဲဒါေၾကာင့္

ယူႏိုက္တက္အသင္းဟာ လာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္က်ရင္

လင္ဂတ္ကို ေလွ်ာ့ေဈးနဲ႔ေရာင္းခ်ဖို႔ျပင္ဆင္ေနၿပီး အသင္းေဟာင္းဝက္စ္ဟမ္း၊

အဲဗာတန္တို႔အပါအဝင္ ကလပ္အသင္းတခ်ိဳ႕ကလင္ဂတ္ကိုေခၚယူဖို႔ပစ္မွတ္

ထားေနၾကတာပါ။  ၿပီးခဲ့တဲ့ရာသီက လင္ဂတ္ဟာဝက္စ္ဟမ္းအသင္းမွာ

အငွားနဲ႔ကစားၿပီးေျခစြမ္းျပႏိုင္ခဲ့ေပမယ့္ လင္ဂတ္ကအဂၤလန္အေနာက္ေျမာက္

ဘက္ပိုင္းမွာပဲ ဆက္လက္ေနထိုင္ခ်င္တဲ့အတြက္အဲဒီေဒသအေျခစိုက္ကလပ္

အဲဗာတန္အသင္းက လင္ဂတ္ကိုေခၚယူႏိုင္ဖို႔ ပိုမိုနီးစပ္ေနတာျဖစ္ပါတယ္။