
အဲဗာတန်နဲ့ နယူးကာဆယ်တို့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ
ဖြစ်ရပ်ဆန်းတစ်ခုပေါ်ပေါက်ခဲ့ပြီး အဲဒါကတော့ လူငယ်တစ်ဦးဟာ
ကွင်းထဲဝင်လာပြီး အဲဗာတန်အသင်း ဂိုးတိုင်မှာ
သူ့လည်ပင်းကို ကေဘယ်ကြိုးနဲ့ချည်ပြီး ဆန္ဒပြခဲ့တာပါပဲ။
ပွဲစဉ်ဒုတိယပိုင်းမစခင်မှာ အဲဒီအဖြစ်ပေါ်ပေါက်ခဲ့တာဖြစ်ပြီး
လုံခြုံရေးတွေဟာ Cutter အကြီးစားနဲ့ ကြိုးဖြတ်ပေးခဲ့ရပါတယ်။
ဒါကြောင့် ပွဲစဉ်ဒုတိယပိုင်းစတင်ဖို့ နှောင့်နှေးခဲ့ရသလို
တခြားပရိသတ်တစ်ဦးကလည်း အဲဒီလူငယ်ကို တိုက်ခိုက်ဖို့ ကြိုးစားခဲ့ပါသေးတယ်။
ဆံပင်ရှည်နဲ့ အဲဒီလူငယ်ဟာ Just Stop Oil စာတမ်းပါ
အင်္ကျီလိမ္မော်ရောင်ကို ဝတ်ဆင်ပြီး အစိုးရအနေနဲ့ မြောက်ပိုင်းပင်လယ်ပြင်ဘက်မှာ
ရေနံစက်ရုံ တိုးချဲ့မယ့်အစီအစဉ်ကို ကန့်ကွက်ဆန္ဒပြခဲ့တာဖြစ်ပါတယ်။
သူဟာကွင်းအတွင်းမှထွက်ခွာရန်ငြင်းဆိုနေခဲ့မှုနဲ့အတူ
အဲဗာတန်ပရိသတ်များ အကြီးအကျယ်ဒေါသထွက်ခဲ့ကြပါတယ်။
လုံခြုံရေးတွေ သူ့ကိုဆွဲခေါ်လာချိန်မှာ ရေဘူးနဲ့လည်း ပစ်ပေါက်ခံခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ အဲဗာတန်က အီဝိုဘီရဲ့ တစ်လုံးတည်းသောဂိုးနဲ့
ငှက်ကျားတွေကို အနိုင်ရခဲ့ပါတယ်။
zawgyi
အဲဗာတန္အသင္း ဂိုးတိုင္မွာသူ႔လည္ပင္းကို ေကဘယ္ႀကိဳးနဲ႔ခ်ည္ၿပီး ဆႏၵျပခဲ့တဲ့ ပရိသတ္
အဲဗာတန္နဲ႔ နယူးကာဆယ္တို႔ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ပြဲစဥ္မွာ
ျဖစ္ရပ္ဆန္းတစ္ခုေပၚေပါက္ခဲ့ၿပီး အဲဒါကေတာ့ လူငယ္တစ္ဦးဟာ
ကြင္းထဲဝင္လာၿပီး အဲဗာတန္အသင္း ဂိုးတိုင္မွာ
သူ႔လည္ပင္းကို ေကဘယ္ႀကိဳးနဲ႔ခ်ည္ၿပီး ဆႏၵျပခဲ့တာပါပဲ။
ပြဲစဥ္ဒုတိယပိုင္းမစခင္မွာ အဲဒီအျဖစ္ေပၚေပါက္ခဲ့တာျဖစ္ၿပီး
လုံၿခဳံေရးေတြဟာ Cutter အႀကီးစားနဲ႔ ႀကိဳးျဖတ္ေပးခဲ့ရပါတယ္။
ဒါေၾကာင့္ ပြဲစဥ္ဒုတိယပိုင္းစတင္ဖို႔ ေႏွာင့္ေႏွးခဲ့ရသလို
တျခားပရိသတ္တစ္ဦးကလည္း အဲဒီလူငယ္ကို တိုက္ခိုက္ဖို႔ ႀကိဳးစားခဲ့ပါေသးတယ္။
ဆံပင္ရွည္နဲ႔ အဲဒီလူငယ္ဟာ Just Stop Oil စာတမ္းပါ
အက်ႌလိေမၼာ္ေရာင္ကို ဝတ္ဆင္ၿပီး အစိုးရအေနနဲ႔ ေျမာက္ပိုင္းပင္လယ္ျပင္ဘက္မွာ
ေရနံစက္႐ုံ တိုးခ်ဲ႕မယ့္အစီအစဥ္ကို ကန႔္ကြက္ဆႏၵျပခဲ့တာျဖစ္ပါတယ္။
သူဟာကြင္းအတြင္းမွထြက္ခြာရန္ျငင္းဆိုေနခဲ့မႈနဲ႔အတူ
အဲဗာတန္ပရိသတ္မ်ား အႀကီးအက်ယ္ေဒါသထြက္ခဲ့ၾကပါတယ္။
လုံၿခဳံေရးေတြ သူ႔ကိုဆြဲေခၚလာခ်ိန္မွာ ေရဘူးနဲ႔လည္း ပစ္ေပါက္ခံခဲ့ရပါတယ္။
ပြဲအၿပီးမွာေတာ့ အဲဗာတန္က အီဝိုဘီရဲ႕ တစ္လုံးတည္းေသာဂိုးနဲ႔ ငွက္က်ားေတြကို အႏိုင္ရခဲ့ပါတယ္။