အဲလက်စ်တဲလက်စ်ရဲ့ မှော်ဆန်တဲ့အနမ်းနဲ့ ဝက်ဖို့ဒ်ကို အနိုင်ရယူလိုက်တဲ့ ယူနိုက်တက်အသင်းရဲ့ ပွဲအတွင်းထူးခြားမှတ်တမ်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းဟာ FA ဖလား တတိယအဆင့်ပွဲစဉ်မှာ ဝက်ဖို့ဒ်အသင်းကို (၁-ဝ)နဲ့အနိုင်ရယူသွားခဲ့ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားခဲ့ပါတယ်။ ဖာနန်ဒက်၊ပေါ့ဂ်ဘာတို့လို အသင်းရဲ့အဓိကကစားသမားအများစုကိုအနားပေးခဲ့ပြီး ပွဲမထွက်တာကြာပြီဖြစ်တဲ့ လင်ဂတ်ကိုထည့်သွင်းလာခဲ့သလို ပရိသတ်တွေမျှော်လင့်နေတဲ့ ဗန်ဒီဘိလည်း ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခဲ့သလို ဆိုလ်ရှားက တိုမီနေးကိုလည်း အသင်းခေါင်းဆောင်အဖြစ်ကစားစေခဲ့ပါတယ်။ ဘိုင်လီလည်း ဒီပွဲမှာ ပြန်လည်ပါဝင်လာခဲ့ပေမယ့် ပထမပိုင်းပြီးခါနီးမိနစ်ပိုင်းအလိုမှာ ဂိုးသမားဟန်ဒါဆန်နဲ့ထိခိုက်မိသွားတာကြောင့် မက်ဂွိုင်းယားနဲ့လူစားလဲခဲ့ရပါတယ်။ ဒီနေ့ပွဲမှာထူးခြားမှုတွေကတော့…

အဲလက်စ်တဲလက်စ်ရဲ့ အနမ်း -ပွဲအစ (၅)မိနစ်မှာ အဲလက်စ်တဲလက်စ်ကန်တင်ပေးလိုက်တဲ့ ထောင်ကန်ဘောကို တွမ်မီနေးက ခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးရဲ့ အစဟာ အဲလက်စ်တဲလက်စ်ရဲ့ အနမ်းတစ်ပွင့်နဲ့စတင်ခဲ့တာပါ။ ထောင့်ကန်ဘော မကန်တင်မီမှာ အဲလက်စ်တဲလက်စ်ဟာ ဘောလုံးကို နှုတ်ခမ်းနဲ့ကပ်ပြီး နမ်းလိုက်ပြီးမှ ကန်တင်လိုက်ပါတယ်။ ဂိုးရှေ့ ရောက်လာတဲ့ဘောလုံးကို တွမ်မီနေးက ခေါင်းခုန်တိုက်ပြီး ဘောလုံးဟာ မြေထောက်ဘောအဖြစ်နဲ့ ဝက်ဖို့ဒ် ဂိုးသမားရဲ့ဘယ်ဘက်ထောင့်ထဲကိုဝင်သွားခဲ့ပါတယ်။ တွစ်တာမှာလည်း အဲလက်စ်တဲလက်စ်ရဲ့ အနမ်းဟာ ကံကောင်းစေတဲ့ အနမ်းဆိုပြီး ရေးသားနေကြပါတယ်။

ဗန်ဒီဘိရဲ့ တစ်ချက်ထိကစားကွက်တွေနဲ့ အသားမကျသေးတဲ့ယူနိုက်တက် – ဒွန်နီဗန်ဒီဘိဟာ ဒီနေ့ပွဲမှာ ပေးပို့မှုအကြိမ် ၇၀ အထိလုပ်နိုင်ခဲ့ပြီး ၄ ကြိမ်သာလွဲချော်ခဲ့ပါတယ်။ ဘောလုံးဆယ်ယူမှု ၁၁ ကြိမ်ရှိခဲ့သလို ဘယ်ကစားသမားထက်မဆို သူ့ရဲ့စွမ်းဆောင်နိုင်မှုဟာပိုများပါတယ် ။

ပထမပိုင်း (၄၂)မိနစ်မှာ မာတာကိုနောက်ပေါက်နဲ့ချပေးတဲ့အလုံးသာ သွင်းယူနိုင်ခဲ့ရင် ဂိုးဖန်တီးမှုရဦးမှာဖြစ်ပေမယ့် ဝက်ဖို့ဒ် ဂိုးသမား ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ကံကောင်းလို့ ဒဏ်ရာမပြင်းထန်ခဲ့တဲ့ ဘိုင်လီ – ပထမပိုင်းပြီးခါနီးမှာ ဝက်ဖို့ဒ်တိုက်စစ်မှူးရဲ့ခေါင်းတိုက်သွင်းယူမှုကို ဟန်ဒါဆန်က ပုတ်ထုတ်ကာကွယ်ဖို့ကြိုးစားခဲ့ချိန်မှာ ဟန်ဒါဆင်က ဘိုင်လီရဲ့ မျက်နှာကို ဒူးနဲ့တိုက်မိသွားပြီး ဦးခေါင်းဒဏ်ရာရရှိသွားခဲ့ပါတယ်။ ဒါကြောင့်ယူနိုက်တက်အသင်းရဲ့ ဆေးအဖွဲ့တွေကွင်းထဲဝင်ရောက်လာခဲ့ပြီး သူ့ကိုကုသမှုပေးခဲ့ရပါတယ်။ မိနစ်အနည်းငယ်ကြာချိန်မှာ ဘိုင်လီကို ကွင်းပြင်ဘက်ခေါ်ဆောင်သွားခဲ့ပြီးအခြေအနေကိုစောင့်ကြည့်ခဲ့ပါတယ်။

ဘိုင်လီကတော့ ကုသမှုခံယူခဲ့ပြီးနောက် သူ့ရဲ့ ဒဏ်ရာက ပြင်းထန်ခြင်းမရှိဘူးလို့ယူဆပြီး ကွင်းအတွင်းဝင်ရောက်ပြီး ပြန်လည်ကစားလိုပေမယ့် ယူနိုက်တက်ဆေးအဖွဲ့ဝင်များကတားမြစ်ခဲ့ပြီး ဥမင်အတွင်းခေါ်ဆောင်သွားခဲ့တာကို ကိုတွေ့ခဲ့ရပါတယ်။

အသင်းခေါင်းဆောင် တိုမီနေးရဲ့ ပွဲပြီးပြောစကား – “နည်းပြကဒီပွဲမှာ အသင်းခေါင်းဆောင်လုပ်ရမယ်လို့ ကျွန်တော့်ကိုပြောခဲ့တဲ့အချိန်ဟာ ကျွန်တော့် အတွက်တော့ အိပ်မက်ဆန်တဲ့အခိုက်အတန့်တစ်ခုပါပဲ။ ကျွန်တော့် ဒီအသင်းမှာရှိနေခဲ့တာ (၅)နှစ်သားကတည်းကပါ။ ယူနိုက်တက်က ကျွန်တော့် ဘဝကြီးတစ်ခုလုံးပါပဲ။ ဒီနေ့ပွဲဟာ ကျွန်တော့် အတွက် တကယ်ကိုဂုဏ်ယူရတဲ့ပွဲတစ်ပွဲဖြစ်ခဲ့ပါတယ်။” လို့ တိုမီနေးကပြောကြားခဲ့ပါတယ်။ ဒီပွဲဟာ တိုမီနေးအတွက်တော့ ယူနိုက်တက်အသင်းရဲ့ခေါင်းဆောင် အဖြစ် ပထမဆုံးတာဝန်ယူပွဲထွက်ခွင့်ရတဲ့ပွဲလည်း ဖြစ်ပါတယ်။

allfootballappမှာ ယူနိုက်တက်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကတော့

ဂိုးသမားနဲ့ နောက်တန်းခံစစ်မှူးတွေရဲ့ စွမ်းဆောင်ရည် – cleansheet ရခဲ့တဲ့ ဂိုးသမားဟန်ဒါဆန်က စွမ်းဆောင်ရည်(၇.၁)၊ ဘရန်ဒန်ဝီလျှံက (၆.ဂ)၊ ပထမပိုင်းပဲကစားခွင့်ရခဲ့တဲ့ ဘိုင်လီက (၆.၅)၊ တွန်ဇီဘီရဲ့ စွမ်းဆောင်ရည်က(၆.၇)၊ရခဲ့ပြီး အဲလက်စ်တဲလက်စ်ကတော့ ဒီပွဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးရခဲ့ပြီး (၈.၆)ဖြစ်ပါတယ်။

ကွင်းလယ်နဲ့ တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည် – အသင်းခေါင်းဆောင်လည်းဖြစ်ပြီး ဒီနေ့ပွဲရဲ့ တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူသွားခဲ့တဲ့ တိုမီနေးက စွမ်းဆောင်ရည် ဒုတိယ အမြင့်ဆုံးဖြစ်ခဲ့ပြီး (၈.၂)ရခဲ့ပါတယ်။

ဘန်ဒီဘိရဲ့စွမ်းရည်ကလည်း (၇.ဝ)လို့ သက်မှတ်ခဲ့ပေမယ့် မာတာသာသွင်းဂိုးရယူနိုင်ခဲ့မယ်ဆိုရင် သက်မှတ်ချက်က ဒီထက်ပိုမိုများပြားနေမှာသေချာပါတယ်။ မာတာရဲ့ ခြေစွမ်းဟာ ဒီနေ့ပွဲမှာတော့ ထူးခြားတဲ့စွမ်းရည်တွေမပြသနိုင်ခဲ့သလို စွမ်းဆောင်ရည်သက်မှတ်ချက်ဟာလည်း (၆.၄)သာရှိခဲ့ပါတယ်။ လင်ဂတ်ဟာလည်း သူပါဝင်ခွင့်ရတဲ့ပွဲမှာ အားထုတ်ကြိုးပမ်းခဲ့ပေမယ့် အသင်းနဲ့ချိတ်ဆက်နိုင်မှုကအားရစရာအထောက်အကူမဖြစ်ခဲ့ပဲ စွမ်းဆောင်ရည်(၆.၂)သာရှိခဲ့ပြီး မိနစ်(၈၀)မှာလူစားလဲခံခဲ့ရပါတယ်။

ဒန်နီရယ်ဂျိမ်းရဲ့ စွမ်းဆောင်ရည်(၆.၆)ဟာ သူ့ရဲ့ ကွင်းတွင်းစွမ်းရည်နဲ့ယှဉ်လိုက်ရင်များတောင်နေပါသေးတယ်။ သူ့ကို ပွဲချိန် (၆၈)မိနစ်မှာ လူစားလဲ မားကပ်ရက်ဖိုဒ်နဲ့ လူစားလဲခဲ့တဲ့လုပ်ရပ်က ဆိုလ်ရှားရဲ့ ဒီပွဲအပေါ်မှာ ဆုံးဖြတ်ချက်တွေထဲမှာအမှန်ဆုံးလို့ပြောလို့ရပါတယ်။ ဂရင်းဝုဒ်ရဲ့ စွမ်းရည်ဟာလည်း ဒန်နီရယ်ဂျိမ်းလိုပါပဲ စွမ်းဆောင်ရည်(၆.၅)ရရှိခဲ့ပါတယ်။ ပွဲချိန် (၆၉)မိနစ် မှာ မာရှယ်နဲ့လူစားလဲခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

အဲလက္စ္တဲလက္စ္ရဲ႕ ေမွာ္ဆန္တဲ့အနမ္းနဲ႔ ဝက္ဖို႔ဒ္ကို အႏိုင္ရယူလိုက္တဲ့ ယူႏိုက္တက္အသင္းရဲ႕ ပြဲအတြင္းထူးျခားမွတ္တမ္း

ယူႏိုက္တက္အသင္းဟာ FA ဖလား တတိယအဆင့္ပြဲစဥ္မွာ ဝက္ဖို႔ဒ္အသင္းကို (၁-ဝ)နဲ႔အႏိုင္ရယူသြားခဲ့ၿပီး ေနာက္တစ္ဆင့္ကို တက္လွမ္းသြားခဲ့ပါတယ္။ ဖာနန္ဒက္၊ေပါ့ဂ္ဘာတို႔လို အသင္းရဲ႕အဓိကကစားသမားအမ်ားစုကိုအနားေပးခဲ့ၿပီး ပြဲမထြက္တာၾကာၿပီျဖစ္တဲ့ လင္ဂတ္ကိုထည့္သြင္းလာခဲ့သလို ပရိသတ္ေတြေမွ်ာ္လင့္ေနတဲ့ ဗန္ဒီဘိလည္း ပြဲထြက္ကစားသမားအျဖစ္ပါဝင္ခဲ့သလို ဆိုလ္ရွားက တိုမီေနးကိုလည္း အသင္းေခါင္းေဆာင္အျဖစ္ကစားေစခဲ့ပါတယ္။ ဘိုင္လီလည္း ဒီပြဲမွာ ျပန္လည္ပါဝင္လာခဲ့ေပမယ့္ ပထမပိုင္းၿပီးခါနီးမိနစ္ပိုင္းအလိုမွာ ဂိုးသမားဟန္ဒါဆန္နဲ႔ထိခိုက္မိသြားတာေၾကာင့္ မက္ဂြိဳင္းယားနဲ႔လူစားလဲခဲ့ရပါတယ္။ ဒီေန႔ပြဲမွာထူးျခားမႈေတြကေတာ့…

အဲလက္စ္တဲလက္စ္ရဲ႕ အနမ္း – ပြဲအစ (၅)မိနစ္မွာ အဲလက္စ္တဲလက္စ္ကန္တင္ေပးလိုက္တဲ့ ေထာင္ကန္ေဘာကို တြမ္မီေနးက ေခါင္းတိုက္သြင္းယူခဲ့တာျဖစ္ၿပီး ဒီသြင္းဂိုးရဲ႕ အစဟာ အဲလက္စ္တဲလက္စ္ရဲ႕ အနမ္းတစ္ပြင့္နဲ႔စတင္ခဲ့တာပါ။ ေထာင့္ကန္ေဘာ မကန္တင္မီမွာ အဲလက္စ္တဲလက္စ္ဟာ ေဘာလုံးကို ႏႈတ္ခမ္းနဲ႔ကပ္ၿပီး နမ္းလိုက္ၿပီးမွ ကန္တင္လိုက္ပါတယ္။ ဂိုးေရွ႕ ေရာက္လာတဲ့ေဘာလုံးကို တြမ္မီေနးက ေခါင္းခုန္တိုက္ၿပီး ေဘာလုံးဟာ ေျမေထာက္ေဘာအျဖစ္နဲ႔ ဝက္ဖို႔ဒ္ ဂိုးသမားရဲ႕ဘယ္ဘက္ေထာင့္ထဲကိုဝင္သြားခဲ့ပါတယ္။ တြစ္တာမွာလည္း အဲလက္စ္တဲလက္စ္ရဲ႕ အနမ္းဟာ ကံေကာင္းေစတဲ့ အနမ္းဆိုၿပီး ေရးသားေနၾကပါတယ္။

ဗန္ဒီဘိရဲ႕ တစ္ခ်က္ထိကစားကြက္ေတြနဲ႔ အသားမက်ေသးတဲ့ယူႏိုက္တက္ – ဒြန္နီဗန္ဒီဘိဟာ ဒီေန႔ပြဲမွာ ေပးပို႔မႈအႀကိမ္ ၇၀ အထိလုပ္ႏိုင္ခဲ့ၿပီး ၄ ႀကိမ္သာလြဲေခ်ာ္ခဲ့ပါတယ္။ ေဘာလုံးဆယ္ယူမႈ ၁၁ ႀကိမ္ရွိခဲ့သလို ဘယ္ကစားသမားထက္မဆို သူ႔ရဲ႕စြမ္းေဆာင္ႏိုင္မႈဟာပိုမ်ားပါတယ္ ။ ပထမပိုင္း (၄၂)မိနစ္မွာ မာတာကိုေနာက္ေပါက္နဲ႔ခ်ေပးတဲ့အလုံးသာ သြင္းယူႏိုင္ခဲ့ရင္ ဂိုးဖန္တီးမႈရဦးမွာျဖစ္ေပမယ့္ ဝက္ဖို႔ဒ္ ဂိုးသမား ကာကြယ္သြားႏိုင္ခဲ့ပါတယ္။

ကံေကာင္းလို႔ ဒဏ္ရာမျပင္းထန္ခဲ့တဲ့ ဘိုင္လီ – ပထမပိုင္းၿပီးခါနီးမွာ ဝက္ဖို႔ဒ္တိုက္စစ္မႉးရဲ႕ေခါင္းတိုက္သြင္းယူမႈကို ဟန္ဒါဆန္က ပုတ္ထုတ္ကာကြယ္ဖို႔ႀကိဳးစားခဲ့ခ်ိန္မွာ ဟန္ဒါဆင္က ဘိုင္လီရဲ႕ မ်က္ႏွာကို ဒူးနဲ႔တိုက္မိသြားၿပီး ဦးေခါင္းဒဏ္ရာရရွိသြားခဲ့ပါတယ္။ ဒါေၾကာင့္ယူႏိုက္တက္အသင္းရဲ႕ ေဆးအဖြဲ႕ေတြကြင္းထဲဝင္ေရာက္လာခဲ့ၿပီး သူ႔ကိုကုသမႈေပးခဲ့ရပါတယ္။ မိနစ္အနည္းငယ္ၾကာခ်ိန္မွာ ဘိုင္လီကို ကြင္းျပင္ဘက္ေခၚေဆာင္သြားခဲ့ၿပီးအေျခအေနကိုေစာင့္ၾကည့္ခဲ့ပါတယ္။ ဘိုင္လီကေတာ့ ကုသမႈခံယူခဲ့ၿပီးေနာက္ သူ႔ရဲ႕ ဒဏ္ရာက ျပင္းထန္ျခင္းမရွိဘူးလို႔ယူဆၿပီး ကြင္းအတြင္းဝင္ေရာက္ၿပီး ျပန္လည္ကစားလိုေပမယ့္ ယူႏိုက္တက္ေဆးအဖြဲ႕ဝင္မ်ားကတားျမစ္ခဲ့ၿပီး ဥမင္အတြင္းေခၚေဆာင္သြားခဲ့တာကို ကိုေတြ႕ခဲ့ရပါတယ္။

အသင္းေခါင္းေဆာင္ တိုမီေနးရဲ႕ ပြဲၿပီးေျပာစကား – “နည္းျပကဒီပြဲမွာ အသင္းေခါင္းေဆာင္လုပ္ရမယ္လို႔ ကြၽန္ေတာ့္ကိုေျပာခဲ့တဲ့အခ်ိန္ဟာ ကြၽန္ေတာ့္ အတြက္ေတာ့ အိပ္မက္ဆန္တဲ့အခိုက္အတန႔္တစ္ခုပါပဲ။ ကြၽန္ေတာ့္ ဒီအသင္းမွာရွိေနခဲ့တာ (၅)ႏွစ္သားကတည္းကပါ။ ယူႏိုက္တက္က ကြၽန္ေတာ့္ ဘဝႀကီးတစ္ခုလုံးပါပဲ။ ဒီေန႔ပြဲဟာ ကြၽန္ေတာ့္ အတြက္ တကယ္ကိုဂုဏ္ယူရတဲ့ပြဲတစ္ပြဲျဖစ္ခဲ့ပါတယ္။” လို႔ တိုမီေနးကေျပာၾကားခဲ့ပါတယ္။ ဒီပြဲဟာ တိုမီေနးအတြက္ေတာ့ ယူႏိုက္တက္အသင္းရဲ႕ေခါင္းေဆာင္ အျဖစ္ ပထမဆုံးတာဝန္ယူပြဲထြက္ခြင့္ရတဲ့ပြဲလည္း ျဖစ္ပါတယ္။

allfootballappမွာ ယူႏိုက္တက္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္ကေတာ့

ဂိုးသမားနဲ႔ ေနာက္တန္းခံစစ္မွဴးေတြရဲ႕ စြမ္းေဆာင္ရည္

cleansheet ရခဲ့တဲ့ ဂိုးသမားဟန္ဒါဆန္က စြမ္းေဆာင္ရည္(၇.၁)၊ ဘရန္ဒန္ဝီလွ်ံက (၆.ဂ)၊ ပထမပိုင္းပဲကစားခြင့္ရခဲ့တဲ့ ဘိုင္လီက (၆.၅)၊ တြန္ဇီဘီရဲ႕ စြမ္းေဆာင္ရည္က(၆.၇)၊ရခဲ့ၿပီး အဲလက္စ္တဲလက္စ္ကေတာ့ ဒီပြဲမွာ စြမ္းေဆာင္ရည္အျမင့္ဆံုးရခဲ့ၿပီး (၈.၆)ျဖစ္ပါတယ္။

ကြင္းလယ္နဲ႔ တိုက္စစ္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္

အသင္းေခါင္းေဆာင္လည္းျဖစ္ၿပီး ဒီေန႕ပြဲရဲ႕ တစ္လံုးတည္းေသာအႏိုင္ဂိုးကိုသြင္းယူသြားခဲ့တဲ့ တိုမီေနးက စြမ္းေဆာင္ရည္ ဒုတိယ အျမင့္ဆံုးျဖစ္ခဲ့ၿပီး (၈.၂)ရခဲ့ပါတယ္။ ဘန္ဒီဘိရဲ႕စြမ္းရည္ကလည္း (၇.၀)လို႕ သက္မွတ္ခဲ့ေပမယ့္ မာတာသာသြင္းဂိုးရယူႏိုင္ခဲ့မယ္ဆိုရင္ သက္မွတ္ခ်က္က ဒီထက္ပိုမိုမ်ားျပားေနမွာေသခ်ာပါတယ္။ မာတာရဲ႕ ေျခစြမ္းဟာ ဒီေန႕ပြဲမွာေတာ့ ထူးျခားတဲ့စြမ္းရည္ေတြမျပသႏိုင္ခဲ့သလို စြမ္းေဆာင္ရည္သက္မွတ္ခ်က္ဟာလည္း (၆.၄)သာရွိခဲ့ပါတယ္။ လင္ဂတ္ဟာလည္း သူပါဝင္ခြင့္ရတဲ့ပြဲမွာ အားထုတ္ၾကိဳးပမ္းခဲ့ေပမယ့္ အသင္းနဲ႕ခ်ိတ္ဆက္ႏိုင္မႈကအားရစရာအေထာက္အကူမျဖစ္ခဲ့ပဲ စြမ္းေဆာင္ရည္(၆.၂)သာရွိခဲ့ၿပီး မိနစ္(၈၀)မွာလူစားလဲခံခဲ့ရပါတယ္။ ဒန္နီရယ္ဂ်ိမ္းရဲ႕ စြမ္းေဆာင္ရည္(၆.၆)ဟာ သူ႕ရဲ႕ ကြင္းတြင္းစြမ္းရည္နဲ႕ယွဥ္လိုက္ရင္မ်ားေတာင္ေနပါေသးတယ္။ သူ႕ကို ပြဲခ်ိန္ (၆၈)မိနစ္မွာ လူစားလဲ မားကပ္ရက္ဖိုဒ္နဲ႕ လူစားလဲခဲ့တဲ့လုပ္ရပ္က ဆိုလ္ရွားရဲ႕ ဒီပြဲအေပၚမွာ ဆံုးျဖတ္ခ်က္ေတြထဲမွာအမွန္ဆံုးလို႔ေျပာလို႔ရပါတယ္။ ဂရင္းဝုဒ္ရဲ႕ စြမ္းရည္ဟာလည္း ဒန္နီရယ္ဂ်ိမ္းလိုပါပဲ စြမ္းေဆာင္ရည္(၆.၅)ရရွိခဲ့ပါတယ္။ ပြဲခ်ိန္ (၆၉)မိနစ္ မွာ မာရွယ္နဲ႕လူစားလဲခဲ့ပါတယ္။