အဲလက်စ် တဲလက်စ်ရဲ့ ဦးခေါင်းအမာရွတ် နောက်ကွယ်က စိတ်ဝင်စားစရာ ပုံပြင် တစ်ပုဒ်


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက် ပရိသတ်တွေဟာ ပေါ်တိုက ပြောင်းလာတဲ့ အဲလက်စ် တဲလက်စ်ရဲ့ ကစားပုံကို ၁ကြိမ်သာ မြင်ဖူးသေးပြီး ထူးခြားတဲ့ ခန္ဓာကိုယ် အနေအထားတွေအကြောင်းကို သတိထားမိဦးမယ် မထင်ပါဘူး။ ဘရာဇီး ညာနောက်ခံလူဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ပေါင် ၁၅.၄သန်းနဲ့ ယူနိုက်တက်ကို ရောက်လာခဲ့ပြီး ဆံပင်မှာ အမာရွတ်တစ်ခု၊ နားအပေါ်ဘက်မှာ အမာရွတ်တစ်ခု ရှိနေပါတယ်။ တဲလက်စ်ရဲ့ ဆံပင် ပုံစံကြောင့် အဆိုပါ အမာရွတ်တွေကို တစ်ချက်ကြည့်ရုံနဲ့ လွယ်လွယ်ကူကူ မမှတ်မိနိုင်ပေမဲ့ အဲ့ဒီဒဏ်ရာကို သူ ဖုံးကွယ်ထားခြင်း မရှိပဲ ဂုဏ်ယူလို့တောင် နေပါသေးတယ်။ ယမန်နှစ်က ပြောရာမှာ တဲလက်စ်က “ဒီအမှတ်အသားတွေက ကျွန်တော့်ရဲ့ ပုံပြင်နဲ့ ကစားသမားဘဝကို ကိုယ်စားပြုပါတယ်”လို့ ပြောခဲ့ပါတယ်။’

အဆိုပါ အမာရွတ်ဟာ ၂၀၁၃ခုနှစ် ၁၉နှစ်အရွယ် လူငယ် ကစားသမားဘ၀ ဂရီမီယိုအသင်းမှာ စတင်ခဲ့ပါတယ်။ အင်တီစီယွန်နယ်နဲ့ ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက ပွဲကြီးပွဲကောင်း ကစားခဲ့ရာမှာ တဲလက်စ်က ပြိုင်ဘက် နောက်ခံလူ ဂါဘရီရယ်ကို လေထဲမှာ ခေါင်းယှဉ်တိုက်စဉ် ခေါင်းအချင်းချင်း တိုက်မိခဲ့တာ ဖြစ်ပါတယ်။ တဲလက်စ်ရဲ့ ဒဏ်ရာက ပိုဆိုးခဲ့ပြီး ကွင်းထဲက ထွက်ခွာခဲ့ရပါတယ်။ သူ တစ်ကြိမ်ထဲနဲ့ နှာခေါင်းရိုးကျိုး၊ ပါးရိုကျိုးခဲ့ပြီး မျက်လုံးအိမ်ပါ ထိသွားခဲ့ပါတယ်။ ရလဒ်အနေနဲ့ တဲလက်စ်ဟာ ချက်ချင်း ခွဲစိတ်ကုသမှု ခံယူခဲ့ရပြီး ဒဏ်ရာတွေကို ပြန်ချုပ်ခဲ့ရပါတယ်။

ဂရီမီယိုအသင်းက ကြံ့ခိုင်ရေးမှူး မာရီယို ပါရဲရားက “အဲ့ဒါက လုံးဝကို ရှုပ်ထွေးတဲ့ အခန်းပါ။ အစက ခေါင်းချင်းပဲ တိုက်တာလို့ ထင်ခဲ့ပေမဲ့ စစ်ဆေးမှုတွေအရ ဘယ်လောက် ဒဏ်ရာက ဆိုးရွားခဲ့လဲဆိုတာ သိခဲ့ရပါတယ်။ သူက စိတ်ပူပြီး စိတ်ညစ်နေခဲ့ပါတယ်။ သူ ၃လလောက် နားလိုက်ရပါတယ်။ ဒါပေမဲ့ သူက စိတ်ဓာတ်အရမ်းကောင်းတာရယ်၊ အသင်းနဲ့ မိသားစုက ထောက်ခံအားပေးတာရယ်ကြောင့် အတောင့်တင်းဆုံး ပုံစံနဲ့ ပြန်လာနိုင်ခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။ အဲလက်စ် တဲလက်စ်ဟာ ယူနိုက်တက်ကို မပြောင်းခင် ဂါလာတာစာရေး၊ အင်တာမီလန်နဲ့ ပေါ်တိုတို့မှာ ကစားခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပထမဆုံးပွဲစဉ်အဖြစ် ပီအက်စ်ဂျီကို ၂-၁နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပါဝင် ကစားခဲ့ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။


M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

အဲလက္စ္ တဲလက္စ္ရဲ႕ ဦးေခါင္းအမာရြတ္ ေနာက္ကြယ္က စိတ္၀င္စားစရာ ပံုျပင္ တစ္ပုဒ္

ယူႏုိက္တက္ ပရိသတ္ေတြဟာ ေပၚတိုက ေျပာင္းလာတဲ့ အဲလက္စ္ တဲလက္စ္ရဲ႕ ကစားပံုကို ၁ၾကိမ္သာ ျမင္ဖူးေသးျပီး ထူးျခားတဲ့ ခႏၶာကုိယ္ အေနအထားေတြအေၾကာင္းကို သတိထားမိဦးမယ္ မထင္ပါဘူး။ ဘရာဇီး ညာေနာက္ခံလူဟာ အေျပာင္းအေရႊ႕ ေနာက္ဆံုးရက္မွာ ေပါင္ ၁၅.၄သန္းနဲ႔ ယူႏုိက္တက္ကို ေရာက္လာခဲ့ျပီး ဆံပင္မွာ အမာရြတ္တစ္ခု၊ နားအေပၚဘက္မွာ အမာရြတ္တစ္ခု ရွိေနပါတယ္။ တဲလက္စ္ရဲ႕ ဆံပင္ ပံုစံေၾကာင့္ အဆုိပါ အမာရြတ္ေတြကို တစ္ခ်က္ၾကည့္ရံုနဲ႔ လြယ္လြယ္ကူကူ မမွတ္မိႏိုင္ေပမဲ့ အဲ့ဒီဒဏ္ရာကို သူ ဖုံးကြယ္ထားျခင္း မရွိပဲ ဂုဏ္ယူလို႔ေတာင္ ေနပါေသးတယ္။ ယမန္ႏွစ္က ေျပာရာမွာ တဲလက္စ္က “ဒီအမွတ္အသားေတြက ကြ်န္ေတာ့္ရဲ႕ ပံုျပင္နဲ႔ ကစားသမားဘ၀ကို ကုိယ္စားျပဳပါတယ္”လို႔ ေျပာခဲ့ပါတယ္။

အဆုိပါ အမာရြတ္ဟာ ၂၀၁၃ခုႏွစ္ ၁၉ႏွစ္အရြယ္ လူငယ္ ကစားသမားဘ၀ ဂရီမီယိုအသင္းမွာ စတင္ခဲ့ပါတယ္။ အင္တီစီယြန္နယ္န႔ဲ ၂၀၁၃ခုႏွစ္ ေဖေဖာ္၀ါရီလက ပြဲၾကီးပဲြေကာင္း ကစားခဲ့ရာမွာ တဲလက္္စ္က ျပိဳင္ဘက္ ေနာက္ခံလူ ဂါဘရီရယ္ကို ေလထဲမွာ ေခါင္းယွဥ္တို္က္စဥ္ ေခါင္းအခ်င္းခ်င္း တုိက္မိခဲ့တာ ျဖစ္ပါတယ္။ တဲလက္စ္ရဲ႕ ဒဏ္ရာက ပုိဆုိးခဲ့ျပီး ကြင္းထဲက ထြက္ခြာခဲ့ရပါတယ္။ သူ တစ္ၾကိမ္ထဲနဲ႔ ႏွာေခါင္းရိုးက်ိဳး၊ ပါးရိုက်ိဳးခဲ့ျပီး မ်က္လံုးအိမ္ပါ ထိသြားခဲ့ပါတယ္။ ရလဒ္အေနနဲ႔ တဲလက္စ္ဟာ ခ်က္ခ်င္း ခြဲစိတ္ကုသမႈ ခံယူခဲ့ရျပီး ဒဏ္ရာေတြကို ျပန္ခ်ဳပ္ခဲ့ရပါတယ္။

ဂရီမီယိုအသင္းက ၾကံ႕ခိိုိင္ေရးမွဴး မာရီယို ပါရဲရားက “အဲ့ဒါက လံုး၀ကို ရႈပ္ေထြးတဲ့ အခန္းပါ။ အစက ေခါင္းခ်င္းပဲ တုိက္တာလို႔ ထင္ခဲ့ေပမဲ့ စစ္ေဆးမႈေတြအရ ဘယ္ေလာက္ ဒဏ္ရာက ဆုိးရြားခဲ့လဲဆုိတာ သိခဲ့ရပါတယ္။ သူက စိတ္ပူျပီး စိတ္ညစ္ေနခဲ့ပါတယ္။ သူ ၃လေလာက္ နားလိုက္ရပါတယ္။ ဒါေပမဲ့ သူက စိတ္ဓာတ္အရမ္းေကာင္းတာရယ္၊ အသင္းနဲ႔ မိသားစုက ေထာက္ခံအားေပးတာရယ္ေၾကာင့္ အေတာင့္တင္းဆံုး ပံုစံနဲ႔ ျပန္လာႏိုင္ခဲ့ပါတယ္”လို႔ ေျပာခဲ့ပါတယ္။ အဲလက္စ္ တဲလက္စ္ဟာ ယူႏုိက္တက္ကို မေျပာင္းခင္ ဂါလာတာစာေရး၊ အင္တာမီလန္နဲ႔ ေပၚတုိတုိ႔မွာ ကစားခဲ့ပါတယ္။ ယူႏိုက္တက္အတြက္ ပထမဆံုးပဲြစဥ္အျဖစ္ ပီအက္စ္ဂ်ီကို ၂-၁နဲ႔ အႏိုင္ရခဲ့တဲ့ပြဲမွာ ပါ၀င္ ကစားခဲ့ျပီး အေကာင္းဆံုး ေျခစြမ္းျပႏုိင္ခဲ့ပါတယ္။