
ဒါနီအဲလ်ဗက်စ်ဟာဘာစီလိုနာသို့ပြန်ရောက်လာတဲ့ပထမဆုံးနေ့မှာဘဲ
ဘာစီလိုနာကသူ့လိုကစားသမားမျိုးကိုဘယ်လောက်အထိ
လိုအပ်နေသလဲဆိုတာပြသနိုင်ခဲ့ပါတယ်။ ဘရာဇီးညာနောက်ခံလူဟာ
အသက်၃၈နှစ်အရွယ်သို့ရောက်နေပြီဖြစ်ပေမယ့်လည်းအသင်းဟောင်း
ဘာစီလိုနာသို့ယခုရာသီအကုန်အထိကာလတိုစာချုပ်ဖြင့်ရောက်လာခဲ့ပါတယ်။
အဲလ်ဗက်စ်ဟာဘာစီလိုနာမှာတစ်လလုပ်ခတစ်ယူရိုသာရရှိမည်ဖြစ်ပြီး
စွမ်းဆောင်ရည်အပေါ်မူတည်ကာအပိုဆုကြေးများရရှိပါမယ်။
သူ့အနေဖြင့်လာမယ့်ဇန်နဝါရီလမတိုင်မီအထိဘာစီလိုနာအတွက်ကစားနိုင်ဦးမှာ
မဟုတ်ပါဘူး။ဒါပေမယ့်ဆီဗီလာနောက်ခံလူဟာတနင်္လာနေ့မှစတင်ကာ
ဘာစီလိုနာရဲ့ Ciutat Esportiva လေ့ကျင့်ရေးစခန်းတွင်လေ့ကျင့်မှုများ
စတင်ပြုလုပ်နေပြီဖြစ်ပါတယ်။သူဟာဘာစီလိုနာသို့ရောက်တဲ့ပထမဆုံးနေ့မှာ
ကစားဖော်သစ်များနှင့်တွေ့ဆုံရာမှာမိန့်ခွန်းချွေမှုပြုလုပ်ခဲ့ပါတယ်။
သူ့မိန့်ခွန်းကလူငယ်ကစားသမားများစွာဖြင့်စုဖွဲ့ထားတဲ့ဘာကာမှ
ကစားသမားတိုင်းကိုစိတ်ဓာတ်တက်ကြွစေခဲ့ပါတယ်။
အဲလ်ဗက်စ်က “ကာလရှည်ကြာဝေးကွာခဲ့ပြီးနောက်ပြန်လာခွင့်ရလို့
ဝမ်းသာတယ်။မင်းတို့နဲ့အတူထပ်တူအတူနေခွင့်ရလို့ဝမ်းသာတယ်။
မင်းတို့ဆီကသင်ယူဖို့ရောက်လာတာ။အခုကမ္ဘာသစ်ပါ။ဒါပေမယ့်
အဟောင်းတစ်ခုရဲ့အသစ်ဖြစ်တယ်။ဒီကလပ်အတွက်ကိုယ်စားပြုခွင့်ရတာ၊
ဒီအင်္ကျီကိုဝတ်ဆင်ခွင့်ရတာဘယ်လောက်အရေးကြီးတဲ့တစ်ချက်တော့
ပြောချင်တယ်။ငါကနိုင်ငံခြားကလာတဲ့သူပါ။ဒီနေရာက
ကြီးကျယ်ခမ်းနားတာတွေလုပ်ဖို့အကောင်းဆုံးနေရာ။နေဖို့လည်း
အကောင်းဆုံးနေရာ။အခုဒီမှာနေခွင့်ရနေတယ်။ဒါကိုတန်ဖိုးထားရမယ်။
ဒီမှာလောက်အပြင်မှာဘာမှမကောင်းဘူး။မင်းတို့နဲ့အတူရှိနေခွင့်ရလို့
ဝမ်းသာတဲ့အကြောင်းထပ်ပြောချင်တယ်။ဒီကလပ်ကကြီးကျယ်တဲ့အရာတွေ
လုပ်ခဲ့တယ်။ထပ်လုပ်ဖို့အတွက်ရောက်လာတာ။ထပ်ပြီးကြီးကျယ်ခမ်းနားတာ
တွေလုပ်ကြစို့”လို့ပြောကြားသွားပါတယ်။ အဲလ်ဗက်စ်ကယင်းသို့ပြောကြားပြီးချိန်တွင်
အဝတ်အစားလဲခန်းအတွင်းရှိကစားသမားများကလက်ခုပ်တီးခဲ့ကြပါတယ်။
သူဟာဘာစီလိုနာတွင်ပထမအကြိမ်ကစားစဉ်ကကစားဖော်အဖြစ်
လက်တွဲခဲ့တဲ့ဇာဗီးနှင့်လည်းတွေ့ဆုံမှုပြုလုပ်ခဲ့ပါတယ်။
အဲလ်ဗက်စ်ဟာဘာစီလိုနာတွင်ပထမအကြိမ်ကစားစဉ်တုန်းက၃၉၁ပွဲ
ကစားခဲ့ကာချန်ပီယံလိဂ်ဖလား၃ကြိမ်၊လာလီဂါဖလား၆ကြိမ်
အပါအဝင်ဆုဖလား၂၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။
zawgyi
အဲလ္ဗက္စ္ဟာ ဘာကာသို႔ျပန္ေရာက္လာတဲ့ပထမဆုံးေန႔မွာပဲ သူ႔လိုကစားသမားမ်ိဳးကို ဘယ္ေလာက္အထိလိုအပ္ေနသလဲဆိုတာျပသႏိုင္ခဲ့
ဒါနီအဲလ္ဗက္စ္ဟာဘာစီလိုနာသို႔ျပန္ေရာက္လာတဲ့ပထမဆုံးေန႔မွာဘဲ
ဘာစီလိုနာကသူ႔လိုကစားသမားမ်ိဳးကိုဘယ္ေလာက္အထိ
လိုအပ္ေနသလဲဆိုတာျပသႏိုင္ခဲ့ပါတယ္။ ဘရာဇီးညာေနာက္ခံလူဟာ
အသက္၃၈ႏွစ္အ႐ြယ္သို႔ေရာက္ေနၿပီျဖစ္ေပမယ့္လည္းအသင္းေဟာင္း
ဘာစီလိုနာသို႔ယခုရာသီအကုန္အထိကာလတိုစာခ်ဳပ္ျဖင့္ေရာက္လာခဲ့ပါတယ္။
အဲလ္ဗက္စ္ဟာဘာစီလိုနာမွာတစ္လလုပ္ခတစ္ယူ႐ိုသာရရွိမည္ျဖစ္ၿပီး
စြမ္းေဆာင္ရည္အေပၚမူတည္ကာအပိုဆုေၾကးမ်ားရရွိပါမယ္။
သူ႔အေနျဖင့္လာမယ့္ဇန္နဝါရီလမတိုင္မီအထိဘာစီလိုနာအတြက္ကစားႏိုင္ဦးမွာ
မဟုတ္ပါဘူး။ဒါေပမယ့္ဆီဗီလာေနာက္ခံလူဟာတနလၤာေန႔မွစတင္ကာ
ဘာစီလိုနာရဲ႕ Ciutat Esportiva ေလ့က်င့္ေရးစခန္းတြင္ေလ့က်င့္မႈမ်ား
စတင္ျပဳလုပ္ေနၿပီျဖစ္ပါတယ္။သူဟာဘာစီလိုနာသို႔ေရာက္တဲ့ပထမဆုံးေန႔မွ
ာကစားေဖာ္သစ္မ်ားႏွင့္ေတြ႕ဆုံရာမွာမိန႔္ခြန္းေခြၽမႈျပဳလုပ္ခဲ့ပါတယ္။
သူ႔မိန႔္ခြန္းကလူငယ္ကစားသမားမ်ားစြာျဖင့္စုဖြဲ႕ထားတဲ့ဘာကာမွ
ကစားသမားတိုင္းကိုစိတ္ဓာတ္တက္ႂကြေစခဲ့ပါတယ္။
အဲလ္ဗက္စ္က “ကာလရွည္ၾကာေဝးကြာခဲ့ၿပီးေနာက္ျပန္လာခြင့္ရလို႔
ဝမ္းသာတယ္။မင္းတို႔နဲ႔အတူထပ္တူအတူေနခြင့္ရလို႔ဝမ္းသာတယ္။
မင္းတို႔ဆီကသင္ယူဖို႔ေရာက္လာတာ။အခုကမာၻသစ္ပါ။ဒါေပမယ့္
အေဟာင္းတစ္ခုရဲ႕အသစ္ျဖစ္တယ္။ဒီကလပ္အတြက္ကိုယ္စားျပဳခြင့္ရတာ၊
ဒီအက်ႌကိုဝတ္ဆင္ခြင့္ရတာဘယ္ေလာက္အေရးႀကီးတဲ့တစ္ခ်က္ေတာ့
ေျပာခ်င္တယ္။ငါကႏိုင္ငံျခားကလာတဲ့သူပါ။ဒီေနရာက
ႀကီးက်ယ္ခမ္းနားတာေတြလုပ္ဖို႔အေကာင္းဆုံးေနရာ။ေနဖို႔လည္း
အေကာင္းဆုံးေနရာ။အခုဒီမွာေနခြင့္ရေနတယ္။ဒါကိုတန္ဖိုးထားရမယ္။
ဒီမွာေလာက္အျပင္မွာဘာမွမေကာင္းဘူး။မင္းတို႔နဲ႔အတူရွိေနခြင့္ရလို႔
ဝမ္းသာတဲ့အေၾကာင္းထပ္ေျပာခ်င္တယ္။ဒီကလပ္ကႀကီးက်ယ္တဲ့အရာေတြ
လုပ္ခဲ့တယ္။ထပ္လုပ္ဖို႔အတြက္ေရာက္လာတာ။ထပ္ၿပီးႀကီးက်ယ္ခမ္းနားတာ
ေတြလုပ္ၾကစို႔”လို႔ေျပာၾကားသြားပါတယ္။အဲလ္ဗက္စ္ကယင္းသို႔ေျပာၾကားၿပီးခ်ိန္တြင္
အဝတ္အစားလဲခန္းအတြင္းရွိကစားသမားမ်ားကလက္ခုပ္တီးခဲ့ၾကပါတယ္။
သူဟာဘာစီလိုနာတြင္ပထမအႀကိမ္ကစားစဥ္ကကစားေဖာ္အျဖစ္
လက္တြဲခဲ့တဲ့ဇာဗီးႏွင့္လည္းေတြ႕ဆုံမႈျပဳလုပ္ခဲ့ပါတယ္။
အဲလ္ဗက္စ္ဟာဘာစီလိုနာတြင္ပထမအႀကိမ္ကစားစဥ္တုန္းက၃၉၁ပြဲ
ကစားခဲ့ကာခ်န္ပီယံလိဂ္ဖလား၃ႀကိမ္၊လာလီဂါဖလား၆ႀကိမ္
အပါအဝင္ဆုဖလား၂၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။