ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား၁၀ဦးစာရင်း
ထွက်ပေါ်လာခဲ့ပြီဖြစ်ပါတယ်။ ခရစ္စတီယာနိုရော်နယ်ဒိုပါဝင်လာခြင်း
မရှိတာကတော့ အံ့ဩစရာကောင်းနေပါတယ်။
ဒါ့အပြင်ခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှု
အဆုံးကစားသမား၁၀ဦးစာရင်းကိုကြည့်ပြီးအကြီးအကျယ်
အံ့ဩတုန်လှုပ်နေမှာလည်းသေချာနေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမားအဖြစ်ဝက်စ်ဟမ်းစတား
အစ်ဆာဒီယော့ပ်ကရွေးချယ်ခြင်းခံခဲ့ရပြီးဒုတိယနေရာမှာဘရိုက်တန်ရဲ့
တက်ဒီဂျန့်ကရွေးချယ်ခြင်းခံခဲ့ရပါတယ်။တတိယနေရာမှာဝက်ဖို့ဒ်ရဲ့
ဂျူရာကူကာကရွေးချယ်ခံခဲ့ရကာစတုတ္တနေရာမှာလိဒ်စတား
ဒီယေဂိုလိုရန်တီရွေးချယ်ခံရပါတယ်။ပဉ္စမနေရာမှာ
နော့ဝှစ်ချ်ရဲ့ဂျာကော့ဘ်ဆိုရန်ဆင်ကရပ်တည်နိုင်ခဲ့ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား၁၀ဦးစာရင်းမှာ
ရပ်တည်နိုင်ခဲ့တဲ့ကျန်ကစားသမားငါးဦးကတော့ဂျိုအာချမ်အင်ဒါဆင်(ပဲလေ့စ်)၊
အင်ဒီလိုနာဂန်(အဲဗာတန်)၊မာတင်အိုဒီဂတ်(အာဆင်နယ်)၊
မာ့ခ်လီယိုနတ်(ဘရိုက်တန်)နှင့်လီဝစ်ဘိတ်(လိဒ်)တို့ဖြစ်ပါတယ်။
ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား၁၀ဦးစာရင်းကိုကြည့်လိုက်ရင်
အင်္ဂလန်ကစားသမားတစ်ဦးမှာမပါဝင်ခြင်းမရှိပါဘူး။
ယင်းပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမားစာရင်းကို
RantCasinoကကြေညာခဲ့တာဖြစ်ပြီးမော်ဒယ်တစ်ယောက်ရဲ့
ရုပ်ရည်နှင့်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုဟာ
အဆင့်၁၂၃မှာဘဲရပ်တည်နိုင်ခဲ့ပါတယ်။ RantCasino ဟာ
ကစားသမားတစ်ဦးချင်းရဲ့မျက်နှာအချက်အလက်များကိုစစ်ဆေးပြီး
Golden Ratio ရာခိုင်နှုန်းပေးပြီးအဆင့်သတ်မှတ်ချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။
Zawgyi
အံ့သြစရာကောင်းလောက်အောင် စီရော်နယ်ဒိုချန်လှပ်ခြင်းခံခဲ့ရတဲ့ ပရီးမီးယားလိဂ်ရဲ့ဆွဲဆောင်မှုအရှိဆုံးကစားသမား ၁၀ ဦးစာရင်း
နော့ဝှစ်ခ်ျရဲ့ဂျာကော့ဘ်ဆိုရန်ဆင်ကရပ်တည်နိုင်ခဲ့ပါတယ်။