
PSG အသင်းရဲ့ ဘရာဇီးလ်နာမည်ကျော်တိုက်စစ်မှူးနေမာဟာ အွန်လိုင်းပေါ်မှာ
ဝေဖန်တိုက်ခိုက်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ ဆန်းတို့စ်လူငယ်အသင်းကစားသမားလေးကို
ပွေ့ဖက်နှစ်သိမ့်နေတဲ့ရုပ်သံဖိုင်က လူမှုကွန်ရက်ပေါ်မှာရေပန်းစားပျံ့နှံ့နေပါတယ်။
ဘရူနင်ဟိုလို့အမည်ရတဲ့ ကောင်လေးဟာ ပါမီးရပ်စ်အသင်းကို (၂-ဝ)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့
လူငယ်ပွဲမှာ ပြိုင်ဘက်အသင်းဂိုးသမားရဲ့ဂျာစီကို တောင်းဆိုခဲ့တာကြောင့်
ဆန်းတို့စ်ပရိသတ်တွေက ဒေါသပေါက်ကွဲခဲ့ပြီး သူ့ကို အွန်လိုင်းကနေတစ်ဆင့်
ခြိမ်းခြောက်တဲ့မက်ဆေ့ချ်တွေအများကြီးပေးပို့ခဲ့ကြပါတယ်။ အဲဒီအတွက်
ဘရူနင်ဟိုဟာ သူ့ကို ရိုင်းစိုင်းတဲ့အသုံးအနှုန်းတွေနဲ့မက်ဆေ့ချ်တွေပေးပို့တာနဲ့ပတ်သက်လို့
အွန်လိုင်းပေါ်မှာ ရုပ်သံ Clip တစ်ခုတင်ခဲ့ပြီး အဲဒီရုပ်သံဖိုင်ကို နေမာအပါအဝင်
နာမည်ကျော်ဘောလုံးသမားတွေက ကြည့်ရှုခဲ့ပြီးတဲ့နောက်မှာ
ဘရူနင်ဟိုဘက်ကနေ ကာကွယ်ရပ်တည်ပေးခဲ့ကြတာဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားခြေစစ်ပွဲကစားဖို့ မိခင်နိုင်ငံကိုရောက်ရှိနေတဲ့
နေမာက ဘရူနင်ဟိုနဲ့လူကိုယ်တိုင်သွားရောက်တွေ့ဆုံခဲ့ပြီး ဘရူနင်ဟိုဟာ
သူ့လေးစားအားကျရတဲ့နေမာကို တွေ့လိုက်ရချိန်မှာ
မယုံနိုင်လောက်အောင်ဖြစ်ခဲ့ရတာကြောင့် ဝမ်းသာမျက်ရည်တွေနဲ့နေမာကို
ပွေ့ဖက်နှုတ်ဆက်ခဲ့တာပါ။ ဒါ့အပြင် နေမာဟာ သူလက်မှတ်ရေးထိုးထားတဲ့
ဘရာဇီးလ်အသင်းဂျာစီကို အမှတ်တရအဖြစ်လက်ဆောင်ပေးခဲ့ပါသေးတယ်။
အွန်လိုင်းအသုံးပြုတွေက ဘရူနင်ဟိုကို အားပေးစကားဆိုခဲ့ကြပြီး
တချို့က နေမာရဲ့လုပ်ရပ်အပေါ် ချီးကျူးစကားဆိုခဲ့ကြပါတယ်။
ပရိသတ်တွေက ‘ဘရူနင်ဟိုဟာ တစ်ချိန်ကျရင် နာမည်ကျော်ဘောလုံးသမား
ဖြစ်လာပါလိ့မ်မယ်’၊ ‘ဒီကောင်လေးကို အွန်လိုင်းပေါ်မှာ
တိုက်ခိုက်ကြတယ်ဟုတ်လား ..သူက ကလေးပဲရှိသေးတယ်လေကွာ ..
ဒီနေ့ခေတ် လူ့အဖွဲ့အစည်းကတော့ ..’၊ ‘အားနည်းတဲ့သူတွေဘက်က
အမြဲရပ်တည်ပေးတဲ့နေမာ..ဘယ်တော့မှမပြောင်းလဲဘူး’လို့ ရေးသားခဲ့ကြပါတယ်။
zawgyi
အြန္လိုင္းေပၚမွာ ေဝဖန္တိုက္ခိုက္ခံခဲ့ရတဲ့ ကေလးငယ္ေလးကို ေနမာ ေပြ႕ဖက္ႏွစ္သိမ့္ေပး
PSG အသင္းရဲ႕ ဘရာဇီးလ္နာမည္ေက်ာ္တိုက္စစ္မႉးေနမာဟာ အြန္လိုင္းေပၚမွာ
ေဝဖန္တိုက္ခိုက္မႈေတြနဲ႔ရင္ဆိုင္ခဲ့ရတဲ့ ဆန္းတို႔စ္လူငယ္အသင္းကစားသမားေလးကို
ေပြ႕ဖက္ႏွစ္သိမ့္ေနတဲ့႐ုပ္သံဖိုင္က လူမႈကြန္ရက္ေပၚမွာေရပန္းစားပ်ံ႕ႏွံ႔ေနပါတယ္။
ဘ႐ူနင္ဟိုလို႔အမည္ရတဲ့ ေကာင္ေလးဟာ ပါမီးရပ္စ္အသင္းကို (၂-ဝ)ဂိုးနဲ႔ရႈံးနိမ့္ခဲ့တဲ့
လူငယ္ပြဲမွာ ၿပိဳင္ဘက္အသင္းဂိုးသမားရဲ႕ဂ်ာစီကို ေတာင္းဆိုခဲ့တာေၾကာင့္
ဆန္းတို႔စ္ပရိသတ္ေတြက ေဒါသေပါက္ကြဲခဲ့ၿပီး သူ႔ကို အြန္လိုင္းကေနတစ္ဆင့္
ၿခိမ္းေျခာက္တဲ့မက္ေဆ့ခ်္ေတြအမ်ားႀကီးေပးပို႔ခဲ့ၾကပါတယ္။ အဲဒီအတြက္
ဘ႐ူနင္ဟိုဟာ သူ႔ကို ႐ိုင္းစိုင္းတဲ့အသုံးအႏႈန္းေတြနဲ႔မက္ေဆ့ခ်္ေတြေပးပို႔တာနဲ႔ပတ္သက္လို႔
အြန္လိုင္းေပၚမွာ ႐ုပ္သံ Clip တစ္ခုတင္ခဲ့ၿပီး အဲဒီ႐ုပ္သံဖိုင္ကို ေနမာအပါအဝင္
နာမည္ေက်ာ္ေဘာလုံးသမားေတြက ၾကည့္ရႈခဲ့ၿပီးတဲ့ေနာက္မွာ
ဘ႐ူနင္ဟိုဘက္ကေန ကာကြယ္ရပ္တည္ေပးခဲ့ၾကတာျဖစ္ပါတယ္။
ဘရာဇီးလ္အသင္းနဲ႔အတူ ကမာၻ႔ဖလားေျခစစ္ပြဲကစားဖို႔ မိခင္ႏိုင္ငံကိုေရာက္ရွိေနတဲ့
ေနမာက ဘ႐ူနင္ဟိုနဲ႔လူကိုယ္တိုင္သြားေရာက္ေတြ႕ဆုံခဲ့ၿပီး ဘ႐ူနင္ဟိုဟာ
သူ႔ေလးစားအားက်ရတဲ့ေနမာကို ေတြ႕လိုက္ရခ်ိန္မွာ
မယုံႏိုင္ေလာက္ေအာင္ျဖစ္ခဲ့ရတာေၾကာင့္ ဝမ္းသာမ်က္ရည္ေတြနဲ႔ေနမာကို
ေပြ႕ဖက္ႏႈတ္ဆက္ခဲ့တာပါ။ ဒါ့အျပင္ ေနမာဟာ သူလက္မွတ္ေရးထိုးထားတဲ့
ဘရာဇီးလ္အသင္းဂ်ာစီကို အမွတ္တရအျဖစ္လက္ေဆာင္ေပးခဲ့ပါေသးတယ္။
အြန္လိုင္းအသုံးျပဳေတြက ဘ႐ူနင္ဟိုကို အားေပးစကားဆိုခဲ့ၾကၿပီး
တခ်ိဳ႕က ေနမာရဲ႕လုပ္ရပ္အေပၚ ခ်ီးက်ဴးစကားဆိုခဲ့ၾကပါတယ္။
ပရိသတ္ေတြက ‘ဘ႐ူနင္ဟိုဟာ တစ္ခ်ိန္က်ရင္ နာမည္ေက်ာ္ေဘာလုံးသမား
ျဖစ္လာပါလိ့မ္မယ္’၊ ‘ဒီေကာင္ေလးကို အြန္လိုင္းေပၚမွာ
တိုက္ခိုက္ၾကတယ္ဟုတ္လား ..သူက ကေလးပဲရွိေသးတယ္ေလကြာ ..
ဒီေန႔ေခတ္ လူ႔အဖြဲ႕အစည္းကေတာ့ ..’၊ ‘အားနည္းတဲ့သူေတြဘက္က
အၿမဲရပ္တည္ေပးတဲ့ေနမာ..ဘယ္ေတာ့မွမေျပာင္းလဲဘူး’လို႔ ေရးသားခဲ့ၾကပါတယ္။