
နယူးကာဆယ်အသင်းခေါင်းဆောင်ဂျာမေးလ်လက်စ်ဆယ်လက်စ်နှင့်
အိုင်ဆစ်ဟေဒန်တို့ဟာစပါးစ်အားရှုံးနိမ့်တဲ့ပွဲအပြီးတွင်ဥမင်လှိုဏ်ခေါင်းအတွင်း
တွင် စကားများရန်ဖြစ်ခဲ့ကြပြီးကလပ်ဝန်ထမ်းတစ်ဦးကကြားဝင်ခွဲခဲ့ရကြောင်း
သိရပါတယ်။
လက်စ်ဆယ်လက်စ်နှင့်ဟေဒန်တို့ဟာတနင်္ဂနွေနေ့တုန်းကစိန့်ဂျိမ်းစ်ပါ့ခ်တွင်
စပါးစ်ကို၃-၂ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်ဥမင်လှိုဏ်ခေါင်းတွင်အချင်းများပြီး
ထိုးမလိုကြိတ်မလိုဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်ဝန်ထမ်းတစ်ဦးကစောစောစီးစီးကြားဝင်ခွဲခဲ့မှုကြောင့်ကိုယ်ထိလက်
ရောက်ဖြစ်တဲ့အထိမဖြစ်ခဲ့ပါဘူး။ဒါ့အပြင်နယူးကာဆယ်ကစားသမားအချို့တို့
ဟာလည်းအဝတ်အစားလဲခန်းအတွင်းသို့ရောက်ချိန်တွင်နည်းပြစတိဗ်ဘရုစ်ရဲ့
နည်းဗျူဟာပိုင်းနဲ့ပတ်သက်ပြီးဝေဖန်အပြစ်တင်မှုပြုလုပ်ခဲ့ကြကြောင်းလည်း
သိရပါတယ်။
Daily Mail ရဲ့ဖော်ပြချက်အရနယူးကာဆယ်အသင်းမှကစားသမားအများစုဟာ
ယခုအပတ်အကုန်တွင်ကစားရမယ့်ခရစ္စတယ်ပဲလေ့စ်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်
မတိုင်မီနည်းပြအပြောင်းအလဲဖြစ်စေချင်လျက်ရှိကြောင်းသိရပါတယ်။
အစောပိုင်းတုန်းက ဗြိတိန်ထိပ်သီးသတင်းစာ The Sun ရဲ့ဖော်ပြချက်အရ
နယူးကာဆယ်ပိုင်ရှင်သစ်များဟာစတိဗ်ဘရုစ်နေရာတွင်အစားထိုးခန့်အပ်ရန်
အတွက်ဘုန်းမောက်နည်းပြဟောင်းအက်ဒီဟိုဝီနှင့်ဆွေးနွေးမှုပြုလုပ်နေကြောင်း
သိရပါတယ်။
အက်ဒီဟိုဝီဟာဘုန်းမောက်ကိုလိဂ်ဝမ်းမှပရီးမီးယားလိဂ်သို့အထိဆွဲတင်ပေးခဲ့ကာ
ပရီးမီးယားလိဂ်တွင်လေးရာသီကြာရပ်တည်နိုင်အောင်ဦးဆောင်ခဲ့သူလည်းဖြစ်
ပါတယ်။နယူးကာဆယ်နည်းပြရာထူးအတွက်လျာထားစာရင်းတွင်အူနိုင်းအမ်မရီ၊
မာတီနက်ဇ်နှင့်စတီဗင်ဂျရတ်တို့လည်းပါဝင်နေပါတယ်။
Zawgyi
ဥမင္လႈိဏ္ေခါင္းအတြင္းက နယူးကာဆယ္ကစားသမားႏွစ္ဦးရဲ႕ ရန္ပြဲ
နယူးကာဆယ္အသင္းေခါင္းေဆာင္ဂ်ာေမးလ္လက္စ္ဆယ္လက္စ္ႏွင့္
အိုင္ဆစ္ေဟဒန္တို႔ဟာစပါးစ္အားရႈံးနိမ့္တဲ့ပြဲအၿပီးတြင္ဥမင္လႈိဏ္ေခါင္းအတြင္း
တြင္ စကားမ်ားရန္ျဖစ္ခဲ့ၾကၿပီးကလပ္ဝန္ထမ္းတစ္ဦးကၾကားဝင္ခြဲခဲ့ရေၾကာင္း
သိရပါတယ္။
လက္စ္ဆယ္လက္စ္ႏွင့္ေဟဒန္တို႔ဟာတနဂၤေႏြေန႔တုန္းကစိန႔္ဂ်ိမ္းစ္ပါ့ခ္တြင္
စပါးစ္ကို၃-၂ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ဥမင္လႈိဏ္ေခါင္းတြင္အခ်င္းမ်ားၿပီး
ထိုးမလိုႀကိတ္မလိုျဖစ္ခဲ့ပါတယ္။
ဒါေပမယ့္ဝန္ထမ္းတစ္ဦးကေစာေစာစီးစီးၾကားဝင္ခြဲခဲ့မႈေၾကာင့္ကိုယ္ထိလက္
ေရာက္ျဖစ္တဲ့အထိမျဖစ္ခဲ့ပါဘူး။ဒါ့အျပင္နယူးကာဆယ္ကစားသမားအခ်ိဳ႕တို႔
ဟာလည္းအဝတ္အစားလဲခန္းအတြင္းသို႔ေရာက္ခ်ိန္တြင္နည္းျပစတိဗ္ဘ႐ုစ္ရဲ႕
နည္းဗ်ဴဟာပိုင္းနဲ႔ပတ္သက္ၿပီးေဝဖန္အျပစ္တင္မႈျပဳလုပ္ခဲ့ၾကေၾကာင္းလည္း
သိရပါတယ္။
Daily Mail ရဲ႕ေဖာ္ျပခ်က္အရနယူးကာဆယ္အသင္းမွကစားသမားအမ်ားစုဟာ
ယခုအပတ္အကုန္တြင္ကစားရမယ့္ခရစၥတယ္ပဲေလ့စ္ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္
မတိုင္မီနည္းျပအေျပာင္းအလဲျဖစ္ေစခ်င္လ်က္ရွိေၾကာင္းသိရပါတယ္။
အေစာပိုင္းတုန္းက ၿဗိတိန္ထိပ္သီးသတင္းစာ The Sun ရဲ႕ေဖာ္ျပခ်က္အရ
နယူးကာဆယ္ပိုင္ရွင္သစ္မ်ားဟာစတိဗ္ဘ႐ုစ္ေနရာတြင္အစားထိုးခန႔္အပ္ရန္
အတြက္ဘုန္းေမာက္နည္းျပေဟာင္းအက္ဒီဟိုဝီႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနေၾကာင္း
သိရပါတယ္။
အက္ဒီဟိုဝီဟာဘုန္းေမာက္ကိုလိဂ္ဝမ္းမွပရီးမီးယားလိဂ္သို႔အထိဆြဲတင္ေပးခဲ့ကာ
ပရီးမီးယားလိဂ္တြင္ေလးရာသီၾကာရပ္တည္ႏိုင္ေအာင္ဦးေဆာင္ခဲ့သူလည္းျဖစ္
ပါတယ္။နယူးကာဆယ္နည္းျပရာထူးအတြက္လ်ာထားစာရင္းတြင္အူႏိုင္းအမ္မရီ၊
မာတီနက္ဇ္ႏွင့္စတီဗင္ဂ်ရတ္တို႔လည္းပါဝင္ေနပါတယ္။