ဥရောပမှာ အင်္ဂလိပ်ကလပ်တွေ ပြန်လည်မင်းမူနိုင်တဲ့အကြောင်းရင်းမှာ တစ်သဘောထားတည်းဖြစ်နေတဲ့ ကာရေဂါနဲ့ နဗီးလ်

အင်္ဂလန်လက်ရွေးစင်ဟောင်းတွေဖြစ်တဲ့ ဂယ်ရီနဗီးလ်နဲ့ ဂျေမီကာရေဂါတို့က ဥရောပမှာ အင်္ဂလိပ်ကလပ်တွေပြန်လည်မင်းမူလာတာက

မယုံနိုင်စရာကောင်းတဲ့နည်းပြတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

ယခုရာသီချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဂွါဒီယိုလာရဲ့မန်စီးတီးနဲ့ တူချယ်ရဲ့ချဲလ်ဆီးတို့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

ဒါဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ အင်္ဂလိပ်၂သင်းတွေ့ဆုံမှု နောက်ဆုံး ၃ရာသီအတွင်း ၂ကြိမ်မြောက်ဖြစ်ပြီး ၂၀၁၉ ဗိုလ်လုပွဲမှာ လီဗာပူးက စပါးကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့ပါတယ်။

အင်္ဂလိပ်ဘောလုံးလောကဟာ ၂၀၀၅ ကနေ ၂၀၁၂ အတွင်း ဥရောပကို လွှမ်းမိုးနိုင်ခဲ့ပြီး အဲဒီကာလအတွင်း လီဗာပူး၊ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့ ချန်ပီယံလိဂ်ဖလားရယူနိုင်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း စပိန်ကလပ်တွေက အစားထိုးဝင်ရောက်လာပေမယ့် စကိုင်းစပို့တ်သတင်းဌာနရဲ့ ဘောလုံးရေးရာသုံးသပ်သူတွေဖြစ်တဲ့ နဗီးလ်နဲ့ ကာရေဂါတို့က

ဂွါဒီယိုလာ၊ ကလော့ပ်နဲ့ တူချယ်တို့ ရောက်လာမှုက အင်္ဂလိပ်ကလပ်တွေကို ပြန်လည်ခေါင်းထောင်စေခဲ့တယ်လို့ ဆိုပါတယ်။

”အင်္ဂလိပ်ဘောလုံးလောကဟာ ဥရောပမှာ ပြန်လည်စိုးမိုးလာပြီဖြစ်လို့ ကျွန်တော်တို့ ဂုဏ်ယူသင့်ပါတယ်။ ၂၀၁၃ ကနေ ၂၀၁၇ အတွင်းကဆိုရင် ကျွန်တော်တို့ အဟားခံခဲ့ရပါတယ်”

”ကျွန်တော်တို့လိဂ်က ငွေသုံးကြမ်းပြီး ချန်ပီယံလိဂ်အောင်မြင်မှုမှာ ဘွန်ဒက်စ်လီဂါကိုတောင် မမီဘူးဆိုပြီးတော့ပေါ့။

အခုတော့ ကျွန်တော်တု့ိ ရယ်သွမ်းသွေးနိုင်ပါပြီ။ အဓိကကွာခြားသွားတာကတော့ နည်းပြပိုင်းပါ”

”ကျွန်တော်တို့လိဂ်(ပရီးမီးယားလိဂ်)မှာ မယုံနိုင်စရာကောင်းတဲ့နည်းပြတွေ ရှိနေပါတယ်။

ဒါကိုကြည့်ခြင်းအားဖြင့် အသင်းတစ်သင်းအောင်မြင်မှုရဖို့ နည်းပြကဏ္ဍက ဘယ်လောက်အရေးပါလဲဆိုတာ သိနိုင်ပါတယ်”လို့ နဗီးလ်က ပြောပါတယ်။

လီဗာပူးဂန္ထဝင် ကာရေဂါကလည်း ”အင်္ဂလိပ်ကလပ်တွေဟာ သူတို့ရဲ့နည်းပြတွေကြောင့် ဥရောပမှာ အောင်မြင်မှုရနိုင်တယ်လို့ ယုံကြည်လာကြပါတယ်။

အထူးသဖြင့် မန်စီးတီးအတွက်က အခုမှစတင်ခြင်းပဲရှိသေးတယ်လို့ ထင်ပါတယ်”

”ဗိုလ်လုပွဲမှာ သူတို့ နိုင်၊ မနိုင် စောင့်ကြည့်ရဦးမှာဖြစ်ပေမယ့် ဗိုလ်လုပွဲခံစားချက်ရသွားပြီဖြစ်လို့ ယုံကြည်မှုလည်း ရှိနေလောက်ပါပြီ။

ပိုက်ဆံရော နည်းပြကောင်းတွေရော ပိုင်ဆိုင်ထားလို့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ နှစ်တိုင်း အင်္ဂလိပ်ကလပ်တွေကို မြင်တွေ့ရသင့်ပါတယ်”လို့ ပြောပါတယ်။

Zawgyi

ဥေရာပမွာ အဂၤလိပ္ကလပ္ေတြ ျပန္လည္မင္းမူႏိုင္တဲ့အေၾကာင္းရင္းမွာ တစ္သေဘာထားတည္းျဖစ္ေနတဲ့ ကာေရဂါနဲ႔ နဗီးလ္

အဂၤလန္လက္ေ႐ြးစင္ေဟာင္းေတြျဖစ္တဲ့ ဂယ္ရီနဗီးလ္နဲ႔ ေဂ်မီကာေရဂါတို႔က ဥေရာပမွာ အဂၤလိပ္ကလပ္ေတြျပန္လည္မင္းမူလာတာက မယုံႏိုင္စရာေကာင္းတဲ့နည္းျပေတြေၾကာင့္ျဖစ္တယ္လို႔ ဆိုပါတယ္။ ယခုရာသီခ်န္ပီယံလိဂ္ဗိုလ္လုပြဲအျဖစ္ ဂြါဒီယိုလာရဲ႕မန္စီးတီးနဲ႔ တူခ်ယ္ရဲ႕ခ်ဲလ္ဆီးတို႔ ရင္ဆိုင္ရမွာျဖစ္ပါတယ္။

ဒါဟာ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ အဂၤလိပ္၂သင္းေတြ႕ဆုံမႈ ေနာက္ဆုံး ၃ရာသီအတြင္း ၂ႀကိမ္ေျမာက္ျဖစ္ၿပီး ၂၀၁၉ ဗိုလ္လုပြဲမွာ လီဗာပူးက စပါးကို ၂-၀ ဂိုးနဲ႔အႏိုင္ရခဲ့ပါတယ္။ အဂၤလိပ္ေဘာလုံးေလာကဟာ ၂၀၀၅ ကေန ၂၀၁၂ အတြင္း ဥေရာပကို လႊမ္းမိုးႏိုင္ခဲ့ၿပီး အဲဒီကာလအတြင္း လီဗာပူး၊ ယူႏိုက္တက္နဲ႔ ခ်ဲလ္ဆီးတို႔ ခ်န္ပီယံလိဂ္ဖလားရယူႏိုင္ခဲ့ပါတယ္။ အဲဒီေနာက္ပိုင္း စပိန္ကလပ္ေတြက အစားထိုးဝင္ေရာက္လာေပမယ့္ စကိုင္းစပို႔တ္သတင္းဌာနရဲ႕ ေဘာလုံးေရးရာသုံးသပ္သူေတြျဖစ္တဲ့ နဗီးလ္နဲ႔ ကာေရဂါတို႔က ဂြါဒီယိုလာ၊ ကေလာ့ပ္နဲ႔ တူခ်ယ္တို႔ ေရာက္လာမႈက အဂၤလိပ္ကလပ္ေတြကို ျပန္လည္ေခါင္းေထာင္ေစခဲ့တယ္လို႔ ဆိုပါတယ္။

”အဂၤလိပ္ေဘာလုံးေလာကဟာ ဥေရာပမွာ ျပန္လည္စိုးမိုးလာၿပီျဖစ္လို႔ ကြၽန္ေတာ္တို႔ ဂုဏ္ယူသင့္ပါတယ္။ ၂၀၁၃ ကေန ၂၀၁၇ အတြင္းကဆိုရင္ ကြၽန္ေတာ္တို႔ အဟားခံခဲ့ရပါတယ္”

”ကြၽန္ေတာ္တို႔လိဂ္က ေငြသုံးၾကမ္းၿပီး ခ်န္ပီယံလိဂ္ေအာင္ျမင္မႈမွာ ဘြန္ဒက္စ္လီဂါကိုေတာင္ မမီဘူးဆိုၿပီးေတာ့ေပါ့။ အခုေတာ့ ကြၽန္ေတာ္တု႔ိ ရယ္သြမ္းေသြးႏိုင္ပါၿပီ။ အဓိကကြာျခားသြားတာကေတာ့ နည္းျပပိုင္းပါ”

”ကြၽန္ေတာ္တို႔လိဂ္(ပရီးမီးယားလိဂ္)မွာ မယုံႏိုင္စရာေကာင္းတဲ့နည္းျပေတြ ရွိေနပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင့္ အသင္းတစ္သင္းေအာင္ျမင္မႈရဖို႔ နည္းျပက႑က ဘယ္ေလာက္အေရးပါလဲဆိုတာ သိႏိုင္ပါတယ္”လို႔ နဗီးလ္က ေျပာပါတယ္။ လီဗာပူးဂႏၴဝင္ ကာေရဂါကလည္း ”အဂၤလိပ္ကလပ္ေတြဟာ သူတို႔ရဲ႕နည္းျပေတြေၾကာင့္ ဥေရာပမွာ ေအာင္ျမင္မႈရႏိုင္တယ္လို႔ ယုံၾကည္လာၾကပါတယ္။ အထူးသျဖင့္ မန္စီးတီးအတြက္က အခုမွစတင္ျခင္းပဲရွိေသးတယ္လို႔ ထင္ပါတယ္”

”ဗိုလ္လုပြဲမွာ သူတို႔ ႏိုင္၊ မႏိုင္ ေစာင့္ၾကည့္ရဦးမွာျဖစ္ေပမယ့္ ဗိုလ္လုပြဲခံစားခ်က္ရသြားၿပီျဖစ္လို႔ ယုံၾကည္မႈလည္း ရွိေနေလာက္ပါၿပီ။ ပိုက္ဆံေရာ နည္းျပေကာင္းေတြေရာ ပိုင္ဆိုင္ထားလို႔ ခ်န္ပီယံလိဂ္ဗိုလ္လုပြဲမွာ ႏွစ္တိုင္း အဂၤလိပ္ကလပ္ေတြကို ျမင္ေတြ႕ရသင့္ပါတယ္”လို႔ ေျပာပါတယ္။