ဥရောပမှာ အဆုံးသတ်အကောင်းဆုံးအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ဆွန်ဟောင်မင်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

စပါးအသင်းရဲ့ တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဥရောပကလပ် ကစားသမားတွေထဲမှာ နာမည်ကြီးတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်လ်ဒို၊ လီဝန်ဒေါစကီးတို့ကို ကျော်ဖြတ်ပြီး အဆုံးသတ်အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပါတယ်။ တောင်ကိုရီးယားလက်ရွေးစင် ဆွန်ဟောင်မင်ဟာ ၂၀၁၆-၁၇ ရာသီက စလို့ လက်ရှိအချိန်အထိ စပါးအသင်းအတွက် (၆၁)ဂိုးသွင်းယူထားပြီးပါပြီ။

အဲဒီကာလအတွင်း မက်ဆီက (၁၃၉)ဂိုး၊ လီဝန်ဒေါစကီးက (၁၃၄)ဂိုးအထိ သွင်းယူခဲ့ပြီး စုစုပေါင်းသွင်းဂိုးမှာ ဆွန်ဟောင်မင်က ဒီကစားသမားတွေကို မယှဥ်နိုင်ခဲ့ပါဘူး။ ဒါပေမဲ့ Understat.com က ထုတ်ပြန်တဲ့အချက်အလက်တွေအပေါ် အခြေခံပြီး နာမည်ကျော် Independent သတင်းစာရဲ့ ဖော်ပြချက်အရ ဂိုးသွင်းခွင့်အလိုက် ဂိုးအဖြစ်ပြောင်းလဲနိုင်မှုအပိုင်းမှာ ဆွန်ဟောင်မင်က တခြားကစားသမားတွေထက် ခေါင်းတစ်လုံး ပိုသာနေတာဖြစ်ပါတယ်။

ဆွန်ဟောင်မင်ဟာ ဂိုးသွင်းခွင့်တွေကို လွဲချော်ခဲ့တဲ့အကြိမ်က တခြားကစားသမားတွေထက် ပိုနည်းခဲ့ပြီး သူ့ရဲ့ ဂိုးသွင်းခွင့်ရရှိမှုအလိုက် ဂိုးသွင်းယူနိုင်ခဲ့တဲ့ ရာခိုင်နှုန်းက (၄၄.၄၁)ရာခိုင်နှုန်းရှိခဲ့သလို ဒါဟာ သူ ရရှိသင့်တဲ့ ဂိုးတွေထက်ကို ပိုသွင်းနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဆွန်ဟောင်မင်ရဲ့နောက်မှာတော့ အသင်းဖော် ဟယ်ရီကိန်း (၁၀၄ဂိုး)က (၂၁.၃၃)ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာရှိနေပြီး ဘာစီလိုနာအသင်း နာမည်ကျော်ကစားသမား မက်ဆီကတော့ တတိယနေရာသာရရှိခဲ့ပါတယ်။ မက်ဆီဟာ (၁၃၉)ဂိုးအထိသွင်းခဲ့ပေမယ့် ရာခိုင်နှုန်းအရ (၂၁.၃၁)ရာခိုင်နှုန်းသာရှိခဲ့တာကြောင့် တတိယနေရာသာ ရခဲ့တာပါ။ ဒီကစားသမားတွေရဲ့နောက်မှာ အီမိုဘီလီ၊ မာနေး၊ လူကာကူ၊ ဘာပေ၊ ဗာဒီ၊ ဆာလာ၊ အီဘရာဟီမိုဗစ်တို့က အစဥ်အလိုက်ရပ်တည်ခဲ့ကြပါတယ်။

ထူးခြားတာတစ်ခု ဂျူဗင်တပ်စ်အသင်းရဲ့ နာမည်ကျော်တိုက်စစ်ကစားသမား စီရော်နယ်လ်ဒိုဟာ (၁၁၇)ဂိုးအထိ သွင်းခဲ့ပေမယ့် သူ့ရဲ့ ဂိုးသွင်းခွင့်အလိုက် သွင်းဂိုးရရှိမှုရာခိုင်နှုန်းက (၀.၆၇)သာ ရှိခဲ့တာကြောင့် အဆင့်(၁၃)နေရာမှာသာ ရပ်တည်နိုင်ခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

စပါးအသင္းရဲ႕ တိုက္စစ္ကစားသမား ဆြန္ေဟာင္မင္ဟာ ဥေရာပကလပ္ ကစားသမားေတြထဲမွာ နာမည္ႀကီးေတြျဖစ္တဲ့ မက္ဆီ၊ စီေရာ္နယ္လ္ဒို၊ လီဝန္ေဒါစကီးတို႔ကို ေက်ာ္ျဖတ္ၿပီး အဆုံးသတ္အေကာင္းဆုံး ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရပါတယ္။ ေတာင္ကိုရီးယားလက္ေ႐ြးစင္ ဆြန္ေဟာင္မင္ဟာ ၂၀၁၆-၁၇ ရာသီက စလို႔ လက္ရွိအခ်ိန္အထိ စပါးအသင္းအတြက္ (၆၁)ဂိုးသြင္းယူထားၿပီးပါၿပီ။ အဲဒီကာလအတြင္း မက္ဆီက (၁၃၉)ဂိုး၊ လီဝန္ေဒါစကီးက (၁၃၄)ဂိုးအထိ သြင္းယူခဲ့ၿပီး စုစုေပါင္းသြင္းဂိုးမွာ ဆြန္ေဟာင္မင္က ဒီကစားသမားေတြကို မယွဥ္ႏိုင္ခဲ့ပါဘူး။

ဒါေပမဲ့ Understat.com က ထုတ္ျပန္တဲ့အခ်က္အလက္ေတြအေပၚ အေျခခံၿပီး နာမည္ေက်ာ္ Independent သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ ဂိုးသြင္းခြင့္အလိုက္ ဂိုးအျဖစ္ေျပာင္းလဲႏိုင္မႈအပိုင္းမွာ ဆြန္ေဟာင္မင္က တျခားကစားသမားေတြထက္ ေခါင္းတစ္လုံး ပိုသာေနတာျဖစ္ပါတယ္။ ဆြန္ေဟာင္မင္ဟာ ဂိုးသြင္းခြင့္ေတြကို လြဲေခ်ာ္ခဲ့တဲ့အႀကိမ္က တျခားကစားသမားေတြထက္ ပိုနည္းခဲ့ၿပီး သူ႔ရဲ႕ ဂိုးသြင္းခြင့္ရရွိမႈအလိုက္ ဂိုးသြင္းယူႏိုင္ခဲ့တဲ့ ရာခိုင္ႏႈန္းက (၄၄.၄၁)ရာခိုင္ႏႈန္းရွိခဲ့သလို ဒါဟာ သူ ရရွိသင့္တဲ့ ဂိုးေတြထက္ကို ပိုသြင္းႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

ဆြန္ေဟာင္မင္ရဲ႕ေနာက္မွာေတာ့ အသင္းေဖာ္ ဟယ္ရီကိန္း (၁၀၄ဂိုး)က (၂၁.၃၃)ရာခိုင္ႏႈန္းနဲ႔ ဒုတိယေနရာမွာရွိေနၿပီး ဘာစီလိုနာအသင္း နာမည္ေက်ာ္ကစားသမား မက္ဆီကေတာ့ တတိယေနရာသာရရွိခဲ့ပါတယ္။ မက္ဆီဟာ (၁၃၉)ဂိုးအထိသြင္းခဲ့ေပမယ့္ ရာခိုင္ႏႈန္းအရ (၂၁.၃၁)ရာခိုင္ႏႈန္းသာရွိခဲ့တာေၾကာင့္ တတိယေနရာသာ ရခဲ့တာပါ။ ဒီကစားသမားေတြရဲ႕ေနာက္မွာ အီမိုဘီလီ၊ မာေနး၊ လူကာကူ၊ ဘာေပ၊ ဗာဒီ၊ ဆာလာ၊ အီဘရာဟီမိုဗစ္တို႔က အစဥ္အလိုက္ရပ္တည္ခဲ့ၾကပါတယ္။ ထူးျခားတာတစ္ခု ဂ်ဴဗင္တပ္စ္အသင္းရဲ႕ နာမည္ေက်ာ္တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒိုဟာ (၁၁၇)ဂိုးအထိ သြင္းခဲ့ေပမယ့္ သူ႔ရဲ႕ ဂိုးသြင္းခြင့္အလိုက္ သြင္းဂိုးရရွိမႈရာခိုင္ႏႈန္းက (၀.၆၇)သာ ရွိခဲ့တာေၾကာင့္ အဆင့္(၁၃)ေနရာမွာသာ ရပ္တည္ႏိုင္ခဲ့ပါတယ္။