
အဒါမာထရာအိုရီ၊အယ်လန်စိန့်မာဆီမင်၊နေမာနှင့်ကိုင်လီယန်ဘက်ပေးတို့ဟာ
ယခုရာသီဥရောပရဲ့အလိမ်အခေါက်အကောင်းဆုံးစာရင်းမှာပါဝင်နေကြပါတယ်။
ဒါပေမယ့်ပီအက်စ်ဂျီမှာရုန်းကန်နေရတဲ့လီယွန်နယ်မက်ဆီကတော့
ထိပ်ဆုံး၅၀စာရင်းမှာတောင်မပါဝင်တာအံ့ဩဖို့ကောင်းနေပါတယ်။
ယခုထွက်ပေါ်လာတဲ့အချက်အလက်များအရထရာအိုရီဟာဂိုးသွင်းမှု၊
ဖန်တီးမှုအပိုင်းမှာရုန်းကန်နေရတယ်ဆိုရင်တောင်ပြိုင်ဘက်ကို
ဘောလုံးလိမ်ခေါက်ကျော်ဖြတ်မှုပိုင်းမှာအလွန်ကောင်းမွန်နေဆဲဆိုတာ
မြင်တွေ့နိုင်ပါတယ်။CIES football observatory ဟာဥရောပကစားသမားများရဲ့
မိနစ်၁၀၀အတွင်းလိမ်ခေါက်ကျော်ဖြတ်နိုင်မှုကိုစစ်တမ်းပြုစုခဲ့တာဖြစ်ပါတယ်။
ဝုဗ်စတားထရာအိုရီဟာမိနစ်၁၀၀တွင်လိမ်ခေါက်ကျော်ဖြတ်နိုင်မှု၁၁.၂၄ကြိမ်အထိ
ပြုလုပ်ထားနိုင်ပြီးအောင်မြင်မှု၇၉ရာခိုင်နှုန်းဖြင့်ထိပ်ဆုံးမှာရပ်တည်ထားနိုင်ပါတယ်။
သူ့ရဲ့အနီးစပ်ဆုံးပြိုင်ဘက်အဖြစ်ဒုတိယနေရာမှာအေစီမီလန်ရဲ့ရာဖေးလ်လီယိုက
၇.၁၀ကြိမ်ဖြင့်ရပ်တည်နေကာနယူးကာဆယ်ရဲ့အယ်လန်စိန့်မာဆီမင်က၇.၀၂ဖြင့်
တတိယနေရာမှာရပ်တည်နေပါတယ်။နံပါတ်၄နေရာမှာရန်းနက်စ်ရဲ့
ကာမယ်ဒန်းဆူးမာနာက၆.၄၄ဖြင့်ရပ်တည်နေပါတယ်။နေမာက၆.၂၈ကြိမ်ဖြင့်
အဆင့်၅နေရာမှာရပ်တည်နေပါတယ်။ အဆင့်၆မှအဆင့်၁၀အတွင်းမှာ
အယ်ဖွန်ဆိုဒါးဗီးစ်(ဘိုင်ယန်)၊ဂျီရီမီဘိုဂါ(ဆက်စ်ဆူလို)၊ဆိုဖီယာနီဘူဖေးလ်(အင်းဂါး)၊
နာဟီတာနန်ဒက်ဇ်(ကက်ဂလီယာရီ)နှင့်ကိုင်လီယန်ဘက်ပေး(ပီအက်စ်ဂျီ)တို့ရပ်တည်နေပါတယ်။
zawgyi
ဥေရာပရဲ႕အလိမ္အေခါက္အေကာင္းဆုံးကစားသမားမ်ားထဲတြင္ မက္ဆီ ထိပ္ဆုံး၅၀စာရင္းမွာေတာင္ မပါဝင္
အဒါမာထရာအိုရီ၊အယ္လန္စိန႔္မာဆီမင္၊ေနမာႏွင့္ကိုင္လီယန္ဘက္ေပးတို႔ဟာ
ယခုရာသီဥေရာပရဲ႕အလိမ္အေခါက္အေကာင္းဆုံးစာရင္းမွာပါဝင္ေနၾကပါတယ္။
ဒါေပမယ့္ပီအက္စ္ဂ်ီမွာ႐ုန္းကန္ေနရတဲ့လီယြန္နယ္မက္ဆီကေတာ့
ထိပ္ဆုံး၅၀စာရင္းမွာေတာင္မပါဝင္တာအံ့ဩဖို႔ေကာင္းေနပါတယ္။
ယခုထြက္ေပၚလာတဲ့အခ်က္အလက္မ်ားအရထရာအိုရီဟာဂိုးသြင္းမႈ၊
ဖန္တီးမႈအပိုင္းမွာ႐ုန္းကန္ေနရတယ္ဆိုရင္ေတာင္ၿပိဳင္ဘက္ကို
ေဘာလုံးလိမ္ေခါက္ေက်ာ္ျဖတ္မႈပိုင္းမွာအလြန္ေကာင္းမြန္ေနဆဲဆိုတာ
ျမင္ေတြ႕ႏိုင္ပါတယ္။CIES football observatory ဟာဥေရာပကစားသမားမ်ားရဲ႕
မိနစ္၁၀၀အတြင္းလိမ္ေခါက္ေက်ာ္ျဖတ္ႏိုင္မႈကိုစစ္တမ္းျပဳစုခဲ့တာျဖစ္ပါတယ္။
ဝုဗ္စတားထရာအိုရီဟာမိနစ္၁၀၀တြင္လိမ္ေခါက္ေက်ာ္ျဖတ္ႏိုင္မႈ၁၁.၂၄ႀကိမ္အထိ
ျပဳလုပ္ထားႏိုင္ၿပီးေအာင္ျမင္မႈ၇၉ရာခိုင္ႏႈန္းျဖင့္ထိပ္ဆုံးမွာရပ္တည္ထားႏိုင္ပါတယ္။
သူ႔ရဲ႕အနီးစပ္ဆုံးၿပိဳင္ဘက္အျဖစ္ဒုတိယေနရာမွာေအစီမီလန္ရဲ႕ရာေဖးလ္လီယိုက
၇.၁၀ႀကိမ္ျဖင့္ရပ္တည္ေနကာနယူးကာဆယ္ရဲ႕အယ္လန္စိန႔္မာဆီမင္က၇.၀၂ျဖင့္
တတိယေနရာမွာရပ္တည္ေနပါတယ္။နံပါတ္၄ေနရာမွာရန္းနက္စ္ရဲ႕
ကာမယ္ဒန္းဆူးမာနာက၆.၄၄ျဖင့္ရပ္တည္ေနပါတယ္။ေနမာက၆.၂၈ႀကိမ္ျဖင့္
အဆင့္၅ေနရာမွာရပ္တည္ေနပါတယ္။ အဆင့္၆မွအဆင့္၁၀အတြင္းမွာ
အယ္ဖြန္ဆိုဒါးဗီးစ္(ဘိုင္ယန္)၊ဂ်ီရီမီဘိုဂါ(ဆက္စ္ဆူလို)၊ဆိုဖီယာနီဘူေဖးလ္(အင္းဂါး)၊
နာဟီတာနန္ဒက္ဇ္(ကက္ဂလီယာရီ)ႏွင့္ကိုင္လီယန္ဘက္ေပး(ပီအက္စ္ဂ်ီ)တို႔ရပ္တည္ေနပါတယ္။