
ယာဂိုအက်စ်ပက်စ်ဟာမနေ့ညတုန်းကဗလင်စီယာနှင့်ပွဲစဉ်တွင်
အဝါကတ်ပြသခံရအောင်တမင်လုပ်ဆောင်ပြီး အဲဘတ်အိုင်စတိုင်းနှင့်
နှိုင်းယှဉ်ခြင်းခံနေရကာသူ့ရဲ့ဘောလုံးဦးနှောက်ဘယ်လောက်အထိ
ကောင်းမွန်တယ်ဆိုတာပြသခဲ့ပါတယ်။
စပိန်လက်ရွေးစင်ကစားသမားဟာမနေ့ညတုန်းက Estadio de Balaidos တွင်
ဗလင်စီယာအား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲမှာဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဒါပေမယ့်သူဟာကံဆိုးစွာဘဲဒဏ်ရာရရှိခဲ့ပါတယ်။ယင်းဂိုးကသူ့အတွက်
ယခုရာသီပဉ္စမမြောက်ဂိုးဖြစ်ပါတယ်။သူဟာကစားဖော်များရဲ့
ဝိုင်းရံအောင်ပွဲခံမှုခံရစဉ်အတွင်းတမင်အင်္ကျီချွတ်ခဲ့ပါတယ်။
အက်စ်ပက်စ်ဟာဒဏ်ရာရရှိနေကြောင်းသိနေမှုနဲ့အတူ ယင်းသို့လုပ်ခဲ့တာဖြစ်ပါတယ်။
သူဟာအင်္ကျီချွတ်မှုမလုပ်မီကစားဖော်ဘရိုင်မန်ဒက်ဇ်နားသို့ကပ်ပြီး
တီးတိုးစကားပြောခဲ့ပါသေးတယ်။သူဟာအားလုံးကိုအလျှင်အမြန်ဘဲ
ပြုလုပ်ခဲ့တာဖြစ်ပါတယ်။သူဟာအင်္ကျီချွတ်အောင်ပွဲခံမှုအတွက်
အဝါကတ်ပြသခံခဲ့ရပါတယ်။ယင်းနောက်သူဟာကွင်းထဲမှာလှဲချခဲ့ပြီး
ချက်ချင်းပင်လူစားလဲမှုခံယူခဲ့ပါတယ်။
ယင်းအဝါကတ်ကအက်စ်ပက်စ်အတွက်ငါးကြိမ်မြောက်အဝါကတ်ဖြစ်ပါတယ်။
သူဟာယင်းအဝါကတ်ကြောင့်လာမယ့်စနေနေ့တွင်ကစားရမယ့်
မာယော့ကာနှင့်အဝေးကွင်းပွဲစဉ်ကိုလွဲချော်ပါမယ်။
သူဟာဒဏ်ရာရရှိနေစဉ်အတွင်းအဝါကတ်ပြသခံရအောင်
တမင်လုပ်ဆောင်ကာအဝါကတ်ပြစ်ဒဏ်များပြီးဆုံးအောင်လုပ်ဆောင်ခဲ့မှုအတွက်
ပရိသတ်များရဲ့ချီးကျူးခြင်းခံနေရပါတယ်။
အက်စ်ပက်စ်ဟာဆဲလ်တာဗီဂီုအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၃၉၃ပွဲကစားကာ
၁၇၁ဂိုးသွင်းထားသူဖြစ်ပြီးဆဲလ်တာဗီဂိုသမိုင်းတစ်လျှောက်
ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။
zawgyi
ဥာဏ္ေကာင္းလြန္းတဲ့ အက္စ္ပက္စ္
ယာဂိုအက္စ္ပက္စ္ဟာမေန႔ညတုန္းကဗလင္စီယာႏွင့္ပြဲစဥ္တြင္
အဝါကတ္ျပသခံရေအာင္တမင္လုပ္ေဆာင္ၿပီး အဲဘတ္အိုင္စတိုင္းႏွင့္
ႏႈိင္းယွဥ္ျခင္းခံေနရကာသူ႔ရဲ႕ေဘာလုံးဦးေႏွာက္ဘယ္ေလာက္အထိ
ေကာင္းမြန္တယ္ဆိုတာျပသခဲ့ပါတယ္။
စပိန္လက္ေ႐ြးစင္ကစားသမားဟာမေန႔ညတုန္းက Estadio de Balaidos တြင္
ဗလင္စီယာအား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲမွာဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဒါေပမယ့္သူဟာကံဆိုးစြာဘဲဒဏ္ရာရရွိခဲ့ပါတယ္။ယင္းဂိုးကသူ႔အတြက္
ယခုရာသီပၪၥမေျမာက္ဂိုးျဖစ္ပါတယ္။သူဟာကစားေဖာ္မ်ားရဲ႕
ဝိုင္းရံေအာင္ပြဲခံမႈခံရစဥ္အတြင္းတမင္အက်ႌခြၽတ္ခဲ့ပါတယ္။
အက္စ္ပက္စ္ဟာဒဏ္ရာရရွိေနေၾကာင္းသိေနမႈနဲ႔အတူ ယင္းသို႔လုပ္ခဲ့တာျဖစ္ပါတယ္။
သူဟာအက်ႌခြၽတ္မႈမလုပ္မီကစားေဖာ္ဘ႐ိုင္မန္ဒက္ဇ္နားသို႔ကပ္ၿပီး
တီးတိုးစကားေျပာခဲ့ပါေသးတယ္။သူဟာအားလုံးကိုအလွ်င္အျမန္ဘဲ
ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။သူဟာအက်ႌခြၽတ္ေအာင္ပြဲခံမႈအတြက္
အဝါကတ္ျပသခံခဲ့ရပါတယ္။ယင္းေနာက္သူဟာကြင္းထဲမွာလွဲခ်ခဲ့ၿပီး
ခ်က္ခ်င္းပင္လူစားလဲမႈခံယူခဲ့ပါတယ္။
ယင္းအဝါကတ္ကအက္စ္ပက္စ္အတြက္ငါးႀကိမ္ေျမာက္အဝါကတ္ျဖစ္ပါတယ္။
သူဟာယင္းအဝါကတ္ေၾကာင့္လာမယ့္စေနေန႔တြင္ကစားရမယ့္
မာေယာ့ကာႏွင့္အေဝးကြင္းပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။
သူဟာဒဏ္ရာရရွိေနစဥ္အတြင္းအဝါကတ္ျပသခံရေအာင္
တမင္လုပ္ေဆာင္ကာအဝါကတ္ျပစ္ဒဏ္မ်ားၿပီးဆုံးေအာင္လုပ္ေဆာင္ခဲ့မႈအတြက္
ပရိသတ္မ်ားရဲ႕ခ်ီးက်ဴးျခင္းခံေနရပါတယ္။
အက္စ္ပက္စ္ဟာဆဲလ္တာဗီဂီုအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၃၉၃ပြဲကစားကာ
၁၇၁ဂိုးသြင္းထားသူျဖစ္ၿပီးဆဲလ္တာဗီဂိုသမိုင္းတစ္ေလွ်ာက္
ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။