ဦးဆိုးလ် မဒိုးရင် အလွတ်နဲ့ လစ်တော့မယ့် လင်ဂတ်

ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ဂျက်စီလင်ဂတ်ဟာ အသင်းနဲ့ စာချုပ်

သက်တမ်းတိုးဖို့ ကိစ္စပျက်ပြယ်ခဲ့လို့ ရာသီကုန်မှာ အသင်းကနေ အလွတ်

ထွက်ခွာဖို့ သေချာနေပြီလို့ ဗြိတိန် မီဒီယာ တစ်ခုမှာ ဖော်ပြထားပါတယ်။

လင်ဂတ်ဟာ လာမယ့်နှစ် ဇွန်လမှာ အသင်းနဲ့ စာချုပ်သက်တမ်း

ကုန်ဆုံးမှာဖြစ်ပြီး အသင်းနဲ့ စာချုပ်သစ် မရေးထိုးရသေးတာလည်းဖြစ်ပါတယ်။

ယူနိုက်တက်ဘက်က ရာသီအစမှာ လင်ဂတ်ကို စာချုပ်ကမ်းလှမ်းမှုတွေရှိခဲ့ပေမယ့်

လင်ဂတ်က ပယ်ချခဲ့ပြီး ပွဲထွက်ခွင့် အပေါ်မှာ အခြေပြုပြီး စာချုပ်သစ်ကိစ္စကို

လက်ခံဖို့ စဥ်းစားနေတာဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းအရတော့ လင်ဂတ်ဟာ ယူနိုက်တက်နဲ့

စာချုပ်ကိစ္စဆွေးနွေးမှု အဆင်မပြေတာကြောင့် ရာသီကုန်မှာ

အလွတ်ပြောင်းရွှေ့ကြေးနဲ့ သေချာနေပြီလို့ ဆိုထားတာဖြစ်ပါတယ်။

လင်ဂတ်ကို အငှားခေါ်ယူဖူးတဲ့ ဝက်စ်ဟမ်းအသင်း ကစားသမားကို

အပြီးသတ်ခေါ်ယူနိုင်ဖို့ စိတ်ဝင်စားနေဆဲဖြစ်ပြီး ပိုင်ရှင်သစ်ကြောင့်

အပြောင်းအရွှေ့ရာသီမှာ ငွေသုံးကြမ်းမယ့် နယူးကာဆယ်အသင်းကလည်း

လင်ဂတ်ကို ခေါ်ယူဖို့ စိတ်ဝင်စားလို့နေပါတယ်။

ဒါ့အပြင် စပိန်ထိပ်သီးကလပ် ဘာစီလိုနာ နဲ့ အီတလီထိပ်သီးကလပ်

အေစီမီလန်အသင်းတို့ကလည်း လင်ဂတ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့

အပြိုင်ခေါ်ယူဖို့ စိတ်ဝင်စားနေကြတယ်လို့လည်းသိရပါတယ်။

Zawgyi

ဦးဆိုးလ္ မဒိုးရင္ အလြတ္နဲ႔ လစ္ေတာ့မယ့္ လင္ဂတ္
ယူႏိုက္တက္ရဲ႕ ကြင္းလယ္လူ ဂ်က္စီလင္ဂတ္ဟာ အသင္းနဲ႔ စာခ်ဳပ္

သက္တမ္းတိုးဖို႔ ကိစၥပ်က္ျပယ္ခဲ့လို႔ ရာသီကုန္မွာ အသင္းကေန အလြတ္

ထြက္ခြာဖို႔ ေသခ်ာေနၿပီလို႔ ၿဗိတိန္ မီဒီယာ တစ္ခုမွာ ေဖာ္ျပထားပါတယ္။

လင္ဂတ္ဟာ လာမယ့္ႏွစ္ ဇြန္လမွာ အသင္းနဲ႔ စာခ်ဳပ္သက္တမ္း

ကုန္ဆုံးမွာျဖစ္ၿပီး အသင္းနဲ႔ စာခ်ဳပ္သစ္ မေရးထိုးရေသးတာလည္းျဖစ္ပါတယ္။

 

ယူႏိုက္တက္ဘက္က ရာသီအစမွာ လင္ဂတ္ကို စာခ်ဳပ္ကမ္းလွမ္းမႈေတြရွိခဲ့ေပမယ့္

လင္ဂတ္က ပယ္ခ်ခဲ့ၿပီး ပြဲထြက္ခြင့္ အေပၚမွာ အေျချပဳၿပီး စာခ်ဳပ္သစ္ကိစၥကို

လက္ခံဖို႔ စဥ္းစားေနတာျဖစ္ပါတယ္။

လက္ရွိထြက္ေပၚလာတဲ့ သတင္းအရေတာ့ လင္ဂတ္ဟာ ယူႏိုက္တက္နဲ႔

စာခ်ဳပ္ကိစၥေဆြးေႏြးမႈ အဆင္မေျပတာေၾကာင့္ ရာသီကုန္မွာ

အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔ ေသခ်ာေနၿပီလို႔ ဆိုထားတာျဖစ္ပါတယ္။

လင္ဂတ္ကို အငွားေခၚယူဖူးတဲ့ ဝက္စ္ဟမ္းအသင္း ကစားသမားကို

အၿပီးသတ္ေခၚယူႏိုင္ဖို႔ စိတ္ဝင္စားေနဆဲျဖစ္ၿပီး ပိုင္ရွင္သစ္ေၾကာင့္

အေျပာင္းအေ႐ႊ႕ရာသီမွာ ေငြသုံးၾကမ္းမယ့္ နယူးကာဆယ္အသင္းကလည္း

လင္ဂတ္ကို ေခၚယူဖို႔ စိတ္ဝင္စားလို႔ေနပါတယ္။

ဒါ့အျပင္ စပိန္ထိပ္သီးကလပ္ ဘာစီလိုနာ နဲ႔ အီတလီထိပ္သီးကလပ္

ေအစီမီလန္အသင္းတို႔ကလည္း လင္ဂတ္ကို အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႔

အၿပိဳင္ေခၚယူဖို႔ စိတ္ဝင္စားေနၾကတယ္လို႔လည္းသိရပါတယ္။