ဦးဆိုးကို ထုတ်ပယ်မှသာ ဒီဂျောင်းကို ခေါ်ယူနိုင်မယ်
လက်ရှိ ဘာစီလိုနာမှာ ဇာဗီနဲ့အတူ ခေတ်တစ်ခုကို တည်ဆောက်နေချိန်
စပိန် လက်ရွေးစင်‌ဟောင်းက အကယ်ဒမီထွက် လူငယ်ကစားသမားတွေကိုသာ
အဓိက ဦးစားပေးဖွယ် ရှိနေပါတယ်။ ဂါဗီ ၊ ပက်ဒရီ နှင့် အန်ဆူ ဖာတီတို့ ( ၃ ) ဦးကို
အဓိက ထားပြီး အသင်းကို တည်ဆောက်လာနိုင်ပါတယ်။
စပိန်နိုင်ငံမှ ရရှိတဲ့သတင်းတွေအရ ဖရန်ကီ ဒီဂျောင်ဟာ အဆိုပါ အခြေအနေ‌ြကောင့်
စွန့်လွတ် အနစ်နာခံရနိုင်တဲ့ ကစားသမားတစ်ဦး ဖြစ်လာဖွယ်ရှိကြောင်း သိရပါတယ်။
ဒီဂျောင်ကို ထွက်ခွာခွင့်ပြုလိုက်တာက ဘာစီလိုနာအနေနဲ့ အကယ်ဒမီထွက်
ကစားသမားတွေကို ပိုမိုနေရာပေးနိုင်မှာဖြစ်သလို ‌ြပောင်းရွေ့ကြေး ယူရို သန်း
( ၆၀ – ၈၀ ) ထိလည်း ရရှိနိုင်ပါတယ်။ El Chiringuito ကတော့ ဘာစီလိုနာအသင်းဟာ
ဒီဂျောင်ကို ရောင်းချဖို့ ဆန္ဒရှိတယ်လို့ ဆိုထားပါတယ်။ သူဟာ ယခင်က
မန်ချက်စတာ ယူနိုက်တက် စိတ်ဝင်စားခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး
ဘာစီလိုနာက လက်ဦးမှုရယူခဲ့တာဖြစ်ပါတယ်။
The Sun နှင့် မန်ချက်စတာ ညနေခင်း သတင်းတွေဟာ ( ၂၀၁၈ ) ခုနှစ်အတွင်း
ယူနိုက်တက်က အေဂျက်မှာ ကစားနေတဲ့ ကွင်းလယ်ကစားသမားကို ခေါ်ယူဖို့
စိတ်ဝင်စားနေကြောင်း ဖော်ပြခဲ့ကြပါတယ်။ ဒါကြောင့် ယူနိုက်တက် လက်ရှိ
ရင်ဆိုင်နေရတဲ့ ကွင်းလယ်ပြဿနာတွေနဲ့အတူ ယခု ( ၂၀၂၁ ) မှာ ဘောလုံး
ဖြန့်ဝေမှု နှင့် ထိန်းသိမ်းမှု ကောင်းမွန်တဲ့ ဒတ်ချ် ကွင်းလယ်ကစားသမားကို
ခေါ်ယူနိုင်ဖို့ အခွင့်အရေးရလာတာက အိပ်မက်ဆန်တဲ့ ဖြစ်ရပ်လို့ ဆိုနိုင်ပါတယ်။
အမှန်တကယ်တော့ ယူနိုက်တက်အနေနဲ့ လက်ရှိနည်းပြ ဆိုးရှားကို
ထုတ်ပယ်မှသာ ဒီဂျောင်းကို ခေါ်ယူနိုင်မယ့် အခွင့်အရေး ပိုမိုတိုးတက်လာမှာ
ဖြစ်ပါတယ်။ ဆိုးရှားက လက်ရှိမှာ ဒီ‌ဂျောင်ရဲ့ အေဂျက် အသင်းဖော်ဟောင်း
ဒွန်နီ ဗန်ဒီဘိ အပါအဝင် ကစားသမားအချို့နဲ့ တင်းမာမှုတွေ ဖြစ်ပေါ်နေပါတယ်။
တကယ်လို့ ဆိုးရှားနေရာကို အေဂျက်မှာ ဒီဂျောင်ရဲ့ ဆရာဖြစ်ခဲ့ဖူးတဲ့ Erik Ten Hag နဲ့သာ
အစားထိုးပါက ဘာစီလိုနာကွင်းလယ်ကစားသမားကို ခေါ်ယူနိုင်မယ့် အခွင့်အရေးက
သိသိသာသာ တိုးတက်လာမှာဖြစ်ပါတယ်။
zawgyi
စပိန်နိုင်ငံမှ ရရှိတဲ့သတင်းတွေအရ ဖရန်ကီ ဒီဂျောင်ဟာ အဆိုပါ အခြေအနေ‌ကြောင့်
ကစားသမားတွေကို ပိုမိုနေရာပေးနိုင်မှာဖြစ်သလို ‌ပြောင်းရွေ့ကြေး ယူရို သန်း
ဖြန့်ဝေမှု နှင့် ထိန်းသိမ်းမှု ကောင်းမွန်တဲ့ ဒတ်ခ်ျ ကွင်းလယ်ကစားသမားကို