ဧရိယာအပြင်ထိထွက်ကာ လက်စွမ်းပြခဲ့ပေမယ့် VAR ကယ်လို့ ဆက်ကစားခွင့်ရသွားတဲ့ အရီယိုလာ

ဖူလ်ဟမ်အသင်းဂိုးသမား အရီယိုလာဟာ ယမန်နေ့ညက ဘန်လေကို အရေးနိမ့်ခဲ့တဲ့ပွဲမှာ ပင်နယ်တီဧရိယာအပြင်ဘက်အထိထွက်ကာ ဂိုးသမားလုပ်ခဲ့ပေမယ့် အံ့အားသင့်စရာကောင်းလောက်အောင် အနီကတ်ပြသခံရမှုကနေ ရှောင်လွှဲနိုင်ခဲ့ပါတယ်။
အရီယိုလာဟာ ဒုတိယပိုင်းမှာ ဘန်လေအသင်းရဲ့တန်ပြန်တိုက်စစ်ကို ရှင်းထုတ်ဖို့ ဧရိယာထဲကနေ ပြေးထွက်လာတာဖြစ်ပြီး ပြိုင်ဘက်တိုက်စစ်မှူး ဗီဒရာနဲ့ ရင်ဆိုင်ခဲ့ပါတယ်။

ဖူလ်ဟမ်နောက်ခံလူ ဘောလုံးထိန်းတာ လွတ်သွားရာကနေ ဗီဒရာက ခေါင်းနဲ့အသာတိုက်ကာ ကျော်ဖြတ်ဖို့ ကြိုးစားရာမှာ အရီယိုလာက လက်နဲ့တားဆီးသလိုဖြစ်ခဲ့တာပါ။
ကွင်းလယ်ဒိုင် ဒေးဗစ်ကူတေးက ပွဲကို ဆက်ကစားဖို့ အချက်ပြခဲ့သလို VAR ပြန်ကြည့်တော့လည်း ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့လို့ ပရိသတ်တွေလည်း သို့လော သို့လောဖြစ်သွားပါတယ်။


VAR တာဝန်ရှိသူတွေကတော့ ဖူလ်ဟမ်ကွင်းလယ်လူ လီမီနာ အနားမှာရှိနေသလို ဗီဒရာလည်း ဂိုးသွင်းဖို့ ရှင်းလင်းတဲ့အနေအထားမှာမဟုတ်လို့ ဒီလိုဆုံးဖြတ်ရတာဖြစ်ကြောင်း ရှင်းပြပါတယ်။

”ဒီတော့ VAR က လူကျွံ၊ မကျွံကို 1 Pixel လေးနဲ့ ဆုံးဖြတ်နိုင်ပေမယ့် ဧရိယာအပြင်ဘက်ထွက်ပြီး လက်ထိဘောဖြစ်သွားတာကိုတော့ မဆုံးဖြတ်နိုင်ဘူးပေါ့”


”တကယ်လို့ VAR က ဧရိယာထဲကနေ ထွက်လာပြီး ဂိုးဖမ်းတော်ခဲ့တဲ့ဂိုးသမားကို အနီကတ်မပြဘူးဆိုရင် အဲဒါကြီးက ဘာလုပ်ရတော့မှာလဲ”
”ဧရိယာအပြင်ဘက်မှာ ဖူလ်ဟမ်ဂိုးသမား လက်နဲ့ထိသွားတာကိုတောင် ဆက်ကစားခွင့်ရတယ်ဆိုတော့ VAR က ရယ်စရာပြတ်လုံးတစ်ခုဖြစ်နေလို့ပဲ”


”VAR ကတော့ လီမီနာ လိုက်ဖျက်နိုင်တယ်လို့ ပြောတယ်။ သူပြောတဲ့ လီမီနာက အဲဒီအချိန်မှာ မြက်ခင်းကို အနမ်းဆင်နေပြီလေ”လို့ ပရိသတ်တွေက လူမှုမီဒီယာမှာ အသီးသီးရေးသားခဲ့ကြပါတယ်။

ဒီလိုအငြင်းပွားစရာတွေဖြစ်ပေါ်ခဲ့ပေမယ့် ဖူလ်ဟမ်ဟာ ၂-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့လို့ ရှက်ဖီးယူ၊ ဝက်စ်ဘရွန်းတို့နဲ့အတူ ချန်ပီယံရှစ်ကို တန်းဆင်းခဲ့ရပါတယ်။

Zawgyi

ဧရိယာအျပင္ထိထြက္ကာ လက္စြမ္းျပခဲ့ေပမယ့္ VAR ကယ္လုိ႔ ဆက္ကစားခြင့္ရသြားတဲ့ အရီယိုလာ
ဖူလ္ဟမ္္အသင္းဂိုးသမား အရီယိုလာဟာ ယမန္ေန႔ညက ဘန္ေလကို အေရးနိမ့္ခဲ့တဲ့ပြဲမွာ ပင္နယ္တီဧရိယာအျပင္ဘက္အထိထြက္ကာ ဂိုးသမားလုပ္ခဲ့ေပမယ့္ အံ့အားသင့္စရာေကာင္းေလာက္ေအာင္ အနီကတ္ျပသခံရမႈကေန ေရွာင္လႊဲႏိုင္ခဲ့ပါတယ္။
အရီယိုလာဟာ ဒုတိယပိုင္းမွာ ဘန္ေလအသင္းရဲ႕တန္ျပန္တိုက္စစ္ကို ရွင္းထုတ္ဖုိ႔ ဧရိယာထဲကေန ေျပးထြက္လာတာျဖစ္ၿပီး ၿပိဳင္ဘက္တုိက္စစ္မွဴး ဗီဒရာနဲ႔ ရင္ဆုိင္ခဲ့ပါတယ္။
ဖူလ္ဟမ္ေနာက္ခံလူ ေဘာလုံးထိန္းတာ လြတ္သြားရာကေန ဗီဒရာက ေခါင္းနဲ႔အသာတုိက္ကာ ေက်ာ္ျဖတ္ဖို႔ ႀကိဳးစားရာမွာ အရီယိုလာက လက္နဲ႔တားဆီးသလုိျဖစ္ခဲ့တာပါ။
ကြင္းလယ္ဒုိင္ ေဒးဗစ္ကူေတးက ပြဲကို ဆက္ကစားဖို႔ အခ်က္ျပခဲ့သလုိ VAR ျပန္ၾကည့္ေတာ့လည္း ဒုိင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကို အတည္ျပဳခဲ့လုိ႔ ပရိသတ္ေတြလည္း သုိ႔ေလာ သို႔ေလာျဖစ္သြားပါတယ္။

VAR တာ၀န္ရွိသူေတြကေတာ့ ဖူလ္ဟမ္ကြင္းလယ္လူ လီမီနာ အနားမွာရွိေနသလုိ ဗီဒရာလည္း ဂိုးသြင္းဖို႔ ရွင္းလင္းတဲ့အေနအထားမွာမဟုတ္လုိ႔ ဒီလိုဆုံးျဖတ္ရတာျဖစ္ေၾကာင္း ရွင္းျပပါတယ္။
”ဒီေတာ့ VAR က လူကၽြံ၊ မကၽြံကို 1 Pixel ေလးနဲ႔ ဆုံးျဖတ္ႏိုင္ေပမယ့္ ဧရိယာအျပင္ဘက္ထြက္ၿပီး လက္ထိေဘာျဖစ္သြားတာကိုေတာ့ မဆုံးျဖတ္ႏုိင္ဘူးေပါ့့”
”တကယ္လုိ႔ VAR က ဧရိယာထဲကေန ထြက္လာၿပီး ဂိုးဖမ္းေတာ္ခဲ့တဲ့ဂိုးသမားကို အနီကတ္မျပဘူးဆုိရင္ အဲဒါႀကီးက ဘာလုပ္ရေတာ့မွာလဲ”
”ဧရိယာအျပင္ဘက္မွာ ဖူလ္ဟမ္ဂိုးသမား လက္နဲ႔ထိသြားတာကိုေတာင္ ဆက္ကစားခြင့္ရတယ္ဆုိေတာ့ VAR က ရယ္စရာျပတ္လုံးတစ္ခုျဖစ္ေနလုိ႔ပဲ”
”VAR ကေတာ့ လီမီနာ လုိက္ဖ်က္ႏိုင္တယ္လုိ႔ ေျပာတယ္။ သူေျပာတဲ့ လီမီနာက အဲဒီအခ်ိန္မွာ ျမက္ခင္းကို အနမ္းဆင္ေနၿပီေလ”လုိ႔ ပရိသတ္ေတြက လူမႈမီဒီယာမွာ အသီးသီးေရးသားခဲ့ၾကပါတယ္။

ဒီလိုအျငင္းပြားစရာေတြျဖစ္ေပၚခဲ့ေပမယ့္ ဖူလ္ဟမ္ဟာ ၂-၀ ဂိုးနဲ႔ အေရးနိမ့္ခဲ့လုိ႔ ရွက္ဖီးယူ၊ ၀က္စ္ဘရြန္းတို႔နဲ႔အတူ ခ်န္ပီယံရွစ္ကို တန္းဆင္းခဲ့ရပါတယ္။