ဩဂုတ်လနောက်ပိုင်း အကြီးမားဆုံးကိုဗစ်ကူးစက်မှု ပရီးမီးယားလိဂ်ကြုံနေ
ပရီးမီးယားလိဂ်တွင်ဩဂုတ်လနောက်ပိုင်းအကြီးမားဆုံးကိုဗစ်ကူးစက်မှုခံရမှုနှင့်
ကြုံနေရပါတယ်။ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းကပရီးမီးယားလိဂ်ဟာ
ကလပ်အသင်း၂၀မှလူပေါင်း ၃၃၇၉ဦးကိုကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာတွင်
ကိုဗစ်ကူးစက်ခံထားရသူ၇ဦးအထိတွေ့ရှိခဲ့ပါတယ်။
ယင်းမတိုင်မီတစ်ပတ်တွင်ကိုဗစ်ကူးစက်ခံရသူတစ်ဦးတည်းသာတွေ့ရှိခဲ့ကာ
ဩဂုတ်လနှောင်းပိုင်းတွင်ကိုဗစ်ကူးစက်ခံရသူအများဆုံးတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဩဂုတ်လ၁၆ရက်နေ့မှဩဂုတ်လ၂၂ရက်နေ့တွင်ကိုဗစ်ကူးစက်ခံရသူ
၁၆ဦးအထိတွေ့ရှိခဲ့ပါတယ်။ ဩဂုတ်လနှောင်းပိုင်းတွင်ကိုဗစ်ကူးစက်ခံရသူ
အများဆုံးတွေ့ရှိပေမယ့်လည်းကူးစက်ခံပမာဏက အားလုံးရဲ့ဝ.၂ရာခိုင်နှုန်းသာ
ရှိမှုနဲ့အတူပရီးမီးယားလိဂ်အကြီးအကဲများဟာလက်ရှိအခြေအနေအပေါ်စိုးရိမ်ခြင်းမရှိပါဘူး။
လက်ရှိအချိန်တွင်ပရီးမီးယားလိဂ်ဟာတစ်ပတ်လျှင်တစ်ကြိမ် ကလပ်တစ်ခုစီမှ
နည်းပြနှင့်ကစားသမား ၁၀၀ဦးအထိကိုဗစ်စစ်ဆေးမှုများပြုလုပ်နေပါတယ်။
လက်ရှိအချိန်တွင်အိုမီခရွန်ကိုဗစ်ရောဂါသစ်စတင်ကူးစက်ပြန့်နှံ့နေပြီးအပြင်သို့
သွားလာရာတွင်နှာခေါင်းစည်းအသေအချာတပ်ဆင်ရန်ကျန်းမာရေးဌာနများက
ညွန်ကြားထားသလို စည်းကမ်းများလည်းတဖြည်းဖြည်းတင်းကျပ်မှုပြုလုပ်လာပါတယ်။
zawgyi