ဒေဝါလီခံခဲ့ရပြီး စားသောက်နေထိုင်ရေး အဆင်ပြေစေဖို့ ဘောလုံးပြန်ကန်ရတဲ့ ရီးရဲလ်ကစားသမားဟောင်း

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

တချို့တွေဆုတောင်းကြပါတယ်။ အနောက်ကမ္ဘာမှာ ဘောလုံးသမားဖြစ်ရပါစေဆိုပြီး၊ ဒါပေမယ့် အသုံးအစား မတတ်လို့ အသက်ကြီးတဲ့ အချိန်အထိ ရုန်းကန်နေရတဲ့ ကစားသမားတွေရှိပါတယ်။

လက်ရှိမှာအသက်၃၃နှစ်အရွယ်ကိုရောက်ရှိနေပြီဖြစ်တဲ့ တစ်ချိန်တုန်းက ရီးရဲလ်မက်ဒရစ် ဒတ်ချ်ကွင်းလယ်ကစားသမား ရွိုင်စတန် ဒရန်သီရဲ့ကစားသမားဘဝခရီးလမ်းကလည်း အတက်အကျမျိုးစုံနဲ့ပါ။ နာမည်ကျော်ကြားခဲ့တဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပေမယ့်လည်း အခုချိန်မှာတော့ ဒရန်သီဟာ ဘဝကို ခက်ခက်ခဲခဲနဲ့ ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။

ချန်ပီယံရှစ်၊ တူရကီ နဲ့ အဘူဒါဘီတို့မှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပြီးနောက် ၂၀၁၆ ခုနှစ်မှာ ဒရန်သီက ကစားသမားဘဝကနေ အနားယူပြီလို့ ကြေညာခဲ့ပါတယ်။ အဲဒီနောက်မှာ သူဟာ အနုပညာလုပ်ငန်းတွေလုပ်ကိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ရက်ပါအဆိုတော်ဘဝရရှိဖို့ ကြိုးစားခဲ့တဲ့ ဒရန်သီဟာ သူထင်သလိုအလုပ်ဖြစ်မလာခဲ့တာကြောင့် ၂၀၁၈ခုနှစ် အသက်၃၀အရွယ်မှာ ဘောလုံးလောကထဲကိုပြန်ဝင်ပြီဖြစ်ကြောင်းကြေငြာခဲ့ပြီး ဟော်လန်ကလပ်အသင်းလေး Xerxes Zon ကို လက်ကျန်ရာသီဝက် သွားရောက်ပူးပေါင်းခဲ့ပြီး ရာသီကုန်ဆုံးချိန်၂၀၁၈ခုနှစ်နွေရာသီမှာ ဟော်လန်အဆင့်မြင့်တန်းက စပါတာရိုတာဒမ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့ပါတယ်။

ကစားသမားဘ၀ သံချေးတက်ခဲ့ရတာကြောင့် လုပ်အားနှုန်းတွေအလွန်အမင်းကျဆင်းခဲ့တဲ့ ဒရန်သီကို ရိုတာဒမ်ကတစ်ရာသီအကြာမှာ စာချုပ်သက်တမ်းထပ်မတိုးတော့တာကြောင့် တတိယတန်းကလပ် ကိုဇက်ကန်ဘွိုင်းကို သွားကစားခဲ့ရပြန်ပါတယ်။ အဲဒီတတိယတန်းကလပ်မှာကစားနေစဉ်အတွင်းမှာ ဒရန်သီ တစ်ယောက် ခြေငြိမ်ငြိမ် မနေပါဘူး။ မှုခင်းရုပ်သံဒရမ်မာမိုရိုမာဖီးယားဆိုတဲ့ဇာတ်ကားမှာ ဒရန်သီဟာ သရုပ်ဆောင်ဝင်လုပ်ရင်း ပိုက်ဆံရှာဖို့ကြိုးစားခဲ့ပါသေးတယ်။

ဒါပေမယ့် နောက်ဆုံးမှာတော့ ဒရန်သီဟာ စုဆောင်းထားတဲ့ငွေကြေး ပေါင် ၃.၂သန်းအထိ ဆုံးရှုံးခဲ့ပြီးနောက် လူမွဲစာရင်းခံခဲ့ရပါတော့တယ်။အခု၂၀၂၁ခုနှစ် ဇန်နဝါရီနှစ်ဦးမှာတော့ ဒရန်သီဟာ စပိန်တတိယတန်းကလပ်ဖြစ်တဲ့ ရေးဆင်း မာစီယာမှာ သူ့ဘဝကိုပြန်လည်စတင်ဖို့ကြိုးစားနေပြီး နေထိုင်စားသောက်ရေး အဆင်ပြေဖို့ လုပ်ဆောင်နေပါတယ်။ ရီးရဲလ်မက်ဒရစ်ကို ပေါင် ၁၂.၆ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပြီး ၆၅ ပွဲကစားပေးခဲ့ရာမှာ ၄ ဂိုးသွင်းပြီး ၅ ကြိမ်ဖန်တီးပေးခဲ့တဲ့ ဒရန်သီဟာ အဲဗာတန်ကို အငှားနဲ့လာကစားခဲ့ရာမှာလည်း ၂၁ပွဲကစားပေးခဲ့ပြီး ၃ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဒရန်သီဟာ လီဗာပူးစတား ဝိုက်နယ်ဒန်ရဲ့တစ်ဝမ်းကွဲအစ်ကိုဖြစ်ပြီး၊ ဒတ်ချ်စတားကစားသမားကြီး အဂ္ဂါဒေးဗစ်ရဲ့တူတော်စပ်သူလည်း ဖြစ်ပါတယ်။ အခုအခါမှာတော့ ဒရန်သီ တစ်ယောက်ဘ၀ သံသရာ ရထားပေါ်မှာ ထိုင်ခုံရဖို့ ကြိုးစားနေရပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

တခ်ိဳ႕ေတြဆုေတာင္းၾကပါတယ္။ အေနာက္ကမာၻမွာ ေဘာလုံးသမားျဖစ္ရပါေစဆိုၿပီး၊ ဒါေပမယ့္ အသုံးအစား မတတ္လို႔ အသက္ႀကီးတဲ့ အခ်ိန္အထိ ႐ုန္းကန္ေနရတဲ့ ကစားသမားေတြရွိပါတယ္။ လက္ရွိမွာအသက္၃၃ႏွစ္အ႐ြယ္ကိုေရာက္ရွိေနၿပီျဖစ္တဲ့ တစ္ခ်ိန္တုန္းက ရီးရဲလ္မက္ဒရစ္ ဒတ္ခ်္ကြင္းလယ္ကစားသမား ႐ြိဳင္စတန္ ဒရန္သီရဲ႕ကစားသမားဘဝခရီးလမ္းကလည္း အတက္အက်မ်ိဳးစုံနဲ႔ပါ။

နာမည္ေက်ာ္ၾကားခဲ့တဲ့ ကစားသမားဘဝကို ပိုင္ဆိုင္ခဲ့ေပမယ့္လည္း အခုခ်ိန္မွာေတာ့ ဒရန္သီဟာ ဘဝကို ခက္ခက္ခဲခဲနဲ႔ ျဖတ္သန္းေနရတယ္လို႔ သိရပါတယ္။ ခ်န္ပီယံရွစ္၊ တူရကီ နဲ႔ အဘူဒါဘီတို႔မွာ ကစားသမားဘဝကို ျဖတ္သန္းခဲ့ၿပီးေနာက္ ၂၀၁၆ ခုႏွစ္မွာ ဒရန္သီက ကစားသမားဘဝကေန အနားယူၿပီလို႔ ေၾကညာခဲ့ပါတယ္။ အဲဒီေနာက္မွာ သူဟာ အႏုပညာလုပ္ငန္းေတြလုပ္ကိုင္ဖို႔ ႀကိဳးစားခဲ့ပါတယ္။

ရက္ပါအဆိုေတာ္ဘဝရရွိဖို႔ ႀကိဳးစားခဲ့တဲ့ ဒရန္သီဟာ သူထင္သလိုအလုပ္ျဖစ္မလာခဲ့တာေၾကာင့္ ၂၀၁၈ခုႏွစ္ အသက္၃၀အ႐ြယ္မွာ ေဘာလုံးေလာကထဲကိုျပန္ဝင္ၿပီျဖစ္ေၾကာင္းေၾကျငာခဲ့ၿပီး ေဟာ္လန္ကလပ္အသင္းေလး Xerxes Zon ကို လက္က်န္ရာသီဝက္ သြားေရာက္ပူးေပါင္းခဲ့ၿပီး ရာသီကုန္ဆုံးခ်ိန္၂၀၁၈ခုႏွစ္ေႏြရာသီမွာ ေဟာ္လန္အဆင့္ျမင့္တန္းက စပါတာ႐ိုတာဒမ္ကို ျပန္လည္ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ ကစားသမားဘ၀ သံေခ်းတက္ခဲ့ရတာေၾကာင့္ လုပ္အားႏႈန္းေတြအလြန္အမင္းက်ဆင္းခဲ့တဲ့ ဒရန္သီကို ႐ိုတာဒမ္ကတစ္ရာသီအၾကာမွာ စာခ်ဳပ္သက္တမ္းထပ္မတိုးေတာ့တာေၾကာင့္ တတိယတန္းကလပ္ ကိုဇက္ကန္ဘြိဳင္းကို သြားကစားခဲ့ရျပန္ပါတယ္။ အဲဒီတတိယတန္းကလပ္မွာကစားေနစဥ္အတြင္းမွာ ဒရန္သီ တစ္ေယာက္ ေျခၿငိမ္ၿငိမ္ မေနပါဘူး။ မႈခင္း႐ုပ္သံဒရမ္မာမို႐ိုမာဖီးယားဆိုတဲ့ဇာတ္ကားမွာ ဒရန္သီဟာ သ႐ုပ္ေဆာင္ဝင္လုပ္ရင္း ပိုက္ဆံရွာဖို႔ႀကိဳးစားခဲ့ပါေသးတယ္။

ဒါေပမယ့္ ​ေနာက္ဆုံးမွာ​ေတာ့ ဒရန္သီဟာ စုေဆာင္းထားတဲ့ေငြေၾကး ေပါင္ ၃.၂သန္းအထိ ဆုံးရႈံးခဲ့ၿပီးေနာက္ လူမြဲစာရင္းခံခဲ့ရပါ​ေတာ့တယ္။အခု၂၀၂၁ခုႏွစ္ ဇန္နဝါရီႏွစ္ဦးမွာေတာ့ ဒရန္သီဟာ စပိန္တတိယတန္းကလပ္ျဖစ္တဲ့ ေရးဆင္း မာစီယာမွာ သူ႔ဘဝကိုျပန္လည္စတင္ဖို႔ႀကိဳးစားေနၿပီး ​ေနထိုင္စား​​ေသာက္​ေရး အဆင္​ေျပ​ဖို႔ လုပ္​ေဆာင္​ေနပါတယ္။

ရီးရဲလ္မက္ဒရစ္ကို ေပါင္ ၁၂.၆ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့ၿပီး ၆၅ ပြဲကစားေပးခဲ့ရာမွာ ၄ ဂိုးသြင္းၿပီး ၅ ႀကိမ္ဖန္တီးေပးခဲ့တဲ့ ဒရန္သီဟာ အဲဗာတန္ကို အငွားနဲ႔လာကစားခဲ့ရာမွာလည္း ၂၁ပြဲကစားေပးခဲ့ၿပီး ၃ ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ ဒါ့အျပင္ ဒရန္သီဟာ လီဗာပူးစတား ဝိုက္နယ္ဒန္ရဲ႕တစ္ဝမ္းကြဲအစ္ကိုျဖစ္ၿပီး၊ ဒတ္ခ်္စတားကစားသမားႀကီး အဂၢါေဒးဗစ္ရဲ႕တူေတာ္စပ္သူလည္း ျဖစ္ပါတယ္။ အခုအခါမွာ​ေတာ့ ဒရန္သီ တစ္​ေယာက္ဘ၀ သံသရာ ရထား​ေပၚမွာ ထိုင္ခုံရဖို႔ ႀကိဳးစား​ေနရပါတယ္။