ေအာ္ငိုခဲ့ရတဲ့ အေၾကာင္းေတြကို ေျပာလာတဲ့ မာတင္နယ္လီ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ဘောလုံးသမားတွေအတွက် ဒဏ်ရာပြဿနာဆိုတာ မကြားချင်ဆုံးစကား၊ မကြုံချင်ဆုံး ဖြစ်ရပ်ပါ။ အာဆင်နယ်တိုက်စစ်မှူး မာတင်နယ်လီက ဇွန်လတုန်းက ကြုံတွေ့ခဲ့ရတဲ့ ဒူးဒဏ်ရာပြဿနာကြောင့် ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာပါ ပြင်းထန်တဲ့ ထိခိုက်မှုတွေနဲ့ ကြုံတွေ့ခဲ့ရကြောင်း ပြောဆိုခဲ့ပါတယ်။

အဆိုပါတောင်ပံကစားသမားဟာ လေ့ကျင့်ခန်း အစီအစဉ်မှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ရပါတယ်။ ဒဏ်ရာပြဿနာကြောင့် ကာလရှည် အနားယူခဲ့ရပြီးနောက်မှာ လက်ရှိအချိန်မှာတော့ ဘရာဇီးလ်လူငယ်ကစားသမား မာတင်နယ်လီဟာ ပြန်လည် ကောင်းမွန်လာပြီ ဖြစ်ပြီး အာဆင်နယ်အတွက် ပြန်ကစားပေးနေပြီ ဖြစ်ပါတယ်။

“အဲဒီအချိန်တုန်းက ကျွန်တော် ဘောလုံးလက်ခံမလို့ လုပ်နေစဉ်မှာပဲ ဒူးမှာ နည်းနည်းနာလာတာ ကိုခံစားရပါတယ်။” “ကျွန်တော့် လေ့ကျင့်မှုကိုရပ်ရလောက်အောင်အထိ မဟုတ်သေးတာကြောင့် ဆက်လုပ်ခဲ့ပြီး၊ လေ့ကျင့်ခန်းလည်းပြီးရော နာနေတဲ့အကြောင်း သူတို့ကို ပြောခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို နားလိုက်ဖို့ ပြောပါတယ်။ နောက်နေ့လည်း ဆက်နာနေတာကြောင့် သူတို့ကိုထပ် ပြောပြခဲ့ပါတယ်”

“အဲဒီအချိန်တုန်းက ကျွန်တော် နိုးလာတော့ နာနေတာ သိပေမယ့် လမ်းလျှောက်နိုင်ပါတယ်။ အစက ဘာမှမဟုတ်ဘူးလို့ ထင်ခဲ့တာပါ။ အဲဒီလို ကျွန်တော် တစ်ခါမှ မနာဖူးပါဘူး။ အသင်းကို စစ်ဆေးမှု ပြုလုပ်ဖို့ သွားခဲ့ပြီး သူတို့က ကျွန်တော့်ဒဏ်ရာက ဆိုးနေတယ် ခွဲစိတ်ကုသရမယ်ဆိုပြီး ပြောခဲ့ပါတယ်။ ကျွန်တော့်အတွက် အဲဒီကိစ္စ ကတော်တော်လေးဝမ်းနည်းစေခဲ့ပြီး၊ ကျွန်တော် တော်တော်လေး လည်း ငိုကြွေးခဲ့ရပါတယ်”

“နည်းပြအာတီတာကလည်း အားပေးကူညီမှုတွေလုပ်ပါတယ်။ကျွန်တော်ဘယ်လို ဖြစ်နေလဲဆိုတာ သိဖို့အတွက် အမြဲတမ်း ဆက်သွယ်နေခဲ့ပါတယ်။ ကျွန်တော် ဩဂုတ်လတုန်းက ဘရာဇီးလ်ကို ပြန်ရောက်နေတဲ့ အချိန်တုန်းကလည်း အမြဲတမ်း အဆက်အသွယ် ရှိခဲ့ပါတယ်။ ”လို့ မာတင်နယ်လီက ပြောကြားခဲ့ပါတယ်။

မာတင်နယ်လီဟာ ဒီဇင်ဘာ ၁၉ရက်နေ့မှာ အဲဗာတန်နဲ့ ပွဲမှာ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီးနောက် ချဲလ်ဆီး၊ ဘရိုက်တန်တို့နဲ့ ပွဲတွေမှာ ပွဲထွက်ခွင့်ရခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ လာမယ့် ၉ရက်အတွင်း မှာ အိမ်ကွင်း ပွဲစဉ် ၃ပွဲအဖြစ် ဆက်ကစားရဖို့ရှိပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ေဘာလုံးသမားေတြအတြက္ ဒဏ္ရာျပႆနာဆိုတာ မၾကားခ်င္ဆုံးစကား၊ မႀကဳံခ်င္ဆုံး ျဖစ္ရပ္ပါ။ အာဆင္နယ္တိုက္စစ္မႉး မာတင္နယ္လီက ဇြန္လတုန္းက ႀကဳံေတြ႕ခဲ့ရတဲ့ ဒူးဒဏ္ရာျပႆနာေၾကာင့္ ႐ုပ္ပိုင္းဆိုင္ရာေရာ၊ စိတ္ပိုင္းဆိုင္ရာပါ ျပင္းထန္တဲ့ ထိခိုက္မႈေတြနဲ႔ ႀကဳံေတြ႕ခဲ့ရေၾကာင္း ေျပာဆိုခဲ့ပါတယ္။

အဆိုပါေတာင္ပံကစားသမားဟာ ေလ့က်င့္ခန္း အစီအစဥ္မွာ ဒဏ္ရာရခဲ့တာျဖစ္ၿပီး ခြဲစိတ္ကုသမႈ ခံယူခဲ့ရပါတယ္။ ဒဏ္ရာျပႆနာေၾကာင့္ ကာလရွည္ အနားယူခဲ့ရၿပီးေနာက္မွာ လက္ရွိအခ်ိန္မွာေတာ့ ဘရာဇီးလ္လူငယ္ကစားသမား မာတင္နယ္လီဟာ ျပန္လည္ ေကာင္းမြန္လာၿပီ ျဖစ္ၿပီး အာဆင္နယ္အတြက္ ျပန္ကစားေပးေနၿပီ ျဖစ္ပါတယ္။

“အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္ ေဘာလုံးလက္ခံမလို႔ လုပ္ေနစဥ္မွာပဲ ဒူးမွာ နည္းနည္းနာလာတာ ကိုခံစားရပါတယ္။” “ကြၽန္ေတာ့္ ေလ့က်င့္မႈကိုရပ္ရေလာက္ေအာင္အထိ မဟုတ္ေသးတာေၾကာင့္ ဆက္လုပ္ခဲ့ၿပီး၊ ေလ့က်င့္ခန္းလည္းၿပီးေရာ နာေနတဲ့အေၾကာင္း သူတို႔ကို ေျပာခဲ့ပါတယ္။ သူတို႔က ကြၽန္ေတာ့္ကို နားလိုက္ဖို႔ ေျပာပါတယ္။ ေနာက္ေန႔လည္း ဆက္နာေနတာေၾကာင့္ သူတို႔ကိုထပ္ ေျပာျပခဲ့ပါတယ္”

“အဲဒီအခ်ိန္တုန္းက ကြၽန္ေတာ္ ႏိုးလာေတာ့ နာေနတာ သိေပမယ့္ လမ္းေလွ်ာက္ႏိုင္ပါတယ္။ အစက ဘာမွမဟုတ္ဘူးလို႔ ထင္ခဲ့တာပါ။ အဲဒီလို ကြၽန္ေတာ္ တစ္ခါမွ မနာဖူးပါဘူး။ အသင္းကို စစ္ေဆးမႈ ျပဳလုပ္ဖို႔ သြားခဲ့ၿပီး သူတို႔က ကြၽန္ေတာ့္ဒဏ္ရာက ဆိုးေနတယ္ ခြဲစိတ္ကုသရမယ္ဆိုၿပီး ေျပာခဲ့ပါတယ္။ ကြၽန္ေတာ့္အတြက္ အဲဒီကိစၥ ကေတာ္ေတာ္ေလးဝမ္းနည္းေစခဲ့ၿပီး၊ ကြၽန္ေတာ္ ေတာ္ေတာ္ေလး လည္း ငိုေႂကြးခဲ့ရပါတယ္”

“နည္းျပအာတီတာကလည္း အားေပးကူညီမႈေတြလုပ္ပါတယ္။ကြၽန္ေတာ္ဘယ္လို ျဖစ္ေနလဲဆိုတာ သိဖို႔အတြက္ အၿမဲတမ္း ဆက္သြယ္ေနခဲ့ပါတယ္။ ကြၽန္ေတာ္ ဩဂုတ္လတုန္းက ဘရာဇီးလ္ကို ျပန္ေရာက္ေနတဲ့ အခ်ိန္တုန္းကလည္း အၿမဲတမ္း အဆက္အသြယ္ ရွိခဲ့ပါတယ္။ ”လို႔ မာတင္နယ္လီက ေျပာၾကားခဲ့ပါတယ္။ မာတင္နယ္လီဟာ ဒီဇင္ဘာ ၁၉ရက္ေန႔မွာ အဲဗာတန္နဲ႔ ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခဲ့ၿပီးေနာက္ ခ်ဲလ္ဆီး၊ ဘ႐ိုက္တန္တို႔နဲ႔ ပြဲေတြမွာ ပြဲထြက္ခြင့္ရခဲ့ပါတယ္။ အာဆင္နယ္ အသင္းဟာ လာမယ့္ ၉ရက္အတြင္း မွာ အိမ္ကြင္း ပြဲစဥ္ ၃ပြဲအျဖစ္ ဆက္ကစားရဖို႔ရွိပါတယ္။