ြ ပ င်ပြီးသား ထမင်းဝိုင်းကို အဆင်သင့်စားသောက်ခဲ့ရလေသလား ပိုချက်တီနို

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ပိုချက်တီနိုတစ်ယောက် မီးမွှေးစရာမလို၊ ထမင်းဟင်းချက်စရာမလိုဘဲ ချက်ပြုတ်ပြီးသား ထမင်းဟင်းတွေကို အရန်သင့် ပြင်ဆင်စားသောက်ခဲ့တဲ့ အနေအထားမျိုး ရခဲ့သလား ထင်မှတ်ရပါတယ်။

မနေ့က ပီအက်စ်ဂျီ အသင်းဟာ မာဆေးလ် အသင်းနဲ့ ပြင်သစ်စူပါဖလား ပွဲစဉ်အဖြစ် ယှဉ်ပြိုင် ကစားခဲ့ကြပြီး ၂ ဂိုး- ၁ ဂိုး ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိကာ နည်းပြပိုချက်တစ်ယောက်ဆုဖလားကိုင်မြောက်နိုင်ခဲ့ပါတယ်။

ပိုချက်တီနိုတစ်ယောက် ပီအက်စ်ဂျီကို ကိုင်တွယ်တာ ၃ ပွဲသာရှိသေးချိန်မှာ ဖလားရခဲ့တာပါ။ အဲဒီဆုဖလားဟာ ပိုချက်တီနိုအတွက်လည်း နည်းပြဘဝမှာ ပထမဆုံးရရှိခဲ့တဲ့ ဆုဖလားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ အက်စ်ပန်ညို၊ စပါးအသင်းတို့နဲ့ ပိုချက်တီနိုတစ်ယောက် ဘယ်လိုဆုဖလားကိုမှ ဆွတ်ခူးနိုင်ခဲ့ခြင်းမရှိပါဘူး။

ပီအက်စ်ဂျီ အသင်းအတွက် အဖွင့်ဂိုး ကိုတော့ မော်ရို အီကာဒီ က ပွဲကစားချိန် ၃၉ မိနစ်မှာ သွင်းယူခဲ့တာ ဖြစ်ကာ ဒုတိယမြောက် ဦးဆောင်ဂိုးကိုတော့ ၈၅ မိနစ်အရောက်မှာ နေမာ က ပင်နယ်တီက တစ်ဆင့် ရယူပေးခဲ့တာ ဖြစ်ပါတယ်။

နည်းပြဟောင်းတူချယ်ရဲ့ အခြေခံ အုတ်မြစ်ကို လိုသလိုပြန်လည် ပုံပြန်သွင်းဖို့ ကြိုးစားနေချိန်မှာ ဆုဖလားရတာဖြစ်တာကြောင့် တူချယ်ရဲ့ အားထုတ်ခဲ့မှုတွေ အပေါ် ပိုချက်တီနိုတစ်ယောက် ကျေးဇူးတင်နေပါတယ်။

“ အသင်းရဲ့ ကစားသမားတွေ၊ အားကးစားဒါရိုက်တာ လီယိုနာဒို နဲ့ အသင်းဥက္ကဌဖြစ်သူ နာဆာ အယ်လ်-ခလေဖီ တို့ကို ကျွန်တော် ကျေးဇူးတင်ချင်ပါတယ်။ ဒါ့အပြင်နည်းပြဟောင်း သောမတ်စ် တူချယ်နဲ့ သူ့ရဲ့ ဝန်ထမ်းတွေကိုလည်း ကျေးဇူးတင်ပါတယ်။ နည်းပြအဖြစ် (၁၀)ရက်ကြာကိုင်တွယ်ပြီး (၃)ပွဲကစားခဲ့ရပါတယ်။

ဗိုလ်လုပွဲမှာ အကြီးမားဆုံးပြိုင်ဘက်နဲ့ ကစားခဲ့ရပြီး အနိုင်ရဖို့ဆိုတာ အလွန်အရေးကြီးခဲ့ပါတယ်။”

“အသင်းဟာ ကျွန်တော်တောင်းဆိုတဲ့အရာတွေကို တဖြည်းဖြည်းချင်းလုပ်ဆောင်လာခဲ့ပြီး၊ ဒီမှာ(၂)ပတ်ကြာနေခဲ့ပြီးပြီဖြစ်လို့ ပြင်ဆင်မှုတွေအများကြီးလုပ်ခဲ့ပါတယ်။ဉာဏ်ကောင်းပြီးတော့ အလိုက်သင့်ကစားတတ်တဲ့ ကစားသမား အစုအဖွဲ့မျိုး ကျွန်တော်တို့မှာ ရှိပါတယ်။

ကျွန်တော်တို့ အခုအရမ်း ပျော်ကြပါတယ်။ တခြားဖလားတွေကိုလည်း ကိုင်မြောက်နိုင်ဖို့ ကျွန်တော် မျှော်လင့်ပါတယ်”

“အခုအောင်မြင်မှုဟာ အစပဲရှိပါသေးတယ်။ကျွန်တော့်အသင်းပိုမိုကောင်းမွန်လာမယ်လို့ ယုံကြည်ပါတယ်။လေ့ကျင့်ချိန်နည်းနေပေမယ့် ကစားသမားတွေဟာ ကျွန်တော့်ရဲ့လိုအပ်ချက်တွေကို အလျင်အမြန်ပြောင်းလဲပေးကြပါတယ်”ဆိုပြီး ပိုချက်တီနိုကပြောဆိုပါတယ်။

ပီအက်စ်ဂျီ အသင်းအနေနဲ့ အဲဒီနိုင်ပွဲကြောင့် ပြင်သစ်စူပါဖလား ကို ၈ ကြိမ်ဆက်တိုက် ရရှိတဲ့ အသင်းအဖြစ်မှတ်တမ်း ဝင်သွားခဲ့ပြီ ဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

zawgyi

ျ ပ င္ၿပီးသား ထမင္းဝိုင္းကို အဆင္သင့္စားေသာက္ခဲ့ရေလသလား ပိုခ်က္တီႏို

ပိုခ်က္တီႏိုတစ္ေယာက္ မီးေမႊးစရာမလို၊ ထမင္းဟင္းခ်က္စရာမလိုဘဲ ခ်က္ျပဳတ္ၿပီးသား ထမင္းဟင္းေတြကို အရန္သင့္ ျပင္ဆင္စားေသာက္ခဲ့တဲ့ အေနအထားမ်ိဳး ရခဲ့သလား ထင္မွတ္ရပါတယ္။မေန႔က ပီအက္စ္ဂ်ီ အသင္းဟာ မာေဆးလ္ အသင္းနဲ႔ ျပင္သစ္စူပါဖလား ပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ ကစားခဲ့ၾကၿပီး ၂ ဂိုး- ၁ ဂိုး ဆိုတဲ့ ရလဒ္နဲ႔ အႏိုင္ရရွိကာ နည္းျပပိုခ်က္တစ္ေယာက္ဆုဖလားကိုင္ေျမာက္ႏိုင္ခဲ့ပါတယ္။ ပိုခ်က္တီႏိုတစ္ေယာက္ ပီအက္စ္ဂ်ီကို ကိုင္တြယ္တာ ၃ ပြဲသာရွိေသးခ်ိန္မွာ ဖလားရခဲ့တာပါ။ အဲဒီဆုဖလားဟာ ပိုခ်က္တီႏိုအတြက္လည္း နည္းျပဘဝမွာ ပထမဆုံးရရွိခဲ့တဲ့ ဆုဖလားအျဖစ္ မွတ္တမ္းဝင္ခဲ့ပါတယ္။ အက္စ္ပန္ညိဳ၊ စပါးအသင္းတို႔နဲ႔ ပိုခ်က္တီႏိုတစ္ေယာက္ ဘယ္လိုဆုဖလားကိုမွ ဆြတ္ခူးႏိုင္ခဲ့ျခင္းမရွိပါဘူး။

ပီအက္စ္ဂ်ီ အသင္းအတြက္ အဖြင့္ဂိုး ကိုေတာ့ ေမာ္႐ို အီကာဒီ က ပြဲကစားခ်ိန္ ၃၉ မိနစ္မွာ သြင္းယူခဲ့တာ ျဖစ္ကာ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကိုေတာ့ ၈၅ မိနစ္အေရာက္မွာ ေနမာ က ပင္နယ္တီက တစ္ဆင့္ ရယူေပးခဲ့တာ ျဖစ္ပါတယ္။ နည္းျပေဟာင္းတူခ်ယ္ရဲ႕ အေျခခံ အုတ္ျမစ္ကို လိုသလိုျပန္လည္ ပုံျပန္သြင္းဖို႔ ႀကိဳးစားေနခ်ိန္မွာ ဆုဖလားရတာျဖစ္တာေၾကာင့္ တူခ်ယ္ရဲ႕ အားထုတ္ခဲ့မႈေတြ အေပၚ ပိုခ်က္တီႏိုတစ္ေယာက္ ေက်းဇူးတင္ေနပါတယ္။ “ အသင္းရဲ႕ ကစားသမားေတြ၊ အားကးစားဒါ႐ိုက္တာ လီယိုနာဒို နဲ႔ အသင္းဥကၠဌျဖစ္သူ နာဆာ အယ္လ္-ခေလဖီ တို႔ကို ကြၽန္ေတာ္ ေက်းဇူးတင္ခ်င္ပါတယ္။ ဒါ့အျပင္နည္းျပေဟာင္း ေသာမတ္စ္ တူခ်ယ္နဲ႔ သူ႔ရဲ႕ ဝန္ထမ္းေတြကိုလည္း ေက်းဇူးတင္ပါတယ္။ နည္းျပအျဖစ္ (၁၀)ရက္ၾကာကိုင္တြယ္ၿပီး (၃)ပြဲကစားခဲ့ရပါတယ္။”

“ဗိုလ္လုပြဲမွာ အႀကီးမားဆုံးၿပိဳင္ဘက္နဲ႔ ကစားခဲ့ရၿပီး အႏိုင္ရဖို႔ဆိုတာ အလြန္အေရးႀကီးခဲ့ပါတယ္။ အသင္းဟာ ကြၽန္ေတာ္ေတာင္းဆိုတဲ့အရာေတြကို တျဖည္းျဖည္းခ်င္းလုပ္ေဆာင္လာခဲ့ၿပီး၊ ဒီမွာ(၂)ပတ္ၾကာေနခဲ့ၿပီးၿပီျဖစ္လို႔ ျပင္ဆင္မႈေတြအမ်ားႀကီးလုပ္ခဲ့ပါတယ္။ဉာဏ္ေကာင္းၿပီးေတာ့ အလိုက္သင့္ကစားတတ္တဲ့ ကစားသမား အစုအဖြဲ႕မ်ိဳး ကြၽန္ေတာ္တို႔မွာ ရွိပါတယ္။ ကြၽန္ေတာ္တို႔ အခုအရမ္း ေပ်ာ္ၾကပါတယ္။ တျခားဖလားေတြကိုလည္း ကိုင္ေျမာက္ႏိုင္ဖို႔ ကြၽန္ေတာ္ ေမွ်ာ္လင့္ပါတယ္”

“အခုေအာင္ျမင္မႈဟာ အစပဲရွိပါေသးတယ္။ကြၽန္ေတာ့္အသင္းပိုမိုေကာင္းမြန္လာမယ္လို႔ ယုံၾကည္ပါတယ္။ေလ့က်င့္ခ်ိန္နည္းေနေပမယ့္ ကစားသမားေတြဟာ ကြၽန္ေတာ့္ရဲ႕လိုအပ္ခ်က္ေတြကို အလ်င္အျမန္ေျပာင္းလဲေပးၾကပါတယ္”ဆိုၿပီး ပိုခ်က္တီႏိုကေျပာဆိုပါတယ္။ ပီအက္စ္ဂ်ီ အသင္းအေနနဲ႔ အဲဒီႏိုင္ပြဲေၾကာင့္ ျပင္သစ္စူပါဖလား ကို ၈ ႀကိမ္ဆက္တိုက္ ရရွိတဲ့ အသင္းအျဖစ္မွတ္တမ္း ဝင္သြားခဲ့ၿပီ ျဖစ္ပါတယ္။