ဝက်စ်ဟမ်းနဲ့ပွဲက ပင်နယ်တီအတွက် ဆာလာ ဒိုင်ဗင်ထိုးခဲ့တယ်လို့ ဆောင်းနက်စ် စွပ်စွဲ

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

မိုဟာမက် ဆာလာဟာ ယမန်နေ့ည ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ပင်နယ်တီရဖို့အတွက် ဒိုင်ဗင်ထိုးခဲ့ကြောင်း လီဗာပူး ဂန္တဝင် ဆောင်းနက်စ်က စွပ်စွဲပြောကြားခဲ့ပါတယ်။ အီဂျစ်သားဟာ ပထမပိုင်းမှာ ရရှိခဲ့တဲ့ပင်နယ်တီကို အပိုင်ကန်သွင်းကာ ချေပဂိုး သွင်းယူခဲ့ပေမဲ့ ပင်နယ်တီ ရသွားတဲ့ပုံက အမြင်အမျိုးမျိုး ကွဲပြားစေခဲ့ပါတယ်။

ဆာလာဟာ နောက်ခံလူ မာဆူအာကူနဲ့ ဧရိယာထဲ ထိခိုက်မိခဲ့ကာ VAR ကြည့်ပြီးချိန်မှာတော့ ကွင်းလယ်ဒိုင် ကီဗင် ဖရန်းက ပင်နယ်တီ ပြစ်ဒဏ်ဘော သတ်မှတ်ပေးခဲ့ပါတယ်။ အလားတူ ဒါဟာ တာဝန်ရှိသူတွေထံက ရှင်းလင်းပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်လို့ မသတ်မှတ်တဲ့အတွက် ဆုံးဖြတ်ချက်ကို ပြန်ပြင်ဖို့ မပြောခဲ့ပါဘူး။

အဆိုပါ ပင်နယ်တီကြောင့် လီဗာပူးအသင်းကို အကောင်းဘက် ရောက်သွားစေခဲ့ပြီး ပွဲပြီးခါနီး ဂျိုတာရဲ့ သွင်းဂိုးနဲ့အတူ အနိုင်ရခဲ့ပါတယ်။ ဆောင်းနက်စ်က “ကျွန်တော်သာ ပရီးမီးယားလိဂ်က ကွင်းလယ်ဒိုင်ဆိုရင် အဲ့ဒီ ပင်နယ်တီကို မပေးပါဘူး။ ဆာလာ အဲ့ဒီလို လုပ်နေတာ ခဏခဏ မြင်ပြီးပါပြီ။ သူ လဲကျသွားတာ လုံး၀ မူမမှန်ပါဘူး။ ကြည့်စမ်း။ သူ ဝက်စ်ဟမ်းကစားသမားနဲ့ တကယ်ထိခဲ့တာ မဟုတ်ဘူ။

မာဆူအာကူက ဆာလာရဲ့ ခြေကျင်းဝတ်ကို ထိစေခဲ့တာပါ။ အဲ့ဒါက ဆာလာ လဲကျဖို့အတွက် အခွင့်အရေး အများကြီးရသွားစေတဲ့ အာရုံမစူးစိုက်မှုပါပဲ။ ကျွန်တော့်အတွက်တော့ အဲ့ဒါက မဖြစ်သင့်တဲ့ ပင်နယ်တီ ဖြစ်ပြီး လီဗာပူး ပရိသတ်တစ်ယောက်အနေနဲ့ ဒီလို ပြောတာပါ”လို့ ပြောခဲ့ပါတယ်။

မီကာ ရစ်ချ်က အဆိုပါ ပင်နယ်တီဟာ မာဆူအာကူရဲ့ မလိုအပ်တဲ့ ဖြတ်ထုတ်မှုကြောင့် ဖြစ်တယ်လို့ မှတ်ချက် ပေးခဲ့ပါတယ်။ “မာဆူအာကူ အဲ့ဒီလို လုပ်ဖို့ မလိုပါဘူး။ ပင်နယ်တီ ဟုတ်လား မဟုတ်လား ဆိုတာကို ဆုံးဖြတ်ဖို့ ကွင်းလယ်ဒိုင်က အသင့် ရှိနေပါတယ်။ သူက ဒိုင် ပင်နယ်တီ ပေးအောင် လုပ်ခဲ့တာပါ။ အဲ့ဒီလိုလုပ်ဖို့ မလိုအပ်ပါဘူး”ဆိုပြီး ပြောခဲ့ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ဝက္စ္ဟမ္းနဲ႔ပြဲက ပင္နယ္တီအတြက္ ဆာလာ ဒုိင္ဗင္ထုိးခဲ့တယ္လို႔ ေဆာင္းနက္စ္ စြပ္စြဲ

မိုဟာမက္ ဆာလာဟာ ယမန္ေန႔ည ၀က္စ္ဟမ္းနဲ႔ပြဲစဥ္မွာ ပင္နယ္တီရဖို႔အတြက္ ဒိုင္ဗင္ထုိးခဲ့ေၾကာင္း လီဗာပူး ဂႏၱ၀င္ ေဆာင္းနက္စ္က စြပ္စြဲေျပာၾကားခဲ့ပါတယ္။ အီဂ်စ္သားဟာ ပထမပုိင္းမွာ ရရွိခဲ့တဲ့ ပင္နယ္တီကို အပုိင္ကန္သြင္းကာ ေခ်ပဂိုး သြင္းယူခဲ့ေပမဲ့ ပင္နယ္တီ ရသြားတဲ့ပံုက အျမင္အမ်ိဳးမ်ိဳး ကြဲျပားေစခဲ့ပါတယ္။

ဆာလာဟာ ေနာက္ခံလူ မာဆူအာကူနဲ႔ ဧရိယာထဲ ထိခိုက္မိခဲ့ကာ VAR ၾကည့္ျပီးခ်ိန္မွာေတာ့ ကြင္းလယ္ဒိုင္ ကီဗင္ ဖရန္းက ပင္နယ္တီ ျပစ္ဒဏ္ေဘာ သတ္မွတ္ေပးခဲ့ပါတယ္။ အလားတူ ဒါဟာ တာ၀န္ရွိသူေတြထံက ရွင္းလင္းျပီး မွားယြင္းတဲ့ ဆံုးျဖတ္ခ်က္လို႔ မသတ္မွတ္တဲ့အတြက္ ဆံုးျဖတ္ခ်က္ကို ျပန္ျပင္ဖုိ႔ မေျပာခ့ဲပါဘူး။

အဆုိပါ ပင္နယ္တီေၾကာင့္ လီဗာပူးအသင္းကို အေကာင္းဘက္ ေရာက္သြားေစခဲ့ျပီး ပြဲဲျပီးခါနီး ဂ်ိဳတာရဲ႕ သြင္းဂိုးနဲ႔အတူ အႏုိင္ရခဲ့ပါတယ္။ ေဆာင္းနက္စ္က “ကြ်န္ေတာ္သာ ပရီးမီးယားလိဂ္က ကြင္းလယ္ဒိုင္ဆုိရင္ အဲ့ဒီ ပင္နယ္တီကို မေပးပါဘူး။ ဆာလာ အဲ့ဒီလို လုပ္ေနတာ ခဏခဏ ျမင္ျပီးပါျပီ။ သူ လဲက်သြားတာ လံုး၀ မူမမွန္ပါဘူး။ ၾကည့္စမ္း။ သူ ၀က္စ္ဟမ္းကစားသမားနဲ႔ တကယ္ထိခဲ့တာ မဟုတ္ဘူ။

မာဆူအာကူက ဆာလာရဲ႕ ေျခက်င္း၀တ္ကို ထိေစခဲ့တာပါ။ အဲ့ဒါက ဆာလာ လဲက်ဖို႔အတြက္ အခြင့္အေရး အမ်ားၾကီးရသြားေစတဲ့ အာရံုမစူးစိုက္မႈပါပဲ။ ကြ်န္ေတာ့္အတြက္ေတာ့ အဲ့ဒါက မျဖစ္သင့္တဲ့ ပင္နယ္တီ ျဖစ္ျပီး လီဗာပူး ပရိသတ္တစ္ေယာက္အေနနဲ႔ ဒီလို ေျပာတာပါ”လို႔ ေျပာခဲ့ပါတယ္။

မီကာ ရစ္ခ်္က အဆုိပါ ပင္နယ္တီဟာ မာဆူအာကူရဲ႕ မလိုအပ္တဲ့ ျဖတ္ထုတ္မႈေၾကာင့္ ျဖစ္တယ္လို႔ မွတ္ခ်က္ ေပးခဲ့ပါတယ္။ “မာဆူအာကူ အဲ့ဒီလို လုပ္ဖို႔ မလိုပါဘူး။ ပင္နယ္တီ ဟုတ္လား မဟုတ္လား ဆုိတာကို ဆံုးျဖတ္ဖို႔ ကြင္းလယ္ဒိုင္က အသင့္ ရွိေနပါတယ္။ သူက ဒိုင္ ပင္နယ္တီ ေပးေအာင္ လုပ္ခဲ့တာပါ။ အဲ့ဒီလိုလုပ္ဖုိ႔ မလိုအပ္ပါဘူး”ဆုိျပီး ေျပာခဲ့ပါတယ္။