၀က်စ်ဟမ်းနဲ့ပွဲမှာလည်း အပိုင်အခွင့်အရေးလွဲခဲ့လို့ ၉ ပွဲဆက်ဂိုးပေါက်ပျောက်ခဲ့တဲ့ ဝါနာ

၀က်စ်ဟမ်းနဲ့ မနေ့ည လန်ဒန်ဒါဘီအိမ်ကွင်းပွဲမှာ ချဲလ်ဆီးဟာ ၃ ဂိုးပြတ်နဲ့အနိုင်ရပြီး ပရီးမီးယားလိဂ် ၂ ပွဲဆက်အရှုံးကနေ ပြန်လည်ရုန်းထနိုင်ခဲ့ပေမယ့် တိုက်စစ်မှုးတီမိုဝါနာကကတော့ ဆက်လက်ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

၃ ဂိုးပြတ်နိုင်ခဲ့တဲ့ပွဲမှာလည်း တစ်ဂိုးမှ သွင်းနိုင်ခြင်းမရှိပေမယ့် တကယ်တော့ အဲဒီပွဲမှာ ဝါနာဟာ အပိုင်အခွင့်အရေးတစ်ကြိမ်ရခဲ့ပါသေးတယ်။

၁-၀ နဲ့ဦးဆောင်နေတဲ့ ပထမပိုင်း ၄၂ မိနစ်အရောက်မှာဖြစ်ပြီး ပူလီဆစ်က ခင်းပေးလိုက်တာကို လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေတဲ့ ဝါနာက ဂိုးသမားနဲ့တစ်ယောက်ချင်းအပိုင်ကန်ခွင့်ရတာဖြစ်ပေမယ့် အံ့သြစရာကောင်းလောက်အောင်ပဲ ဂိုးသမားတည့်တည့်ကိုသာ ကန်မိခဲ့တယ်။

ဒီလိုအသုံးမချနိုင်မှုကြောင့်လည်း အခုဆိုရင် တိုက်စစ်မှုးဝါနာဟာ ၉ ပွဲဆက်ဂိုးပေါက်ပျောက်မှုနဲ့ ကြုံတွေ့နေရပါတယ်။

သူဟာ ပြီးခဲ့တဲ့ရာသီလစ်ပ်ဇစ်မှာတုန်းက ဘွန်ဒက်စ်လီဂါမှာ ၂၈ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပြိုင်ပွဲအရပ်ရပ်မှာဆို ၃၄ ဂိုးရှိခဲ့ပါတယ်။

ဒီရာသီ ချဲလ်ဆီးမှာတော့ ရာသီဝက်နီးပါးရောက်ရှိလာပြီဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ ၄ ဂိုးသာရှိသေးပြီး ပြိုင်ပွဲအရပ်ရပ်ဆို ၈ ဂိုးသာရှိပါသေးတယ်။

သူကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ရုန်းကန်နေရဆဲဖြစ်ကြောင်း ဝက်စ်ဟမ်းနဲ့ ပွဲမတိုင်ခင်မှာ ဝန်ခံပြောကြားထားပါတယ်။

ဒီလိုမျိုး ဂိုးရဖို့ရုန်းကန်နေရပေမယ့် ချဲလ်ဆီးနည်းပြလမ်းပတ်ကတော့ ဝါနာနဲ့ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်း ဝက်စ်ဟမ်နဲ့ပွဲအပြီးမှာ အခိုင်အမာပြောကြားခဲ့ပါတယ်။

ဝါနာဟာ တိုက်စစ်မှာ နေရာစုံကစားနိုင်သူဖြစ်ပေမယ့် ချဲလ်ဆီးမှာတော့ ဘယ်တောင်ပံနေရာမှာသာ ကစားနေရပြီး အဲဒီအတွက်လည်း ဂိုးရနည်းနေတာလို့ သုံးသပ်မှုတွေရှိနေကြပါတယ်။

Zawgyi

၀က္စ္ဟမ္းနဲ႔ပြဲမွာလည္း အပိုင္အခြင့္အေရးလြဲခဲ့လုိ႔ ၉ ပြဲဆက္ဂိုးေပါက္ေပ်ာက္ခဲ့တဲ့ ၀ါနာ

၀က္္စ္ဟမ္းနဲ႔ မေန႔ည လန္ဒန္ဒါဘီအိမ္္ကြင္းပြဲမွာ ခ်ဲလ္ဆီးဟာ ၃ ဂိုုုးျပတ္န႔ဲအႏိုင္ရၿပီး ပရီးမီးယားလိဂ္ ၂ ပြဲဆက္အရႈံးကေန ျပန္လည္ရုန္းထႏိုင္ခဲ့ေပမယ့္ တုိက္စစ္မႈးတီမို၀ါနာကကေတာ့ ဆက္လက္ဂုိးေပါက္ေပ်ာက္ခဲ့ပါတယ္။

၃ ဂိုးျပတ္ႏိုင္ခဲ့တဲ့ပြဲမွာလည္း တစ္ဂိုးမွ သြင္းႏိုင္ျခင္းမရွိေပမယ့္ တကယ္ေတာ့ အဲဒီပြဲမွာ ၀ါနာဟာ အပိုင္အခြင့္အေရးတစ္ႀကိမ္ရခဲ့ပါေသးတယ္။

၁-၀ နဲ႔ဦးေဆာင္ေနတဲ့ ပထမပုိင္း ၄၂ မိနစ္အေရာက္မွာျဖစ္ၿပီး ပူလီဆစ္က ခင္းေပးလိုက္တာကို လြတ္လြတ္ကၽြတ္ကၽြတ္ျဖစ္ေနတဲ့ ၀ါနာက ဂိုးသမားနဲ႔တစ္ေယာက္ခ်င္းအပိုင္ကန္ခြင့္ရတာျဖစ္ေပမယ့္ အံ့ၾသစရာေကာင္းေလာက္ေအာင္ပဲ ဂိုးသမားတည့္တည့္ကိုသာ ကန္မိခဲ့တယ္။

ဒီလိုအသုံးမခ်ႏုိင္မႈေၾကာင့္လည္း အခုဆုိရင္ တိုက္စစ္မႈး၀ါနာဟာ ၉ ပြဲဆက္ဂိုးေပါက္ေပ်ာက္မႈနဲ႔ ႀကဳံေတြ႕ေနရပါတယ္။

သူဟာ ၿပီးခဲ့တဲ့ရာသီလစ္ပ္ဇစ္မွာတုန္းက ဘြန္ဒက္စ္လီဂါမွာ ၂၈ ဂုိးသြင္းယူႏိုင္ခဲ့ၿပီး ၿပိဳင္ပြဲအရပ္ရပ္မွာဆုိ ၃၄ ဂိုးရွိခဲ့ပါတယ္။

ဒီရာသီ ခ်ဲလ္ဆီးမွာေတာ့ ရာသီ၀က္နီးပါးေရာက္ရွိလာၿပီျဖစ္ေပမယ့္ ပရီးမီးယားလိဂ္မွာ ၄ ဂိုးသာရွိေသးၿပီး ၿပိဳင္ပြဲအရပ္ရပ္ဆုိ ၈ ဂိုးသာရွိပါေသးတယ္။

သူကိုယ္တိုင္ကလည္း ပရီးမီးယားလိဂ္နဲ႔ အသားက်ဖုိ႔ ရုန္းကန္ေနရဆဲျဖစ္ေၾကာင္း ၀က္စ္ဟမ္းနဲ႔ ပြဲမတိုင္ခင္မွာ ၀န္ခံေျပာၾကားထားပါတယ္။

ဒီလိုမ်ိဳး ဂိုးရဖို႔ရုန္းကန္ေနရေပမယ့္ ခ်ဲလ္ဆီးနည္းျပလမ္းပတ္ကေတာ့ ၀ါနာနဲ႔ပတ္သက္ၿပီး စုိးရိမ္မႈမရွိေၾကာင္း ၀က္္စ္ဟမ္နဲ႔ပဲြအၿပီးမွာ အခိုင္အမာေျပာၾကားခဲ့ပါတယ္။

၀ါနာဟာ တိုက္စစ္မွာ ေနရာစုံကစားႏိုင္သူျဖစ္ေပမယ့္ ခ်ဲလ္ဆီးမွာေတာ့ ဘယ္ေတာင္ပံေနရာမွာသာ ကစားေနရၿပီး အဲဒီအတြက္လည္း ဂိုးရနည္းေနတာလို႔ သုံးသပ္မႈေတြရွိေနၾကပါတယ္။