၀က်ဖို့ဒ်နဲ့ ကစားမယ့် FA ဖလားပွဲမှာ လူစာရင်းအပြောင်းအလဲတချို့ လုပ်ဖို့ရှိတဲ့ ယူနိုက်တက်

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားဟာ ဝက်ဖို့ဒ်နဲ့ကစားမယ့် FA ဖလား တတိယအဆင့်ပွဲမှာ ကစားသမားတချို့ အပြောင်းအလဲလုပ်ပြီး ပွဲထွက်လာဖို့ရှိနေပါတယ်။ ယူနိုက်တက်နဲ့ ဝက်ဖို့ဒ်အသင်းတို့ဟာ ဒီနေ့ည (မြန်မာစံတော်ချိန် တနင်္ဂနွေ မနက် ၂း၃၀)မှာ ယှဉ်ပြိုင်ကစားမှာဖြစ်ပြီး ဆိုးလ်ရှားက ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ပွဲထွက်လူစာရင်းမှာ အသုံးပြုမယ်လို့ အတည်ပြုထားပါတယ်။

ဆိုးလ်ရှားအနေနဲ့ ဗန်ဒီဘိခ်ကို No 10 Role နေရာမှာ အသုံးပြုသွားဖို့ ရှိနေပြီး သူနဲ့အတူ ဂရင်းဝုဒ်၊ မာတာ၊ ဒန်နီယဲလ်ဂျိမ်းစ်တို့ကို တိုက်စစ်အတွဲအဖက်မှာ ထုတ်သုံးသွားမယ့်အနေအထားပါပဲ။ ယူနိုက်တက်အသင်းရဲ့ နောက်ဆုံး (၉)ပွဲဆက်မှာ ပါဝင်ကစားခဲ့တဲ့ ဖာနန်ဒက်စ်နဲ့ နောက်ဆုံး (၁၉)ပွဲဆက် ကစားခဲ့ရတဲ့ အသင်းခေါင်းဆောင် မက်ဂွိုင်းယားတို့ကိုတော့ ဒီပွဲမှာ အနားပေးသွားဖို့ရှိပါတယ်။

ရှက်ဖီးယူနိုက်တက်က အငှားခေါ်ဖို့ စိတ်ဝင်စားနေတဲ့ ကွင်းလယ်လူ လင်ဂတ်ကလည်း ဒီပွဲမှာ ပါဝင်ကစားခွင့်ရဖို့ ရှိနေသလို အသင်းနဲ့ အငှားစာချုပ်ကုန်ဆုံးတော့မယ့် တိုက်စစ်မှူး အီဂါလိုဟာ ပွဲထွက်ခွင့် မရရင်တောင် လူစားဝင်ကစားခွင့်ရပြီး ယူနိုက်တက်အသင်းကို နှုတ်ဆက်ခွင့်ရမယ်လို့ ယူဆရမှာပါ။

ခံစစ်မှာတော့ ဒဏ်ရာက ပြန်လာပြီးနောက်ပိုင်း ခြေစွမ်းပြနေတဲ့ ဘာယီကို လူငယ်နောက်ခံလူ တွမ်ဇီဘီနဲ့ တွဲဖက်ကစားဖို့ ရှိနေပြီး ညာနောက်ခံလူနေရာမှာ ဘစ်ဆာကာကို အနားပေးမယ့်အနေအထားကြောင့် ဘရန်ဒန်ဝီလီယံစ်က အဲဒီနေရာမှာ ဝင်ကစားဖို့ရှိပါတယ်။

ဘယ်နောက်ခံလူနေရာမှာ တဲလက်စ်ရှိနေတာကြောင့် လုခ်ရှောကို အနားပေးမယ့်အနေအထားပါပဲ။ ဒီရာသီ ပြိုင်ပွဲစုံ အိမ်ကွင်းရလဒ်တွေ ဆိုးရွားနေတဲ့ ယူနိုက်တက်အသင်းဟာ အခု ဝက်ဖို့ဒ်နဲ့ကစားမယ့်

FA ဖလား အိမ်ကွင်းပွဲစဉ်မှာ နည်းပြဆိုးလ်ရှားက အဓိက ကစားသမားတချို့ကို အနားပေးသွားဖို့ ရှိတာကြောင့် ယူနိုက်တက်တို့ ရလဒ်ကောင်း ရယူပြီး နောက်တစ်ဆင့်တက်လှမ်းနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။

M Cash 24 အကြောင်းသိလိုပါက M Cash 24 ကို နှိပ်ပါ

Zawgyi

ယူႏိုက္တက္အသင္းနည္းျပ ဆိုးလ္ရွားဟာ ဝက္ဖို႔ဒ္နဲ႔ကစားမယ့္ FA ဖလား တတိယအဆင့္ပြဲမွာ ကစားသမားတခ်ိဳ႕ အေျပာင္းအလဲလုပ္ၿပီး ပြဲထြက္လာဖို႔ရွိေနပါတယ္။ ယူႏိုက္တက္နဲ႔ ဝက္ဖို႔ဒ္အသင္းတို႔ဟာ ဒီေန႔ည (ျမန္မာစံေတာ္ခ်ိန္ တနဂၤေႏြ မနက္ ၂း၃၀)မွာ ယွဥ္ၿပိဳင္ကစားမွာျဖစ္ၿပီး ဆိုးလ္ရွားက ပြဲထြက္ခြင့္ရဖို႔ ႐ုန္းကန္ေနရတဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ပြဲထြက္လူစာရင္းမွာ အသုံးျပဳမယ္လို႔ အတည္ျပဳထားပါတယ္။

ဆိုးလ္ရွားအေနနဲ႔ ဗန္ဒီဘိခ္ကို No 10 Role ေနရာမွာ အသုံးျပဳသြားဖို႔ ရွိေနၿပီး သူနဲ႔အတူ ဂရင္းဝုဒ္၊ မာတာ၊ ဒန္နီယဲလ္ဂ်ိမ္းစ္တို႔ကို တိုက္စစ္အတြဲအဖက္မွာ ထုတ္သုံးသြားမယ့္အေနအထားပါပဲ။ ယူႏိုက္တက္အသင္းရဲ႕ ေနာက္ဆုံး (၉)ပြဲဆက္မွာ ပါဝင္ကစားခဲ့တဲ့ ဖာနန္ဒက္စ္နဲ႔ ေနာက္ဆုံး (၁၉)ပြဲဆက္ ကစားခဲ့ရတဲ့ အသင္းေခါင္းေဆာင္ မက္ဂြိဳင္းယားတို႔ကိုေတာ့ ဒီပြဲမွာ အနားေပးသြားဖို႔ရွိပါတယ္။

ရွက္ဖီးယူႏိုက္တက္က အငွားေခၚဖို႔ စိတ္ဝင္စားေနတဲ့ ကြင္းလယ္လူ လင္ဂတ္ကလည္း ဒီပြဲမွာ ပါဝင္ကစားခြင့္ရဖို႔ ရွိေနသလို အသင္းနဲ႔ အငွားစာခ်ဳပ္ကုန္ဆုံးေတာ့မယ့္ တိုက္စစ္မႉး အီဂါလိုဟာ ပြဲထြက္ခြင့္ မရရင္ေတာင္ လူစားဝင္ကစားခြင့္ရၿပီး ယူႏိုက္တက္အသင္းကို ႏႈတ္ဆက္ခြင့္ရမယ္လို႔ ယူဆရမွာပါ။ ခံစစ္မွာေတာ့ ဒဏ္ရာက ျပန္လာၿပီးေနာက္ပိုင္း ေျခစြမ္းျပေနတဲ့ ဘာယီကို လူငယ္ေနာက္ခံလူ တြမ္ဇီဘီနဲ႔ တြဲဖက္ကစားဖို႔ ရွိေနၿပီး ညာေနာက္ခံလူေနရာမွာ ဘစ္ဆာကာကို အနားေပးမယ့္အေနအထားေၾကာင့္ ဘရန္ဒန္ဝီလီယံစ္က အဲဒီေနရာမွာ ဝင္ကစားဖို႔ရွိပါတယ္။ ဘယ္ေနာက္ခံလူေနရာမွာ တဲလက္စ္ရွိေနတာေၾကာင့္ လုခ္ေရွာကို အနားေပးမယ့္အေနအထားပါပဲ။

ဒီရာသီ ၿပိဳင္ပြဲစုံ အိမ္ကြင္းရလဒ္ေတြ ဆိုး႐ြားေနတဲ့ ယူႏိုက္တက္အသင္းဟာ အခု ဝက္ဖို႔ဒ္နဲ႔ကစားမယ့္ FA ဖလား အိမ္ကြင္းပြဲစဥ္မွာ နည္းျပဆိုးလ္ရွားက အဓိက ကစားသမားတခ်ိဳ႕ကို အနားေပးသြားဖို႔ ရွိတာေၾကာင့္ ယူႏိုက္တက္တို႔ ရလဒ္ေကာင္း ရယူၿပီး ေနာက္တစ္ဆင့္တက္လွမ္းႏိုင္မလားဆိုတာ ေစာင့္ၾကည့္ရမွာပဲျဖစ္ပါတယ္။